BMW F800GS နှင့် F850GS အကြောင်း သိကောင်းစရာများ အပိုင်း(၆)

81

 

F750GS/F850GS ရဲ့ အင်ဂျင်ကို တရုတ်နိုင်ငံမှာရှိတဲ့ Loncin စက်ရုံက တည်ဆောက်ပေးတာပါ။ BMW ကွာလတီ၊ BMW ရဲ့ ကြီးကြပ်မှု နဲ့အတူ အင်ဂျင်ကိုထုတ်လုပ်စေပြီး ဂျာမနီနိုင်ငံ၊ ဘာလင်မြို့ကို ပြန်ပို့တာ ပါ။ ဘာလင်မြို့မှာ တစ်စီးလုံးကို တပ်ဆင်ပြီး ကမ္ဘာအနှံ့ ပြန်ဖြန့်ပါတယ်။ အလုပ်သမားစရိတ်နည်းနည်း၊ ကုန်ကျစရိတ်နည်းနည်းနဲ့ တရုတ်မှာ အင်ဂျင် Unit သတ်သတ်ကို အမြောက်အမြား ထုတ်လုပ်စေပြီး ဂျာမနီကို ပြန်ပို့ တာပါ။ ဂျာမနီရောက်မှ ECU တပ်၊ Electronic တွေနဲ့ Tuning ပြန်လုပ်ပြီး F750GS နဲ့ F850GS မှာ ခွဲခြားပြီး တပ်ဆင်လိုက်တာပါ။ အင်ဂျင်တစ်လုံးတည်းကို တည်ဆောက်၊ ဆိုင်ကယ်နှစ်မျိုးမှာ တပ်ဆင်၊ များပြားလှတဲ့ Electronics တွေ အားကိုးနဲ့ ဈေးကွက်မှာ တိုက်ခိုက်တဲ့ သဘောပေါ့။ ဆိုင်ကယ်စီး သိပ်မကျွမ်းကျင်သေးတဲ့သူတွေနဲ့ အမျိုးသမီး တွေအတွက် F750GS ကို ထုတ်လုပ်ထားပြီး R1200GS လို Adventure ဆိုင်ကယ်ကြီးတွေ မကြိုက်တဲ့ Rider တွေအတွက် F850GS ကို ထုတ်လုပ်ထားတာပါ။ ဆိုင်ကယ် နှစ်မျိုးဆိုတော့ ရွေးချယ်ခွင့်များသွားပြီး ရောင်းအား ပိုတက်စေတာပေါ့။ ပြီးတော့ Electronic တွေ မပါဝင်လာ တဲ့ Africa Twin CRF1000L ကို တိုက်ခိုက်နိုင်ဖို့ F850GS ကို Electronic တွေ အများအပြားတပ်ဆင်ပြီး ဆွဲဆောင်တဲ့ သဘောလည်း ပါပါတယ်။ ဒါတွေကတော့ BMW ရဲ့ ဈေးကွက်ဗျူဟာတွေပဲ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အင်ဂျင်တစ်ခုလုံးက Made in China ဖြစ်နေတော့ တကယ့်အတွေ့အကြုံရှိ ခရေဇီ Rider တွေအတွက်တော့ နောက်တွန့်သွားစေတာ အမှန်ပါပဲ။
F850GS ရဲ့ Seat Height က ၃၂ လက်မကနေ ၃၄ ဒသမ ၅ လက်မအထိ ရှိပါတယ်။ Ground Clearance ကတော့ ကိုး လက်မ ရှိပါတယ်။ ဆီတိုင်ကီကတော့ ၁၅ လီတာပဲ ဆံ့ပြီး ဆီအပြည့်ဖြည့်ထားရင် ၅၀၅ ပေါင် လေးလံပါတယ်။ ( F800GS က Wet Weight 456 ၄၅၆ ပေါင်ကနေ ၄၇၂ ပေါင်ပဲ လေးလံပါတယ်) F800GS နဲ့ မတူတာက တာယာတွေကို Tubeless တာယာတွေသုံးနိုင်ပြီး အလယ်ထောင့် Center Stand လည်း ပါဝင်လာ ပါတယ်။ (Africa Twin CRF1000L မှာ Center Stand မပါဘဲ Tube ထည့်သွင်းရတဲ့ တာယာတွေကိုပဲ တပ်ဆင်နိုင်ပါတယ်။) အမြင့် ဆုံး အမြန်နှုန်းကတော့ 200 km/h ကျော်အထိ မောင်းနိုင်ပါတယ်။ Suspension က အရှေ့ Fork လုံးဝ ချိန်ညှိလို့မရပါဘူး။ အနောက် Shock ကတော့ Preload နဲ့ Rebound ပဲ ချိန်ညှိနိုင်ပါတယ်။ (ESA Version မှာလည်း အနောက် Mono Shock ကို Preload နဲ့ Rebound ကိုပဲ Electronically ချိန်ညှိနိုင်တာပါ။) F850GS ရဲ့ Rally Version မှာ ဘီးခွေတွေကို ရွှေရောင်နဲ့ ထုတ်လုပ်ထားပါတယ်။ ဒါဟာ CRF1000L