Brand New ကားသစ်များ ထပ်မံဝင်ရောက်လာခြင်းနှင့်အတူ ကားသစ်စျေးကွက် ဆက်လက်အားကောင်းနေဆဲ ဒီဇင်ဘာလဆန်းကားစျေးကွက်

823

လာမည့်နှစ်တွင် တင်သွင်းခွင့်ပြုမည့် မိုဒယ်သတ်မှတ်ချက်များမှာ ထူးထူး ခြားခြား ပြောင်းလဲသွားခြင်းမရှိသောကြောင့် ကားသစ်စျေးကွက်မှာ ပိုမို အားကောင်းလာဖွယ် ရှိနေသည်။ ၂ဝ၂ဝ ခုနှစ်အတွင်း SKD စနစ်ဖြင့် China Brand ထဲမှ BAIC ၊ Haval ၊ Dongfeng ၊ GMC တို့ ဝင်ရောက်လာဖွယ်ရှိသလို Japan Brand ဖြစ်သည့် Toyota လည်း ဝင်ရောက်လာတော့မည် ဖြစ်သည်။ လက်ရှိ SKD စနစ်ဖြင့် ကားတပ် ဆင်ထုတ်လုပ်နေသည့် Nissan ၊ Suzuki တို့သည်လည်း ကားအမျိုး အစားသစ်များကို မိတ်ဆက်ရန် စီစဉ်နေကြောင်း သိရသည်။ CBU ဖြင့် Europe Brand များထဲမှ Audi အပါအဝင် အခြား Brand များလည်း ဝင်လာမည် ဖြစ်သည်။ တိုင်းပြည်၏ စီးပွားရေးအနေအထားအရ Brand များကလည်း လူလတ်တန်းစားများ စီးနိုင်သည့်ကားများကို ဦးစားပေး ပြီး SKD စနစ်ဖြင့် ထုတ်လုပ်ကြသည့်အတွက် ကားသစ်စျေးကွက် တဖြည်းဖြည်း အားကောင်းလာခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဘဏ်အရစ်ကျစနစ် ကောင်းမွန်လာခြင်းကြောင့် ပုံမှန်ဝင်ငွေရရှိသည့် သာမန်လူတန်းစားများက ကားသစ်ကို ပိုမိုရွေးချယ်လာ၍ CBU ဖြင့် တင်သွင်းသော Brand ကားများထက် SKD ကားများမှာ ကားသစ် စျေးကွက်၌ စျေးကွက်ဝေစု ပိုမိုရရှိလာသည်။ စျေးကွက်အကြိုက် ညာ မောင်းကားများမှာမူ ကျပ်သိန်းနှစ်ရာအောက်တွင်ရှိသော ၁၃ဝဝ စီစီ ကားများနှင့် ၆၆ဝ စီစီ လုပ်ငန်းသုံးကားလေးများသာ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်ကာ ကျန်ကားများမှာမူ အဝယ်အေးနေသည်။

