BMW F800GS နှင့် F850GS အကြောင်း သိကောင်းစရာများ အပိုင်း (၂)

922

Adventure ချစ်သူတွေအနေနဲ့ Used F800GS တစ်စီး ၀ယ်ယူတော့မယ်ဆိုရင် အထူးသတိထားရမယ့်အချက်တွေကို ဖော်ပြလိုက်ပါတယ်။

 

အားသာချက်နှင့် နာမည်ကြီးရခြင်း အကြောင်းရင်းများ

အထက်မှာ ဖော်ပြခဲ့သလိုပဲ Crankshaft မှာ  Third Connecting Rod တစ်ချောင်းတပ်ထားတာကြောင့် အင်ဂျင်က အောက်ခြမ်းလေးသွားပါတယ်။ပြီးတော့ ဆီတိုင်ကီကို ဖင်ထိုင်ခုံရဲ့အောက်မှာ တပ်ဆင်ထားတာကြောင့်လည်း ဆိုင်ကယ်က အောက်ခြမ်းတွေမှာ အလေးချိန်စုသွားပါတယ်။ အဲဒါကြောင့် Centre of Gravity နိမ့်သွားပြီး မှောက်ဖို့/လဲဖို့ အခွင့်အရေး နည်းပါးသွားပါတယ်။ ထိုင်ခုံအောက်က ဆီတိုင်ကီက ၁၆ လီတာဆံ့ပြီး တစ်ခါဖြည့်ထားရင် မိုင် ၁၉၀ နှုန်းအထိ မောင်းနှင်နိုင်ပါတယ်။ ဆီစားနှုန်းကတော့ ပျမ်းမျှအနေနဲ့ တစ်ဂါလန် ၄၁ မိုင်နှုန်းပဲ ဖြစ်ပါတယ်။ ပုံမှန်ဆီတိုင်ကီနေရာမှာ Air Cleaner/Filter တပ်ဆင်ထားပြီး ဘယ်ညာနှစ်ဖက်မှာ လေအ၀င်လိုဏ်ခေါင်းပေါက်လေးတွေရှိပါတယ်။ Air Box က အပေါ်ရောက်နေတာကြောင့် ဖုန်တွေ/သဲတွေ၀င်ဖို့၊ ကြေး(ဂျီး)တွေကပ်ဖို့ အခွင့်အလမ်းနည်းပါးသွားပြီး Cylinder တွေရဲ့ လိုအပ်တဲ့ လေပမာဏကို အလွယ်တကူရရှိစေပါတယ်။ ဖုန်ထူတဲ့လမ်းကြမ်းတွေပေါ်မှာ နာရီပေါင်းများစွာကြာအောင် မောင်းနှင်ပေမဲ့လည်း Air Filter ပိတ်တာမျိုးတွေ မဖြစ်နိုင်တော့ပါဘူး။ (Honda ရဲ့ Africa Twin XRV750 တွေရဲ့ နာမည်ကြီးရခြင်း အကြောင်းရင်းတစ်ချက်ကလည်း အဲဒီလို Air Box ကို ဆီတိုင်ကီနေရာမှာ တပ်ဆင်ထားတာလည်း ပါပါတယ်)။ ပုံမှန်ဆီတိုင်ကီနေရာကို ထုထည်ကြီးကြီးနဲ့ ကားကားကြီး မဖြစ်စေတော့တဲ့အတွက် ရုပ်ထွက်လည်း အင်မတန်လှပလာစေပါတယ်။