ကို လုံးဝ တုပလာတာပဲ ဖြစ်ပါတယ်။ Honda က ရွှေရောင်ဘီးခွေတွေကို Africa Twin တွေ စတင်ထုတ်လုပ်ခဲ့တဲ့ ၁၉၈၈ ခုနှစ်ကတည်းက တပ်ဆင် လာခဲ့တာပါ။ ရွှေရောင်ဘီးခွေတွေဟာ Honda ရဲ့ Trademark လည်း ဖြစ်ပါတယ်။ BMW က ရွှေရောင်ဘီးခွေနဲ့ထုတ်ဖူးတဲ့ သမိုင်းကြောင်း မရှိခဲ့ပါဘူး။ F800GS မှာလည်း F800GSA (Adventure) ရှိသလို F850GS ကိုလည်း FÄ50GSA (Adventure) Version အဖြစ် ၂၀၁၉ ခုနှစ်မှာ စတင်ဖြန့်ချိမယ်လို့သိရပါတယ်။ ထုံးစံအတိုင်း ဆီတိုင်ကီ ပိုကြီး လာပြီး Suspension Travel အနည်းငယ် ပိုများတာပဲ ကွာခြားပါတယ်။
F850GS ကို ယခု ၂၀၁၈ ခုနှစ်မှာ ထုတ်တာဖြစ်တဲ့အတွက် နာမည် ကြီးဆိုင်ကယ် Website အားလုံးက Test Ride မလုပ်ရသေးပါဘူး။ ဒါ ကြောင့် Riding အားနည်းချက်တွေကို သေချာမသိရသေးပါဘူး။ လော လောဆယ်မှာတော့ နာမည်ကြီး ဆိုင်ကယ်မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ Rider Magazine က On-Road အတွက် Test Ride မောင်းနှင်ခဲ့တဲ့ ရလဒ်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ Africa Twin CRF1000L , Triumph Tiger 800 XC နဲ့ BMW FÄ50GS တို့ကို အကွေ့အကောက် များပြားလှတဲ့ တောင်ပတ်လမ်းတစ်ခုမှာ စမ်းသပ်မောင်းနှင်ခဲ့တာပါ။ ရလဒ်တွေကတော့ Tiger 800 XC က ၂ မိနစ်နဲ့ ၂၂ စက္ကန့် ကြာပါတယ်။ F850GS က ၂ မိနစ်နဲ့ စက္ကန့် ၂၀ ကြာပြီး Africa Twin ကတော့ ၂ မိနစ်နဲ့ ၁၄ စက္ကန့်ပဲ ကြာပါတယ်။ ရလဒ်တွေအရ On-Road မှာတော့F850GS က Tiger နဲ့ Africa Twin ကြားမှာ တည်ရှိပါတယ်။ Africa Twin က Parallel Twin 1000 CC ဖြစ်ပေမဲ့ F850GS ထက် ၁၀ပေါင်ပဲ ပိုပြီး လေးလံပါတယ်။ အဲဒါကြောင့် ၅၀၅ ပေါင်ရှိတဲ့ F850GS က အလေးချိန် စီးလွန်းတယ်လို့ သုံးသပ်နိုင်ပါတယ်။ နောက်ပြီး အများစု ဖြစ်ကြလေ့ရှိတဲ့ Error တွေကလည်း မိုဒယ်သက်တမ်း ၂ နှစ်ကျော် ကီလို သောင်းကျော် လောက်မှ ဖြစ်ပေါ်လာတာဆိုတော့ အခုအချိန်မှာ ဘယ်လိုမှ ပြောလို့မရ သေးပါဘူး။ အချိန်တစ်ခုပေးပြီး Customer Feedback တွေကိုပဲ စောင့်ကြည့်မှ သိရမှပါ။ လောလောဆယ် အားနည်းချက်တွေကတော့ အထက်က ပြောခဲ့သလိုပဲ အင်ဂျင်က Made in China ဖြစ်တာရယ်၊ အလေးချိန် များလာတာရယ်၊ ဆီတိုင်ကီက ၁၅ လီတာပဲ ဆံ့ပြီး ရုပ်ထွက် ကလည်း သိပ်ပြီးဆွဲဆောင်မှုမရှိတာပဲ ဖြစ်ကြပါတယ်။ Factory Error ခေါ် တရားဝင်ကြေညာတဲ့ Official Error တွေလည်း လောလောဆယ်မှာ မတွေ့ရသေးပါကြောင်း တင်ပြရင်း BMW ရဲ့ F800GS နဲ့ F850GS အကြောင်းကို ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။
စာဖတ်ပရိသတ်များ
မော်တော်ဆိုင်ကယ်ဗဟုသုတတွေနဲ့
ပြည့်စုံကြပါစေ…

LEAVE A REPLY

Please enter your comment!
Please enter your name here