”စျေးကွက်အကြိုက် ညာမောင်းကားတွေထဲမှာတော့ ကျပ်သိန်း နှစ်ရာအောက်မှာရှိတဲ့ Honda Fit ၊ Toyota Vitz ၊ Toyota Belta ၊ Toyota Probox ကားတွေက ပုံမှန်အတိုင်း အရောင်းအဝယ် ဖြစ်ပါ တယ်၊ ကျပ်သိန်း သုံးရာ အထက်ကစပြီး အမြင့်ကားတွေကတော့ အရောင်းအဝယ် အေးနေပါတယ်၊ ၂ဝ၁၈ ခုနှစ်ကစပြီး ညာမောင်းကား တင်သွင်းခွင့် ပိတ်လိုက်ပြီးနောက်ပိုင်းမှာ CBU နဲ့ Car Brand အသစ် တွေ ဝင်လာသလို SKD စနစ်နဲ့လည်း ကားအသစ်တွေ စျေးကွက်ထဲ ဝင်လာပါတယ်၊ အဝယ်အများစုက ကနဦးငွေ နည်းနည်းနဲ့ ကားသစ် စီးလို့ရတဲ့ SKD ကားတွေကို ပိုပြီး ရွေးချယ်ကြတဲ့အတွက် ကားသစ် စျေးကွက်ထဲမှာ SKD ကားတွေက စျေးကွက်ဝယ်စု ပိုမိုရရှိနေတာ ဖြစ်ပါတယ်၊ မူဝါဒအသစ်ကလည်း ထူးထူးခြားခြား ပြောင်းလဲသွားတာ မရှိလို့ ညာမောင်းကားတွေရဲ့ စျေးက တည်ငြိမ်နေပါတယ်၊ ငွေပေါ်ချင်တဲ့သူ တချို့က စျေးချရောင်းတာရှိပေမဲ့ တော်တော်များများကတော့ အသစ် တင်သွင်းရောင်းချဖို့ မလွယ်ကူတဲ့အတွက် ထိန်းရောင်းကြတာ တွေ့ရပါ တယ်”ဟု Shwe Sar Yay trading Co.,Ltd မှ ဒါရိုက်တာ ကို အေးနိုင်က ဆိုသည်။

ကားသစ်စျေးကွက် တဖြည်းဖြည်း အားကောင်းလာသည်ဆိုသော် လည်း ညာမောင်းကားများ၏ စျေးကွက်မှာ သူ့ပရိသတ်နှင့်သူ ရှိနေသော ကြောင့် အမြင့်ကားအချို့သာ အရောင်းအဝယ်အေးနေသည်။ စျေးကွက် ထဲတွင် Toyota Vitz ၂ဝ၁၁ မိုဒယ်ကို ကျပ်သိန်း ၁၈ဝ ဝန်းကျင်၊ Toyota Probox ၂ဝဝ၇၊ ၂ဝဝ၈ မိုဒယ်ကို ကျပ်သိန်း ၁၉ဝ ဝန်းကျင်၊ Honda Fit ၂ဝဝ၈ မိုဒယ်(မှန်မည်း)ကို ကျပ်သိန်း နှစ်ရာ ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်သည်။ Toyota Crown ၂ဝဝ၄ မိုဒယ်ကို ကျပ်သိန်း လေးရာဝန်းကျင်၊ Honda CR-V ၂ဝဝ၆ မိုဒယ်ကို ကျပ်သိန်း ၄၂ဝ ဝန်းကျင်၊ Toyota Kluger ၂ဝဝ၆ မိုဒယ်ကို ကျပ်သိန်း ငါးရာဝန်းကျင်၊ Toyota Alphard ၂ဝဝ၄ မိုဒယ်ကို ကျပ်သိန်း ၄၅ဝ ဝန်းကျင်နှင့် Toyota Vanguard ၂ဝ၁ဝ မိုဒယ်ကို ကျပ်သိန်း ၆၄ဝ ဝန်းကျင်ရှိသည့် အမြင့် ကားများမှာ တစ်လလျှင် တစ်စီးစ နှစ်စီးစသာ အရောင်းအဝယ်ဖြစ် ကြောင်း သိရသည်။