Performance တွေအနေနဲ့ 85 HP@7500 RPM နဲ့ 83 Nm@5750 RPM တွေ ရှိကြပါတယ်။ 85 HP နဲ့ 83 Nm Torque အား ညီမျှနေတာကို တွေ့ရမှာပါ။ အမြင့်ဆုံး Torque အား ဖြစ်တဲ့ 83 Nm ကို RPM 5750 လေးမှာပဲ ထုတ်ပေးနိုင်တာကြောင့် Mid Range ပါ၀ါ ကောင်းလွန်းတယ်လို့ ပြောနိုင်ပါတယ်။ ဆိုလိုတာကတော့ လီဗာ သိပ်ဆွဲစရာမလိုဘဲ ၀န်ကို ရုန်းနိုင်တာပါ။ ဥပမာ တောင်ကုန်းတစ်ခုကို တက်နေတယ် ဆိုပါစို့၊ ဂီယာအကြီး ၂၊ ဒါမှမဟုတ် ၃ နဲ့ လီဗာကိုလည်း RPM 3000 ၊ 4000 လောက် ဆွဲရုံနဲ့ အသာအယာလေးရုန်းပြီး တက်သွားနိုင်တာ ကို ဆိုလိုတာပါ။ အမြန်နှုန်းတွေအနေနဲ့  Quarter Mile ကို 12.15 Sec ၊ 0 to 60 mph ကို 3.9 Sec နဲ့ အရောက် မောင်းနိုင်ပါတယ်။ အမြင့်ဆုံး အမြန်နှုန်းအဖြစ် 220 km/h အထိ မောင်းနိုင်ပါတယ်။

Suspension တွေအနေနဲ့ Marzocchi (အီတလီတံဆိပ်) 43mm Inverted Fork ကို  Travel ၉ ဒသမ ၁ လက်မနဲ့ တပ်ဆင်ပေးထားပါတယ်။ အနောက် Shcok ကိုတော့  Double Sided Aluminium Swingarm  နဲ့ ရှစ်လက်မခွဲ Travel အထိ ကစားနိုင်တာ တွေ့ရပါတယ်။ ရှေ့/နောက် Suspension တွေကို Manually ချိန်ညှိလို့ရပါတယ်။ ခွေအရွယ်တွေက တော့ ရှေ့ ၂၁ လက်မနဲ့ နောက် ၁၇ လက်မတွေပဲ ဖြစ်ကြပါတယ်။ တာယာအရွယ်ကတော့ 90/90-21 နဲ့ 150/70-17 တွေဖြစ်ကြပြီး Tube တပ်ဆင်ရတဲ့တာယာတွေပါ။ ရှေ့ ၂၁ လက်မခွေနဲ့ Suspension Travel တွေလည်း များတယ်၊ Ground Clearance လည်း ၁၁ လက်မ အထိရှိတယ်၊ ဆီအပြည့် ဖြည့်ထားရင်တောင် Wet Weight 456 ပေါင်ပဲ လေးလံတာကြောင့် Off-Road ကို အလွယ်တကူ မောင်းနှင်နိုင်စေပါတယ်။ နောက်တစ်ချက်က ဖရိမ်ဒီဇိုင်းပါ။ Tubular Steel ဖရိမ်ဖြစ်ပြီး ရှေ့ အောက်ပိုင်းအခြမ်း မပါပါဘူး။ အင်ဂျင်ကို ဖရိမ်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်နဲ့ တွဲလောင်းချပြီး တပ်ဆင်ထားတဲ့ပုံစံပါ။ ဖရိမ်ရဲ့ပုံစံအရ အလေးချိန် အများကြီး လျော့ကျစေပါတယ်။ Dirt Bike တစ်စီးလို ခုန်ပျံနိုင်လောက်အောင် ခိုင်ခံ့မှုမရှိပေမဲ့ Adventure Bike တစ်စီးအတွက်တော့ လုံလောက်မှု ရှိပါတယ်။ ခုံးမောက်မှုမရှိတဲ့ ဆီတိုင်ကီ နေရာ၊ Ground Clearance လုံလုံလောက်လောက်၊ Suspension Travel များများ ရှေ့ ၂၁ လက်မ ဘီးခွေနဲ့  F800GS ကို ရုတ်တရက်ကြည့်လိုက်ရင် Dirt Bike အကြီးစား လို့ ထင်ရတာကလည်း နာမည်ကြီးစေတဲ့ အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။

