BMW ရဲ့ နာမည်ကြီး GS Family

281

 

BMW Motorrad ဟာ ပထမဆုံးအင်ဂျင်ကြီးကြီးနဲ့ Dual-sport ဆိုင်ကယ်ဖြစ်တဲ့ R 80 GS ကို ၁၉၈ဝ ပြည့်နှစ်မှာ စတင်ထုတ်လုပ်ခဲ့ပါတယ်။ BMW ဟာ GS တွေကို သူ့အတန်းအစားနဲ့သူ အရွယ်အစားမျိုးစုံနဲ့ ထုတ်လုပ်ခဲ့ရာမှာ နာမည်ကျော်ကြားလူကြိုက်များခဲ့ပါတယ်။ Entry Level အတွက် Single Cylinder နဲ့ F 650 GS ရိုးရိုးနဲ့ F 650 GS Dakar တွေကို မြန်မာနိုင်ငံမှာ စီးနင်းနေကြပါတယ်။ ရိုးရိုး F 650 GS နဲ့ F 650 GS Dakar ကွာခြားတာကတော့ Road Use နဲ့ Off-Road Use အတွက် ဦးစားပေးထားတာ မတူတာပါပဲ။ F 650 GS မှာ ၊ရှေ့ဘီးက ၁၉ လက်မ အရွယ်အစား၊ အလွိုင်းဒလက်ခွေနဲ့ဖြစ်ပြီး Dakar မှာတော့ Off-Road ဦးစားပေးထားတဲ့အတွက် ၊ရှေ့ဘီးက ၂၁ လက်မစတီးစပုတ်ခွေ တပ်ဆင်ထားပါတယ်။ ပြီးတော့ Dakar မှာ Suspension Travel ပိုလာ သလို ထိုင်ခုံအမြင့်ကလည်း 870 mm ရှိတဲ့အတွက် ၅ ပေ ၈ လက်မ ထက် အရပ်နိမ့်တဲ့ Rider တွေအတွက် အခက်အခဲနည်းနည်းရှိနိုင်ပါတယ်။ Off-Road မောင်းတဲ့အခါမှာ လမ်းတော်တော်ကြမ်းကြမ်းတွေကို မောင်းလို့ရပြီး ရွံ့တောထဲမှာလည်း နိုင်နိုင်နင်းနင်း ထိန်းမောင်းလို့အဆင်ပြေ ပါတယ်။ အရပ်နိမ့်သူတွေအတွက် ထိုင်ခုံနိမ့်တဲ့ ရိုးရိုး F 650 GS ကို ရွေးချယ်နိုင်ပါတယ်။ လမ်းကြမ်းတွေမှာ ပေါ့ပေါ့ပါးပါး မောင်းလို့ကောင်း ပေမဲ့ လမ်းပေါ်ရောက်တဲ့အခါ 50 hp လောက်ပဲရှိတဲ့ သူ့ပါဝါက မလုံ လောက်တော့သလို ခံစားရပါတယ်။ အထူးသဖြင့် ကားကျော်ဖို့အရှိန် တင်တဲ့အခါ နည်းနည်းလေး ထိုင်းတာမျိုးလေးတော့ရှိပါတယ်။ အရှိန် တစ်ခုနဲ့ မျှောပြီးမောင်းချိန်မှာတော့ သိပ်မဆိုး လှပါဘူး။