”ဒီရက်ပိုင်း အဝယ်နည်းနည်း ပြန်ဆင်းတယ်ဆိုပေမဲ့ ထင်သ လောက် မရောင်းရတဲ့အတွက် ဂျပန်ညာမောင်းကားတွေက အဝယ် အေးတယ်လို့ ဆိုရပါမယ်၊ အရင်လို ညာမောင်းပဲ ကြိုက်တယ်ဆိုတဲ့ ပုံစံ မျိုးမရှိတော့ဘဲ ညာမောင်း ပရိသတ်၊ Brand New ပရိသတ်ဆိုပြီး နှစ် မျိုး ဖြစ်သွားပါတယ်၊ ပြင်ဆင်စရိတ်သက်သာပြီး အပိုပစ္စည်း အလွယ် တကူ ရချင်တဲ့သူကတော့ ပြန်ရောင်းရင်လည်း အရံှုးသက်သာတဲ့ ညာ မောင်းတွေကို ရွေးချယ်ဝယ်ယူကြပါတယ်၊ Down Payment နည်းနည်း သွင်းပြီး အရစ်ကျစနစ်နဲ့ ဝယ်ချင်တဲ့သူကျတော့လည်း အဟောင်းထက် စာရင် အသစ်ကို ရွေးချယ်လာကြတယ်၊ လက်ရှိစျေးကွက်ထဲမှာက ကျပ် သိန်း သုံးရာ ဝန်းကျင်မှာ ကားသစ်တွေ တော်တော်များများ ဝင်လာတဲ့ အတွက် သိန်းသုံးရာ အထက်ဆိုရင် အသစ်ဘက်ကို စိတ်ဝင်စားမှု ပိုများ လာတာ တွေ့ရပါတယ်၊ ဒါကြောင့် ဒီအချိန်မှာ အသစ်တွေက အရောင်း အဝယ်ပိုကောင်းလာတာ ဖြစ်ပါတယ်”ဟု Shwe Nay La Win Co., Ltd မှ မန်နေဂျင်းဒါရိုက်တာ ကိုကြည်ဆွေက ပြောသည်။

လာမည့်နှစ်၏ မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ မိုဒယ်သတ်မှတ် ချက်တွင် ၂ဝ၁၇ ခုနှစ်အထက် ဘယ်မောင်းကားများသာ တင်သွင်းခွင့် ရမည်ဖြစ်၍ ကားသစ်စျေးကွက် ပိုမိုအားကောင်းလာဖွယ်ရှိပြီး မြညေိ အသစ်များလည်း ထပ်မံဝင်ရောက်လာတော့မည် ဖြစ်သည်။ စျေးကွက် အကြိုက် ဂျပန်ညာမောင်းကားများ အရောင်းအဝယ်အေးသွားခြင်းနှင့် အတူ ဖောက်စွပ်/ဖြတ်ဆက်ကားများကို အစားထိုးယာဉ်တင်သွင်းခွင့် ပေးထားသောကြောင့် စလစ်စျေးများလည်း သိသိသာသာ ပြန်လည် ကျဆင်းသွားသည်။ နှစ်နှစ်ဆယ် အမည်ပေါက်စလစ်တစ်စောင်သည် ကျပ် ၁၁၅ သိန်းဝန်းကျင်သာရှိကြောင်း သိရသည်။

”ဒီရက်ပိုင်း ယာဉ်ရောင်းဝယ်ရေးစခန်းတွေမှာ အရောင်းအဝယ်တွေက ကောင်းလိုက်၊ မကောင်းလိုက် ဖြစ်နေပါတယ်၊ ရောင်းရတဲ့နေ့တွေ ဆိုရင် တော်တော်လေးရောင်းရပြီး မရောင်းရတဲ့နေ့တွေဆိုရင် အဝယ် မလာတဲ့အပြင် ဖုန်းဆက်မေးတဲ့သူတောင် မရှိပါဘူး၊ လာမယ့်နှစ်ဆိုရင် ညာမောင်းကားတွေလည်း အမည်ပေါက်ရောင်းရမှာဖြစ်လို့ ဝယ်/ရောင်း သမားတွေကတော့ ပြန်ကောက်ရင် အမည်ပြောင်းဖို့အတွက် ချန်ပြီး ကောက်လာကြပါတယ်၊ လက်ထဲရှိတဲ့ကားတွေကို ထိန်းရောင်းကြတာ ရှိပေမဲ့ တချို့ကျတော့ ငွေပေါ်ချင်တဲ့အတွက် အမြတ်နည်းနည်းရတာနဲ့ ထုတ်ရောင်းကြပါတယ်၊ စလစ်စျေးတွေကတော့ ဖောက်စွပ်စလစ်တွေ ထွက်လာတဲ့အတွက် ပြန်ကျသွားတာ တွေ့ရပါတယ်”ဟု ကားဝယ်/ရောင်း ကိုသီဟက ဆုိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here