ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှဝယ်ယူထားသည့် ဘတ်စ်အသစ် အစီး၃၅၀ ပြည်သူ့ရင်ပြင်သို့ရောက်ရှိ

935

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ နှစ်နိုင်ငံအစိုးရချင်းချိတ်ဆက်ဝယ်ယူထားသည့် တရုတ်နိုင်ငံထုတ် ဘတ်စ်အသစ်အစီး ၃၅၀ သည် ဇွန် ၆ရက် ညပိုင်း ၁၀း၃၀ တွင် သီလဝါအပြည်ပြည်ဆိုင်ရာ စက်မှုဆိပ်ကမ်းမှတဆင့် ရွှေတိဂုံဘုရားအနောက်ဘက်မုဒ်အနီးရှိ ပြည်သူ့ရင်ပြင်သို့ ရောက်ရှိလာသည်။ ထိုဘတ်စ်တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၅၆၀၀၀တန်ဖိုးရှိပြီး ပြီးခဲ့သည့် မေလအတွင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က သဘောတူလက်မှတ်ရေးထိုး ဝယ်ယူခဲ့ခြင်းဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here