Intermediate မှာတော့ ကမ္ဘာ့အကြမ်းအခံဆုံး F 800 GS နဲ့ သူ့အင်ဂျင်ကိုပဲ ကန့်သတ်ပြီးထုတ်တားတဲ့ F 650 GS ၊ F 700 GS တွေရှိပါတယ်။ F 650 GS (Single Cylinder) နဲ့ F 650 GS (Twin) တို့က နာမည်တူပေမဲ့ ၂ဝဝ၈ ခုနှစ်မှာ F 650 (Single) တွေကို G 650 GS အဖြစ် ပြောင်းလဲထုတ်လုပ်ပြီး F 650 GS (Twin) ကို စထုတ်ခဲ့တာပါ။ ၂ဝ၁၉ ခုနှစ် နောက်ပိုင်းမှာတော့ အင်ဂျင် Displacement တိုးပြီး F 850 GS နဲ့F 750 GS ဆိုပြီး ဆက်ထုတ်နေပါတယ်။ F 800 GS အုပ်စုဟာ 800 CC Parallel Twin အင်ဂျင်ကို ပစ္စတင်နှစ်လုံး စုံတက်စုံဆင်းတဲ့ Firing Order 360° နဲ့ ထုတ်ထားပါတယ်။ ဆိုင်ကယ်တွေကို ပေးထားတဲ့နာမည်တွေက အင်ဂျင် Displacement ကို မညွန်းပါဘူးလို့ BMW က ကြေညာထားပါတယ်။ F 650 GS (Twin) ၊ F 700 GS ၊ F 800 GS နဲ့ F 800 GSA တို့အကုန်လုံး 800CC အင်ဂျင် တစ်မျိုးတည်းကိုပဲ တပ်ဆင်အသုံးပြုထားတာဖြစ်လို့ပါ။ BMW ရဲ့ Third Connecting Rod လို့ အမည်ပေးထားတဲ့ Crank Balancer ကို Crank အလယ်မှာ တပ်ဆင်ထားတဲ့အတွက် အင်ဂျင်လည်ပတ်နှုန်း 7000 RPM ကျော်ရင် အင်ဂျင်တုန်ခါတဲ့ Parallel Twin အင်ဂျင်တွေရဲ့ ရိုးရာကို ဖျောက်ပြီး RPM 10,000 အထိ ဆွဲလို့ရပါတယ်။ ဆီအပြည့်ထည့်ပြီး အလေးချိန်က F 650 GS Dakar နဲ့ သိပ်မကွာဘဲ ဖွဲ့စည်းပုံကလည်း Off-Road Bike အကြီးစားလိုဖြစ်နေတဲ့အတွက် တော်ရုံလမ်းကြမ်းကိုတော့ အေးအေးဆေးဆေး ဖြတ်ကျော်နိုင်ပါတယ်။ လမ်းချောပေါ်မောင်းတော့ လည်း 85 hp ရှိတဲ့ သူ့ပါဝါအပြင် လည်ပတ်ရေ တစ်သောင်းအထိ ဆွဲလို့ရတဲ့အတွက် အတော်မောင်းလို့ ကောင်းပါတယ်။ ပိုဆံ့တဲ့ဆီတိုင်ကီနဲ့ F 800 GS Adventure ကိုလည်း ထုတ်ထားပါတယ်။ ထိုင်ခုံအမြင့်ကတော့ 880mm ရှိတဲ့အတွက် အရပ်မြင့်တဲ့ Rider တွေနဲ့ ပိုအဆင်ပြေမှာပါ။ အရပ်နိမ့်သူတွေကတော့ ၊ရှေ့ဘီးခွေ ၁၉ လက်မနဲ့ ထိုင်ခုံနိမ့်နိမ့် F 650 GS (Twin) ၊ F 700 GS တွေကို ရွေးချယ်နိုင်ပါတယ်။ ၂ဝ၁၉ နောက်ပိုင်း မှာတော့ 853CC အင်ဂျင်နဲ့ F 850 GS နဲ့F 750 GS ဆိုပြီး ထပ်ထုတ် လုပ်နေပါတယ်။

မြန်မာနိုင်ငံမှာ နာမည်အကြီးဆုံးက Full size ဖြစ်တဲ့ R 1200 GS ပါ။ ၂ဝ၁၉ နောက်ပိုင်းမှာတော့ R 1250 GS အမည်နဲ့ Displacement တိုးပြီး ထုတ်ထားပါတယ်။ သူ့ရဲ့ Boxer Engine လို့ ခေါ်ကြတဲ့ Flat Twin အင်ဂျင်ကြောင့် Engine Head နှစ်လုံးရဲ့အလေးချိန်က ဘယ်ညာမျှထားသလိုဖြစ်နေပြီး Centre of Gravity လည်း တခြား အင်ဂျင် တွေထက် နိမ့်တဲ့အတွက် ဟန်ချက် ထိန်းရတာ လွယ်ကူစေပါတယ်။ R 1200 GS ရဲ့ ၊ရှေ့မှာနောင်တော် R 1100 GS ၊ R 1150 GS တွေလည်း ရှိပါသေးတယ်။ ကျွန်တော်တို့ဆီမှာ R 1100 GS မတွေ့ရဘဲ ၁၉၉၉ မိုဒယ်ကနေ ၂ဝဝ၄ မိုဒယ်အထိထုတ်ခဲ့တဲ့ R 1150 GS တွေတော့ စီးနေကြပါသေးတယ်။ ၂ဝဝ၄ မှာ R 1200 GS ကို စထုတ်ပြီး သူတို့ရဲ့ကိုယ်ပိုင် BMW ဘရိတ်ကိုတပ်ဆင်ခဲ့ပြီး ABS ဘရိတ်စနစ်မှာ ပြသနာလေးတွေရှိလို့ နာမည်နည်းနည်းပျက်ခဲ့ပါသေး တယ်။ BMW ဘရိတ်စနစ်ဟာ လျှပ်စစ်မိုတာနဲ့ ကူဖမ်းပေးတဲ့ Servo Assistance ABS ဘရိတ်စနစ်ဖြစ်ပြီး ချွတ်ယွင်းတဲ့အခါ ဘရိတ်မမိတာ၊ ဘရိတ်တွေ ပိုကုန်တာမျိုးတွေကြောင့် ဆိုင်ကယ်မတော်တဆမှုတွေ ဖြစ်ကြလို့ ၂ဝဝ၇ ခုနှစ်မှာ မသုံးတော့ဘဲ နောက်ပိုင်းမှာ Brembo ABS ဘရိတ်စနစ်ကို တပ်ဆင်ခဲ့ပါတယ်။ R 1200 GS တွေဟာ ဆိုင်ကယ် ကြီးပေမဲ့ ထိန်းသိမ်းစီးနင်းရတာ လွယ်ကူပေါ့ပါးပြီး ဟန်ချက်ညီမျှနေပါ တယ်။ မြန်မာနိုင်ငံမှာတော့ ကားလမ်းတွေ သိပ်မကောင်းသေးတဲ့ ချင်းပြည်နယ်၊ ကချင်ပြည်နယ်တို့လို နေရာမျိုးတွေကို ခရီးသွားတဲ့အခါ အတော်အဆင်ပြေပါတယ်။ ထိုင်ခုံတွေကလည်း ခရီးဝေးသွားဖို့ လုပ် ထားတဲ့အတွက် နေ့စဉ်ရက်ဆက် ခရီးဝေးမောင်းရတာတောင် သိပ်မပင် ပန်းပါဘူး။ အင်ဂျင်ကြီးပြီး အလေးချိန်များတဲ့အတွက် Off-Road မှာ တော့ သိပ်အဆင်မပြေပါဘူး။ ရွံ့များတဲ့ လမ်းမျိုးတွေ၊ မြေကျွံတတ်တဲ့ လမ်းမျိုးတွေ၊ သဲထူတဲ့လမ်းမျိုးတွေမှာ အလေးချိန်များတာက အကြီးမား ဆုံးအခက်အခဲပါ။ ပြီးတော့ နာမည်ကျော်ကြားလှတဲ့ သူ့ဂုဏ်သတင်းကြောင့် Rider တွေက ယုံကြည်မှုလွန်ကဲပြီး ခံနိုင်ဝန်ထက်ပိုတင်ရင်း Off-Road ကို ခပ်ကြမ်းကြမ်းမောင်းပစ်ကြလို့ နောက်ခက်ရင်းခွ (Swingarm) ကျိုးကုန်တာတွေလည်း တွေ့ရပါတယ်။ တကယ်တော့လည်း လူကြိုက်များတဲ့ Adventure Bike, GS ဟာ ရောင်းအားအကောင်း ဆုံးအနေနဲ့ နှစ်ပေါင်းများစွာ ရပ်တည်နေခဲ့ရတာပါ။

