Car Catalog

134

၁၉၂၄ ခုနှစ်ကတည်းက မွေးဖွားခဲ့သော အင်္ဂလန်ကားအမှတ်တံဆိပ် Morris Garages ၏ Compact Crossover SUV အမျိုးအစား Stylish ကို ၂၀၁၈ ခုနှစ် တွင် စတင်ထုတ်လုပ်ခဲ့သည်။ လှပဆန်းသစ်သည့် ရုပ်ထွက်ဒီဇိုင်း၊ ကျယ်ဝန်းသပ်ရပ်ပြီး Stylish ဖြစ်သည့် အတွင်းခန်းအခင်းအကျင်း၊ ဆီစားသက်သာသည့် အင်ဂျင်စနစ်နှင့် အဆင့်မြင့် Safety ဆိုင်ရာနည်းပညာများကြောင့် အာရှကားဈေးကွက်တွင်သာမက UK ၊ Australia နှင့် Middle East နိုင်ငံများတွင်လည်း လူကြိုက်များနေသည်။ ထို့ပြင် တစ်နှစ်ထက်တစ်နှစ် ရောင်းအားမြင့်တက်နေသော ကားမိုဒယ်တစ်ခုဖြစ်ပြီး EURO NCAP 2019-5 Stars ဆုအပြင် Middle East Car Of The Year(Jury Award)နှင့် Best Sub-Compact Crossover Award ဆုများကိုလည်း ရရှိထားသည်။

MG HS ကို ဈေးနှုန်း ကျပ် ၆၀၂ သိန်း သတ်မှတ်ထားကာ MG Myanmar Showroom (Ph : 09 – 682 955 557, 09 – 682 955 558) နှင့် MG အရောင်းကိုယ်စားလှယ်များထံတွင်ဝယ်ယူနိုင်ပြီး အရောင်အနေဖြင့် Red, White, Black, Blue, Brown စသည့်အရောင်များ ရွေးချယ်နိုင်မည်ဖြစ်သည်။

228hp ရှိသော 2.0L NLE Gasoline အင်ဂျင်ကို Twin-Clutch Sportronic Transmission TST, 6 Speed Gear ဖြင့် တွဲဖက်ထားပြီး တစ် နာရီကို ကီလိုမီတာ ၂၁၀ အထိ မောင်းနှင်နိုင်မည်ဖြစ်သည်။ အင်ဂျင်စနစ်ကို Timing Chain? DVVT ၊ Direct Fuel Injection ၊ Alloy Engine Head & Block နှင့် Variable Volume Engine Oil Pump တို့ဖြင့် ဖွဲ့စည်းထားပြီး Nor-mal Driving Mode ၊ Super Sport Mode စသည့် Driving Mode များ ပြောင်းလဲမောင်းနှင် နိုင်သည်။

MG HS ၏ ကိုယ်ထည်ကို Advanced High Strength Steel ၇၀ ရာခိုင်နှုန်းဖြင့် တည်ဆောက် ထားပြီး အရွယ်အစားမှာ အလျား 4,574 mm (15ft) ၊ အနံ 1,876 mm (6.15ft) ၊ အမြင့် 1,685 mm(5.53ft) ၊ Wheel Base 2,720 mm(8.92ft) ဖြစ်သည်။ Suspension စနစ်တွင် အရှေ့ဘက်ကို Enhanced MacPherson Suspension ၊ အနောက်ဘက်ကို Multi-Link Suspension တပ်ဆင်ထားပြီး Brake စနစ်သည် Ventilated Disc Brake များ ဖြစ်သည်။

MG HS ဒိုင်ခွက်သည် 12.3 inches Super-Size ရှိသည့် Virtual Cluster ဖြစ်ပြီး Display Theme ကို လေးမျိုးပြောင်းလဲနိုင်သည်။ Integrated Vehicle Status များကို အဆင့်မြင့် Graphic Design ဖြင့် တိကျသေချာစွာ ဖော်ပြပေးမည်ဖြစ်သည်။