F800GS  မှာ ABS က Standard အနေနဲ့ ပါ၀င်လာမှာပါ။ Riding Mode တွေလည်း နှစ်ခု ပါ၀င်လာပါတယ်။ ASC ခေါ် Automatic Stability Control စနစ်နဲ့ ESA ခေါ် Electronic Suspension Adjustment စနစ်တွေကိုတော့ Option အဖြစ်နဲ့ ၀ယ်ယူနိုင်ပါတယ်။ F800GS ရဲ့ Seat Height ကတော့ ၃၅ လက်မကနေ ၃၂ လက်မအထိ ရှိပါတယ်။ ဒီထက်ပိုပြီး နိမ့်ချင်ရင်တော့ Lower Suspension မိုဒယ်အနေနဲ့ Option မှာယူလို့ရပါတယ်။ 91 RON Fuel Map  နဲ့ 48 HP Version တွေကိုလည်း Option မှာယူလို့ရပါတယ်။ Heated Grip ၊ Centre Stand နဲ့ Pannier ပုံးတွေကိုလည်း Option အနေနဲ့ မှာယူနိုင်ပါ တယ်။ F800GS မှာ Onboard Diagnostic System မပါ၀င်ပါဘူး။ BMW Service Center ၊ ဒါမှမဟုတ် GS-991 လို  Diagnostic Tool တွေကသာ Error Code တွေ ဖတ်နိုင်ပါတယ်။ ပြီးတော့ BMW က အရည်အသွေးကို ထိန်းတဲ့အနေနဲ့ Service Reminder တွေပါ ထည့်သွင်းထားပါတယ်။ သတ်မှတ်ကီလိုရောက်ရင် အင်ဂျင် Oil လဲတာ ကအစ Remind ပေးပြီး Service မပြုလုပ်ခဲ့ရင်တော့ အင်ဂျင်ကို Start လုပ်ခွင့်မပေးတဲ့အထိ တင်းကြပ်ထားပါတယ်။ အဲဒါကြောင့် GS-911 လို Scanner Tool တွေကသာ  Service ပြုလုပ်တာ၊ Service Reset ပြုလုပ်တာ၊ Fault Code/Error Code တွေကို ဖတ်နိုင်/ဖျောက်နိုင်တာ စတာတွေကို ပြုလုပ်နိုင်ပါတယ်။ ဒါ ကြောင့်  F800GS အုံနာတွေအနေနဲ့လည်း GS-911 Scanner Tool ကို မဖြစ်မနေ၀ယ်ပြီး ဆောင်ထားကြရပါတယ်။F800GS မှာ F800GSA (Adventure) ဆိုပြီး မိုဒယ်တစ်မျိုး ရှိပါသေးတယ်။ ဆီတိုင်ကီက ၂၄ လီတာဆံ့ပြီး Wet Weight 512 ပေါင် လေးလံတာပဲ ကွာခြားသွားပါတယ်။ ကျန်တဲ့ အချက်အလက်တွေကတော့ F800GS Standard Version နဲ့ အတူတူပါပဲ။ F800GS တွေအားလုံး ၂၀၁၆ မိုဒယ်မှာ  Ride By Wire လီဗာစနစ်ဖြစ်သွားပြီး Riding Mode လေးခု ဖြစ်လာတာတွေ့ရပါတယ်။ ၂၀၁၆ ခုနှစ်မှာ ထွက်လာတဲ့ Honda ရဲ့  CRF100L ကို ယှဉ်နိုင်ဖို့ Upgrade ပြုလုပ်တာလို့ ခန့်မှန်းနိုင်ပါတယ်။

ဆက်လက်ဖော်ပြပါမည်…

စာဖတ်ပရိသတ်များ မော်တော်ဆိုင်ကယ်ဗဟုသုတတွေနဲ့

ပြည့်စုံကြပါစေ…

Lawrence Peace

LEAVE A REPLY

Please enter your comment!
Please enter your name here