အခုရေးသွားတဲ့အထဲမှာ မပါသေးတဲ့ GS မိသားစုဝင် G 650 GS လည်း ရှိပါသေးတယ်။ ၂ဝဝ၈ ခုနှစ်ကနေ ၂ဝ၁၆ ခုနှစ်အထိ G 650 GS အတွက် Rotax အင်ဂျင်ကို တရုတ်နိုင်ငံ Loncin ကပဲ တပ်ဆင် ထုတ်လုပ်ခဲ့ပြီး ရုပ်ထွက်အတော်လှပေမဲ့ ဆိုင်ကယ်သမား အများစုက သိပ်မကြိုက်ခဲ့ကြပါဘူး။ Loncin ထုတ်အင်ဂျင်ကို အနက်ရောင် ဆေးမှုတ် ထားပြီး ဥရောပမှာ တပ်ဆင်ထုတ်လုပ်တဲ့ အင်ဂျင်တွေကို ငွေရောင်ဆေး မှုတ်ထားတဲ့အတွက် အရောင်ကိုကြည့်ပြီးတော့လည်း ခွဲခြားနိုင်ပါတယ်။

GS Family ထဲက အကြိုက်ဆုံးရွေးပါဆိုရင်တော့ Off-Road ဝါသနာရှင်ကျွန်တော့်အနေနဲ့ F 800 GS ကိုရွေးချင်ပါတယ်။ ကမ္ဘာ့အကြမ်းအခံဆုံး နံပါတ်တစ်လည်းဖြစ်၊ ကမ္ဘာပတ်ခရီးသွားတွေလည်း အသုံးများတဲ့ F 800 GS ဟာ Off-Road မှာ တော်တော်ကောင်းပါတယ်။ ၊သူ့အရွယ်အစားမှာ အလေးချိန်ပေါ့ပေါ့ပါးပါးနဲ့ ၊ရှေ့ဘီးခွေ ၂၁ လက်မ တပ်ဆင်ထားတဲ့အပြင် မြေပြင်ကင်းလွတ်မြင့်တာက Off-Road မှာ အားသာတဲ့ အချက်တွေ ဖြစ်ပါတယ်။

BMW ဟာ Adventure Bike တွေကို အတန်းအစားမျိုးစုံ ထုတ် လုပ်ခဲ့ပြီး ကောင်းမွန်တဲ့ဂုဏ်သတင်းတွေနဲ့ အောင်မြင်မှုတွေရခဲ့တာ နှစ် ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပါတယ်။ စာဖတ်သူတွေထဲက Adventure Bike ဝါသနာရှင်တွေအနေနဲ့လည်း မိမိနဲ့ကိုက်ညီတဲ့အတန်းအစားကို ရွေးချယ် စီးနင်းနိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

ဆိုင်ကယ်ချစ်သူများ ဆိုင်ကယ်ဗဟုသုတနဲ့ ပြည့်ဝကြပါစေ။
Ref: Motorcyclespecs.co.za,Top Speed,
Zigwheels, Wikipedia

LEAVE A REPLY

Please enter your comment!
Please enter your name here