Brexit  ကြောင့် မရေရာမှုများရှိနေသော်လည်း နာမည်ကျော်လန်ဒန် Black Cab အငှားယာဉ်များ ပြည်ပတင်ပို့မှု တိုးတက်ရန် မျှော်လင့်

588

ဥရောပသမဂ္ဂမှ ဗြိတိန်ခွဲထွက်မည့် Brexit ကိစ္စ ညိနှိုင်းဆွေးနွေးမှုများက ၂ဝ၂ဝ ပြည့်နှစ်မတိုင်ခင် အဂင်္လန်နိုင်ငံထုတ် နာမည်ကျော် Black Cab အငှားယာဉ် ၅ဝ ရာ ခိုင်နှုန်း ပြည်ပသို့ တင်ပို့ရောင်းချရေး အစီအစဉ်ကို ထိခိုက်စေမည် မဟုတ်ဟု တရုတ် Geely Group က ပိုင်ဆိုင်သည့် လန်ဒန်လျှပ်စစ် ကားကုမ္ပဏီ(LEVC) က မျှော်လင့်ကြောင်း Automotive News Europe ကားသတင်း ဝက်ဘ်ဆိုက် က ရေးသားဖော်ပြခဲ့သည်။

 

LEVC ၏ အမှုဆောင်အရာရှိချုပ် Chris Gubbey က Reuters သတင်းဌာနကို ယင်းသို့ ပြော ကြားခဲ့ခြင်းဖြစ်ပြီး LEVC သည် ဗြိတိန် နှင့် ပြည်ပစျေးကွက်များအတွက် လျှပ်စစ်စွမ်းအင်သုံး Black Cab အငှားယာဉ် အစီးရေ တစ်သောင်း ခန့် ထုတ်လုပ်နိုင်ရန် မတ်လက အဂင်္လန်အလယ်ပိုင်း၌ စက်ရုံသစ် တစ်ရုံ ဖွင့်လှစ်ခဲ့သည်။

 

”ထပ်တိုးခွန်တွေ မပါဘဲ လက်ရှိအခြေအနေကို ထိန်းသိမ်းထားနိုင်မယ့် လမ်းကြောင်းဆီ ဦးတည်ပြီး Brexit ဆွေးနွေးမှုတွေ ဖြစ်ထွန်းတိုးတက်တာကို ကျွန်တော်တို့ အလွန်အမင်း မြင်တွေ့ချင်ပါ တယ်” ဟု Gubbey က ပြောသည်။ LEVC အနေဖြင့် အခြား စျေးကွက်များမှ မော်တော်ယာဉ် အစိတ်အပိုင်းများကို ၎င်းတို့၏ ယူကေစက်ရုံသို့ တင်သွင်းနိုင်ရန် လွတ်လပ်စွာ ကုန်သွယ်မှုကို အားကိုးအားထား ပြုနေရသည်။ Gubbey က Black Cab အတွက် ယူကေ၊ အခြားဥရောပနိုင်ငံများနှင့် အာရှနိုင်ငံများမှ မော်တော်ယာဉ် အစိတ်အပိုင်းများ ရရှိပြီး Volvo အပါအဝင် အခြားသော Geely Group မော်တော်ယာဉ်များမှ ရယူသုံးစွဲမည်ဟု ပြောကြားသည်။ လျှပ်စစ်မိုတာများကို ဂျာမန်အင်ဂျင်နီယာကုမ္ပဏီ Siemens က ပံ့ပိုးပေးသွားမည်ဖြစ်ပြီး ဘက်ထရီများကို LG Chem မှ ပံ့ပိုးပေးသွားမည် ဖြစ်သည်။

 

လန်ဒန်မြို့တွင် လာမည့်၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီလမှစတင်၍ အငှားယာဉ်သစ်အားလုံးသည် မြို့တော်ဝန်က ချမှတ်ပြဌာန်းလိုက်သည့် စည်းမျဉ်းများနှင့်အညီ ညစ်ညမ်း ဓာတ်ငွေ့ထုတ်လွှတ်မှု သုညအဆင့်ဖြစ်သည့် ဒီဇယ်စွမ်းအင်သုံးမဟုတ်သော လျှပ်စစ်စွမ်းအင်အပြည့်အဝသုံး၊ သို့မဟုတ် Plug-in Hybrid ကားများ ဖြစ်ရမည်ဟု သိရသည်။

Ref: Automotive News Europe

LEAVE A REPLY

Please enter your comment!
Please enter your name here