BMW F800GS နှင့် F850GS အကြောင်း သိကောင်းစရာများ အပိုင်း(၄)

47

 

၂ဝ၁၈ ခုနှစ်မှာ F750GS နဲ့ F850GS ကို အင်ဂျင်အသစ်၊ ဖရိမ်အသစ်၊ နည်းပညာအသစ်တွေနဲ့ All New မိုဒယ်အဖြစ် ထုတ်လုပ်လာတာ တွေ့ရပါတယ်။ F700GS နဲ့ F800GS ရဲ့ အစားထိုး မိုဒယ် အဖြစ် ထုတ်လုပ်လာသလို Honda ရဲ့ နာမည်ကြီးလာတဲ့ Africa Twin CRF1000L ကို ယှဉ်ပြိုင်ဖို့ ထုတ်လုပ်လာတာလည်း ဖြစ်ပါတယ်။
F750GS နဲ့ F850GS အင်ဂျင်တွေကတော့ ထုံးစံအတိုင်း အတူတူ ပါပဲ။ 853 CC ? Parallel Twin 270° Crankshaft ? Liquid Cooled ? DOHC 4 Valve per Cylinder ? Compression Ratio 12.7:1 ? Dry Sum Lubrication ? 48mm Throttle Body နှစ်ခုနဲ့ Electronic Fuel Injection System ? Alternator Watt : 416 W ? Constant Mesh ဂီယာခြောက်ချက်၊ Anti-Hopping Multiplate Wet Clutch ? Final Chain Drive ? Exhaust စနစ်က 3-way Catalytic Converter နဲ့ဖြစ်ပြီး EU4 အထိ ကိုက်ညီမှုရှိပါတယ်။ ဒါကတော့ အင်ဂျင်ရဲ့အချက်အလက် တွေဖြစ်ပြီး F750GS နဲ့ F850GS က အတူတူပဲဖြစ်ကြပါတယ်။ Tuning အပေါ်မူတည်ပြီး ထွက်တဲ့ ပါဝါတွေတော့ ပြောင်းလဲသွားကြပါတယ်။ F750GS က 77 HP @ 7500 RPM နဲ့ 83 N-m @ 6000 RPM ကို ထုတ်ပေးနိုင်ပါတယ်။ F850GS ကတော့ 95 HP @ 8250 RPM နဲ့ 92 N-m @ 6250 RPM ကို ထုတ်လုပ်ပေးနိုင်ပါတယ်။ F850GS အကြောင်းကိုပဲ အသေးစိတ် ထပ်ပြီးလေ့လာကြည့်မယ် ဆိုရင်တော့ …
အရင်က Parallel Twin 360° Crankshaft ပုံစံကို အခုတော့ Parallel Twin 270° Crankshaft ပုံစံအဖြစ် ပြောင်းလဲထုတ်လုပ်လာ ပါတယ်။ 270° Crankshaft ဆိုတာကCrankshaft မှာ Piston နှစ်ခုကို 90° ခြားပြီး တပ်ဆင်ထားတာပါ။ Piston တစ်ခုက 0° နဲ့ နောက်တစ်ခုက 90° နေရာမှာပေါ့။ L ပုံစံလို့လည်း ခေါ်ဆိုနိုင်ပါတယ်။
Ducati L Twin အင်ဂျင်နဲ့ ပုံစံအတူတူပါပဲ။ Ducati ရဲ့ L Twin အင်ဂျင်က Cylinder နှစ်လုံးကပါ 90° ခြားသွားတာပါ။ အခု Parallel Inline Twin 270° Crankshaft အင်ဂျင်မှာတော့ Cylinder နှစ်လုံးက ကပ်လျက်ဖြစ်နေပြီး အောက်က Crankshaft ကပဲ L ပုံစံ 90° ဖြစ်နေတာပါ။ ဘာကြောင့် ဒီလိုတည်ဆောက်ရတာလဲဆိုတော့ ကုန်ကျစရိတ် သက်သက်သာသာနဲ့ 90° V twin အင်ဂျင်ရဲ့ စွမ်းအားမျိုး လိုချင်လို့ပဲ ဖြစ်ပါတယ်။ 90° V twin အင်ဂျင် အစစ်အမှန်တွေကတော့ Cylinder နှစ်လုံး လုံးဝခြားနားသွားတာကြောင့် Cylinder Head နှစ်ခု၊ Overhead Camshaft စုစုပေါင်း လေးချောင်း၊ Camshaft တွေကို မောင်းနှင်ဖို့ Cam Chain ကြိုးကလည်း နှစ်ခု စသဖြင့် အစိတ်အပိုင်းတွေ များပြားလာပြီး ထုတ်လုပ်ဖို့ ကုန်ကျစရိတ်တွေလည်း ပိုများပြားလာပါတယ်။ ဒါ့ပြင် In-take Throttle Body နေရာချထားမှု၊ Exhaust Pipe အထွက်တွေ အတွက် နေရာရှုပ်ထွေးမှုနဲ့ Physically အရ 90° V Twin ဖြစ်လာတဲ့ Cylinder နှစ်လုံးအတွက် ဖရိမ်အတွင်းမှာ နေရာယူမှုတွေလည်း ကျယ် ပြန့်လာပါတယ်။
