Bus Terminal Project  စတင်ရန်  တိုင်းဒေသကြီးအစိုးရ၏ခွင့်ပြုချက် စောင့်ဆိုင်းနေ

806

ရန်ကုန်၊ မတ်

YBPC  ပိုင်ဆိုင်သည့် မြေနေရာတွင် Bus Terminal Project လုပ်ဆောင်ရန် တရုတ်ကုမ္ပဏီတစ်ခု ရွေးချယ်ထားပြီး လုပ်ငန်းများ စတင်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေကြောင်း YBPC မှ သိရသည်။

စျေးဝယ်စင်တာ၊ ဟိုတယ်နှင့် Commercial Complex များ ပါဝင်သည့် Bus Terminal Project တည်ဆောက်ရန်အတွက် တင်ဒါခေါ်ယူခဲ့ပြီးဖြစ်ရာ တရုတ်ကုမ္ပဏီတစ်ခုရွေးချယ်ခဲ့ပြီး အမေရိကန်ဒေါ်လာသန်းတစ်ရာဖြင့် လုပ်ငန်းစတင်မည်ဖြစ်ကြောင်းသိရသည်။ Bus Terminal ကို ထောက်ကြန့်မြို့တွင်ရှိသော YBPC  ပိုင် မြေနေရာ၌ တည်ဆောက်မည်ဖြစ်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း YBPC မှ သိရသည်။

”YBPC ရဲ့ လက်ရှိပိုင်ဆိုင်မှုက ဒေါ်လာ သန်းငါးဆယ်ပဲရှိတယ်၊ Bus Terminal Project ကို ရင်းနှီးရမှာက အရမ်းများတယ်၊ တင်ဒါခေါ်ယူမှုစနစ်နဲ့ တရုတ်ကုမ္ပဏီတစ်ခု ရွေးချယ်ထားပါတယ်၊ တရုတ်ကုမ္ပဏီက အမေရိကန်ဒေါ်လာသန်းတစ်ရာနဲ့ စတင်မယ်လို့ အဆိုပြုထားတယ်၊ နိုင်ငံတကာအဆင့်မီ တည်ဆောက်မှာဖြစ်ပါတယ်၊ Commercial Complex တွေပါမယ်၊ ဟိုတယ်နဲ့ စျေးဝယ်စင်တာတွေလည်း ပါတယ်၊ ဒီဇိုင်းရေးဆွဲထားပြီး လုပ်ငန်းစတင်ဖို့ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက် စောင့်ဆိုင်းနေပါတယ်”ဟု YBPC မှ ဒါရိုက်တာအဖွဲ့ ဥက္ကြ ဒေါက်တာမောင်အောင်က ပြောသည်။

လက်ရှိတွင် YBPC ကုမ္ပဏီ သည် YBS ယာဉ်လိုင်းအတွင်း ယာဉ်လိုင်း ၁ဝ ခု၊ ဘတ်စ်အစီးရေ ခြောက်ရာကျော်ဖြင့် ပြေးဆွဲနေသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး ယာဉ်အသစ်အစီးတစ်ရာကျော် ထပ်မံဝယ်ယူရန်လည်း စီစဉ်နေကြောင်း သိရသည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here