BMW ဆိုင်ကယ်နှင့် အမြန်ဆုံးမောင်းသည့် စံချိန်သစ်တင်ရန် Hunter Sills Racing အဖွဲ့ နောက်ဆုံးကြိုးပမ်းမှု မအောင်မြင်ခဲ့

1590

Hunter Sills Racing အဖွဲ့သည် ၎င်းတို့ကိုယ်တိုင် တပ်ဆင်ထားသော BMW ဆိုင်ကယ်နှင့် အမြန် ဆုံးမောင်းနိုင်သည့် စံချိန်အား ချိုး ဖျက်ရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း သြဂုတ် ၂ ရက်တွင် thedrive သတင်းဝက်ဘ် ဆိုက်က ရေးသားဖော်ပြထား သည်။
Hunter Sills Racing အဖွဲ့သည် စမ်းသပ်မောင်းနှင်စဉ်က တစ်နာရီ ၂၄၂ မိုင်နှုန်းမောင်းကာ BMW ဆိုင်ကယ်တစ်စီးအား အမြန်ဆုံးမောင်းနိုင်သော စံချိန်တင်ထားပြီး မိမိတို့စံချိန်ကို ပြန်လည် ချိုးဖျက်ရန် အမှန်တကယ်ကြိုးပမ်း သောအခါ ကျရှုံးခဲ့ခြင်းဖြစ်သည်။ ဘိုလီးဗီးယားနိုင်ငံရှိ ကမ္ဘာ့အကြီးဆုံး Salt Flat ဖြစ်သည့် Uyuni သို့ အမေရိကန်မှ တင်ပို့ခဲ့သော ဆိုင်ကယ်၏ အဓိကအစိတ်အပိုင်း များပါဝင်သည့် ကုန်သေတ္တာ အရောက်နောက်ကျမှုကြောင့် Hunter Sills Racing အဖွဲ့သည် မူလစီစဉ်ထားသလို ပြင်ဆင်ချိန်ခြောက် ရက်အစား နှစ်ရက်ခွဲသာရခဲ့သည်။
ဆလင်ဒါလေးလုံးထိုး 1000 CC BMW S1000RR ဆိုင်ကယ် ကို ပထမဆုံးနေ့တွင် စမ်းသပ် မောင်းနှင်ရာ၌ လျှပ်စစ်ပိုင်းဆိုင်ရာ ချွတ်ယွင်းချက်ကြုံခဲ့ရသလို အင် ဂျင်မှာလည်း ကွဲထွက်သွားခဲ့သည်။ Hunter Sills Racing အဖွဲ့ဝင်များ က အပိုပါလာသော အင်ဂျင်နှင့် အစားထိုး လဲလှယ်ပေးပြီးနောက် Erin Sills က ထပ်မံစမ်းသပ်မောင်း သောအခါ တစ်နာရီ ၂၄၂ မိုင်နှုန်း ဖြင့် စံချိန်တင်ခဲ့သော်လည်း နောက် ထပ် လျှပ်စစ်ပိုင်း ပြသနာကြောင့် ထိုစံချိန်ကို တရားဝင်အဖြစ် မ သတ်မှတ်ခဲ့ကြောင်း သိရသည်။ နောက်ဆုံးအကြိမ် ကြိုးပမ်းမှုတွင် Erin Sills သည် တစ်နာရီ ၂၂၉ မိုင်သာ မောင်းနိုင်ခဲ့သဖြင့် စမ်း သပ်စဉ်ကရခဲ့သောစံချိန်ကို မမီခဲ့ ခြင်းဖြစ်သည်။ သို့ရာတွင် Erin Sills သည် ၂ဝ၁၃ ခုနှစ်က Bonneville Salt Flats တွင် ခင်ပွန်းဖြစ်သူ Andy Sills က BMW ဆိုင်ကယ်နှင့် တစ်နာရီ ၂၂၁ မိုင် နှုန်းမောင်းထားသော စံချိန်ကိုမူ ကျော်ဖြတ်နိုင်ခဲ့သည်။

Ref :thedrive

LEAVE A REPLY

Please enter your comment!
Please enter your name here