Parallel Twin ခေါ် Inline Twin တွေကတော့ Cylinder Head တစ်ခု၊ Camshaft နှစ်ချောင်း၊ Camshaft Chain ကြိုးတစ်ခု စသဖြင့် အစိတ်အပိုင်းတွေနည်းတာကြောင့် ထုတ်လုပ်မှု ကုန်ကျစရိတ် နည်းပါး ကြပါတယ်။ ဒါ့ပြင် Cylinder နှစ်လုံး ကပ်လျက်ဖြစ်နေတာကြောင့် ဖရိမ် အတွင်း နေရာယူမှု နည်းပါးသလို Exhaust Pipe နှစ်ချောင်းကိုလည်း လွယ်ကူစွာတပ်ဆင်နိုင်စေပါတယ်။ ဒါတင်မကသေးပါဘူး၊Maintenance ပြုလုပ်တဲ့အခါတွေမှာလည်း လွယ်ကူစေပါတယ်။ ဥပမာ Valve Clearance ခေါ် Tappet Clearance ချိန်ဖို့ Valve Cover တစ်ခုတည်းကိုပဲ ဖွင့်ဖို့ လိုအပ်တဲ့ ပုံစံတွေပေါ့။ ဒီအချက်တွေကြောင့်ပဲ Triumph , Honda , Kawasaki , Yamaha , BMW စတဲ့ ထုတ်လုပ်သူ တော်တော်များများက Parallel Twin အင်ဂျင်တွေကို လက်မလွတ်နိုင်သေးတာပါ။ အရင်က 360° Crankshaft Parallel Twin တွေကိုပဲ ဆက်တိုက်ထုတ်လာတဲ့ Triumph ကလည်း 270° Crankshaft အင်ဂျင်တွေကို ပြောင်းလဲ ထုတ်လုပ်လာပါတယ်။ Yamaha ရဲ့ Parallel Twin တွေမှာလည်း 270° Crankshaft အင်ဂျင်ပဲ အသုံးပြုကြပါတယ်။ အခု နောက်ဆုံး ထွက်လာတဲ့ Honda ရဲ့ Africa Twin CRF1000L ကလည်း 270° Crankshaft အင်ဂျင်နဲ့ပဲ ဖြစ်ပါတယ်။ အဲဒါတွေကြောင့် BMW ကလည်း F Series တွေကို 270° Crankshaft နဲ့ ပြောင်းလဲထုတ်လုပ်လာတာလို့ ခန့်မှန်းနိုင်ပါတယ်။
270° Crankshaft အင်ဂျင်ရဲ့ Firing Order က 270° နဲ့ 450° ရှိကြပါတယ်။ Crankshaft ရဲ့ 270° နဲ့ 450° တိုင်းမှာ မီးပေါက်ပါတယ်။ Uneven Firing Order ခေါ် စုံမကျတဲ့ မီးပေါက် Order ဖြစ်ပြီး Big Bang လည်း ဖြစ်ပါတယ်။ Physically 90° V Twin (L Twin) အင်ဂျင်နဲ့ Performance အတူတူ၊ Exhaust အသံထွက်လည်း အတူတူပဲ ဖြစ်ပါ တယ်။ 270° Crankshaft အင်ဂျင်ရဲ့ အဓိကအားသာချက်က Torque အားကောင်းပြီး Vibration နည်းတာပါ။ ဒါပေမဲ့ RPM အမြင့်ကြီးတော့ မရပါဘူး။ Physically 90° V Twin အင်ဂျင်တွေကသာ RPM 12000 ကျော်အထိ Vibration နည်းစွာ လည်ပတ်နိုင်ကြပါတယ်။ အဲဒါကြောင့် Parallel Twin 270° Crankshaft အင်ဂျင်ရဲ့ အဓိကအားသာချက်တွေက တော့ 90° V Twin လို Torque အား ကောင်းမွန်ပြီး Vibration လည်း နည်းပါးပါတယ်။ ထုတ်လုပ်မှုကုန်ကျစရိတ်တွေ သက်သာပြီး ပြုပြင်ထိန်းသိမ်းရတာလည်း အလွန်ပဲလွယ်ကူလှပါတယ်။ Physically 90° V Twin အင်ဂျင်တွေကတော့ Vibration လည်းနည်း၊ Torque အားလည်းကောင်း ပြီး ွ RPM မြင့်မားစွာ လည်ပတ်နိုင်တာကြောင့် HP တွေလည်း ကောင်းလွန်း လှပါတယ်။ (Ducati ရဲ့ 90° V Twin (L Twin) Road Legal Sport Bike တွေကို လေ့လာကြည့်မယ် ဆိုရင် 12500 RPM အထိ လည်ပတ် နိုင်တာ တွေ့ရမှာပါ။)

ဆက်လက်ဖော်ပြပါမည်…
စာဖတ်ပရိသတ်များ မော်တော်ဆိုင်ကယ် ဗဟုသုတေတွနဲ့ပြည့်စုံကြပါစေ…

LEAVE A REPLY

Please enter your comment!
Please enter your name here