Borgward ကားလေး မျိုးကို Monsoon Mega Promotion အစီအစဉ်ဖြင့် ရောင်းချမည်

127

 

ရန်ကုန်၊ ဇွန် ၂၉
Go Excellent Myanmar မှ SUV ကားအမျိုးအစားများ ဖြစ်သည့် Borgward BX5 ၊ BX7 ၊ BX7(100 Years) ၊ BX7 TS တို့ကို ဇူလိုင်လအတွင်းဝယ်ယူပါက Monsoon Mega Promotion အစီအစဉ် ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

“ဇူလိုင်လထဲမှာ Borgward ကားတွေ ဝယ်ယူမယ်ဆိုရင် ၁ဝ ရာခိုင်နှုန်း Down Payment နဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်၊ ဒါ့ပြင် BX5 ကို အရစ်ကျဝယ်ယူတဲ့သူတွေအတွက် အတိုး၊ အရင်း သုံးလစာကို ကုမ္ပဏီ ဘက်က ပေးချေပေးမှာဖြစ်ပြီး BX7 ၊ BX7(100 Years) နဲ့ BX7 TS တို့ အတွက် အတိုးအရင်းနှစ်လစာကို ကုမ္ပဏီဘက်က ပေးချေပေးမှာ ဖြစ်ပါတယ်၊ နောက်ပြီး သုံးနှစ်၊ သို့မဟုတ် ကီလိုမီတာတစ်သိန်း အာမခံနဲ့အတူ Free Bank Sale Commision and Po Commision ခံစားခွင့်လည်း ရရှိမှာဖြစ်ပါတယ်’’ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

Borgward BX5 သည် 1.4 Turbo Charged Direct Injection Engine ၊ Aisin 6-Speed Tiptronic Transmission အသုံး ပြုထားသော SUV ကားအမျိုးအစား ဖြစ်သည်။ Borgward BX7 ၊ BX7(100 Years) ၊ BX7 TS တို့သည် 2.0 TGDI 6-Speed Auto-matic Transmission အသုံးပြုထားသော SUV ကားအမျိုးအစား ဖြစ်သည်။ Go Excellent Myanmar မှ Borgward BX5 ကို ကျပ် ၅၂၈ သိန်း + ဝင်ငွေခွန်၊BX7 ကို ကျပ် ၆၉၈ သိန်း + ဝင်ငွေခွန်၊ BX7(100 Years)ကို ကျပ် ၆၆၈ သိန်း + ဝင်ငွေခွန်၊ BX7 TS ကို ကျပ်သိန်းရှစ်ရာ(All Includes) ဖြင့် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
ဆန်းသစ်ေအာင်

LEAVE A REPLY

Please enter your comment!
Please enter your name here