ခမ်းနားကြွားသည့် ဘောနတ်ဒီဇိုင်းသည် Stardust Grille Design ဖြစ်ပြီး MG Logo ကို ထင်ရှားစွာ တွေ့မြင်ရမည်ဖြစ်သည်။ LED ရှေ့မီးကြီး၊ နှင်းခွဲမီးများဖြင့် ပေါင်းစပ်ဒီဇိုင်းဆင်ထားကာ Chrome Line များဖြင့်လည်း လှပစွာဆင်ယင်ထားသည်။ စတိုင်လ်ကျလှပ သည့် ရှေ့မီးကြီးသည် LED Hazard DRL Type ဖြစ်ပြီး မီးကြီးနှင့် မီးသေးကိုးလုံးတို့ ပေါင်းစပ်ထားသည့် Combination Lamp ပုံစံ ဖြစ်ကာ LED Turning Signal လည်း ပါဝင်သည်။

နောက်ဖုံးသည် လက်ဖြင့်ဖွင့်စရာမလိုသည့် Electric Liftgate ဖြစ်သည်။ ကားနောက်ဖုံးပေါ်က လေပင့်အားထိန်းတောင်ပံ Shark Fin Antenna ကြောင့်လည်း လေစီးဆင်းမှုကောင်းမွန်စေပြီး ဒီဇိုင်းပုံစံကို ခံ့ညားစေသည်။ အနောက်ဘက်မီးသီးများသည် LED Tailight မီးသီး များဖြစ်ကာ Chromium Bumper တွင် အဝိုင်းပုံစံ အိပ်ဇောပေါက် တစ်ခုစီကို ဘယ်၊ ညာတစ်ဖက်တစ်ချက်တွင် ထည့်သွင်းထားသည်။

MG HS ၏ အထူးခြားဆုံး အချက်များတွင် Normal Driving Mode ထက် မြန်ဆန်စွာ မောင်းနှင်နိုင်သည့် Super Sport Mode စနစ်လည်းပါပြီး ယင်း ခလုတ်နှိပ်လိုက်ရုံဖြင့် Engine နှင့် Transmission ကို မောင်းသူစိတ်ကြိုက် ချက်ချင်းပြောင်းလဲ တုံ့ပြန်ပေး မည်ဖြစ်သည်။

Stylish ဖြစ်သည့် Dashboard ဒီဇိုင်းတွင် 10.1 inches Touch Screen ကို ထင်ရှားစွာတွေ့မြင်ရမည်ဖြစ်ပြီး ထို Infotainment Touch Screen တွင် Satellite Navigation ၊ Apple CarPlay ၊ Andriod Auto စသည့် Function များစွာ ပါရှိသည်။ Air Purifier Function ကို Touch Screen မှတစ်ဆင့် Control လုပ်နိုင်ပြီး Steering တွင် လည်း Control ခလုတ်များစွာ ပေါင်းစပ်ပေးထားသည်။ အတွင်းခန်း တွင် လှပသည့်အလင်းရောင်များ ဖန်တီးနိုင်သော Surrounded Ambient Light လည်း ပါဝင်သည်။

ထိုင်ခုံများသည် Luxury ဆန်ပြီး သက်သောင့်သက်သာ ပုံစံဖြင့် ခင်းကျင်းထားပါသည်။ အရှေ့ထိုင်ခုံများကို Auto Adjustable ပြုလုပ်နိုင်ပြီး ကမ္ဘာကျော် Germany Made ဖြစ်သည့် Premium Bader Leather Seat များ အသုံးပြုထားသည်။ Auto Unlocking During Collision ၊ Collapsible Steering Column ၊ Active Safety Headrest ISOFIX Car Seat Anchors ၊ Pretension Seatbelts စသည့် စနစ်များလည်း ပေါင်းစပ်ထည့် သွင်းထားကာ အထူးလုံခြုံစိတ်ချရသည့် Anti-Submarine Seat Type များ ဖြစ်ပါသည်။

Airbag ခြောက်လုံးပါဝင်ပြီး Dual Airbags ၊ Curtain Airbags ၊ SIPS Airbags တစ်စုံစီကို ကားအရှေ့ဘက်တွင် ထည့်သွင်းထားသည်။ အခြား Safety System များအနေဖြင့် Blind Spot Detection System ၊ Rear Cross Traffic Alarm System ၊ Cruise Control ၊ Active Rollover Protection System ၊ Vehicle Dynamic Control အစရှိသည့် Electronic Driving Assists System များစွာ ပါဝင်သည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here