Cadillac အမှတ်တံဆိပ် ပထမဦးဆုံး Mild Hybrid  မိုဒယ်သစ် တရုတ်တွင် စတင်ရောင်းချ

440

၎င်းထုတ်ကုန်ကားများ၏ လောင်စာချွေတာမှု တိုးတက်ရန်အတွက် General Motors က Cadillac အမှတ်တံဆိပ် ပထမဦးဆုံး Mid Hybrid (လျှပ်စစ်စွမ်းအင် သက်သက်ဖြင့် မောင်းနှင်ခြင်း မပြုနိုင်သော) အမျိုးအစား ထိပ်တန်းကား မိုဒယ်သစ် XT5 Crossover ကို တရုတ်နိုင်ငံတွင် ရောင်းချနေပြီဖြစ်ကြောင်း သြဂုတ် ၂၉ ရက်တွင် Automotive News China ကား သတင်းဝက်ဘ်ဆိုက်က ရေးသားဖော်ပြခဲ့သည်။

 

တရုတ်စျေးကွက်တွင် ပထမဦးဆုံး Mid Hybrid အမျိုးအစားအဖြစ် ရောင်းချမည့် ကားသစ်၏ အနိမ့်ဆုံးစျေးနှုန်းမှာ ပုံမှန်လောင် စာသုံးကား စျေးနှုန်းနှင့် တူညီသည့် ၅၃၉,၉ဝဝ ယွမ် (ဒေါ်လာ ၈၁,၈ဝဝ) ဖြစ်သည်။ ယင်းကားသစ် တွင် ၂ ဒသမ ၈ လီတာ တာဘို ဓာတ်ဆီအင်ဂျင်၊ လျှပ်စစ်မိုတာ နှင့် Auto ဂီယာ ကိုးချက်သုံးစနစ် တို့ကို တပ်ဆင်ထားသည်။ ကား အရှိန် မြင့်တင်လိုက်သည့်အချိန်တွင် ဓာတ်ဆီအင်ဂျင်ကို ထပ်ဆောင်း အားဖြည့်ပေးသည့် လျှပ်စစ်မိုတာမှာ ဘရိတ်နင်းချိန်တွင် ပြန်လည် အားသွင်းပေးထားသည့် လျှပ်စစ် စွမ်းအင်ဖြင့် လည်ပတ်ခြင်းဖြစ်သည်။

 

XT5 တွင် ကားရပ်တန့်လိုက် သည်နှင့် အင်ဂျင်အလိုအလျောက် ပိတ်ပေးသည့် Stop-start စနစ်ကိုလည်း ထည့်သွင်းအသုံးပြုထား သည်။ XT5 Hybrid ကားသစ် သည် ကီလိုမီတာ တစ်ရာခရီးကို ဓာတ်ဆီ ၇ ဒသမ ၉ လီတာ သုံးစွဲရပြီး ဆီစားနှုန်း တစ်ဂါလန်မိုင်သုံး ဆယ်နှုန်းနှင့် ညီမျှ၍ ပုံမှန်ဓာတ် ဆီလောင်စာသုံး XT5 ကားမှာမူ ကီလိုမီတာ တစ်ရာခရီးကို ဓာတ်ဆီ ၈ ဒသမ ၇ လီတာသုံးစွဲရကာ ဆီစားနှုန်း တစ်ဂါလန် ၂၇ မိုင် နှုန်းနှင့် ညီမျှကြောင်း General Motor က ဆိုသည်။

 

General Motors သည် ၂ဝ၁၆ ခုနှစ်တွင် သမားရိုးကျ လောင်စာအင်ဂျင်တပ် XT5 ကား အမျိုးအစားကို တရုတ်နိုင်ငံ၌ စတင်ထုတ်လုပ် ရောင်းချခဲ့ပြီး ယနေ့အချိန်ထိ အစီးရေ ၆၃,ဝဝဝ ကျော် ရောင်းချနိုင်ခဲ့ကြောင်း သိရ သည်။

Ref: Automotive News China

LEAVE A REPLY

Please enter your comment!
Please enter your name here