Best Choice(Mazda Demio ၊ Daihatsu Boon ၊ Toyota Porte)

904

အင်ဂျင်ပါဝါ ၁၃ဝဝ စီစီနဲ့ ၁ဝဝဝ စီစီကားတွေထဲက စျေးနှုန်းသင့်တင့်ပြီး လူကြိုက်များတဲ့ ကားတွေဖြစ်တဲ့ Mazda Demio ၊ Daihatsu Boon နဲ့ Toyota Porte တို့ကို အခုအချိန်မှာ ဝယ်ယူမယ်ဆိုရင် ကျပ် သိန်း ၁၄ဝ အောက်မှာ ရွေးချယ် ဝယ်ယူလို့ရပါတယ်။ Small Car ဖြစ်ပေမဲ့ အကြမ်းခံပြီး ရောင်းဝယ်ရာမှာလည်း လွယ်ကူတဲ့အတွက် ဒီကားလေးတွေကို ဒီတစ်ပတ် Best Choice မှ ဖော်ပြလိုက်ပါတယ်။

 

အင်ဂျင်ပါဝါ ၁၃ဝဝ စီစီ ကားလေးတွေထဲမှာ Mazda Demio ဟာ ပုံစံဆန်းသစ်လှပတဲ့အတွက် လူကြိုက်များတဲ့ ကားအမျိုးအစားတစ်ခု ဖြစ်ပါတယ်။  Mazda Demio က Supermini ကားအမျိုးအစားဖြစ်ပြီး ၁၉၉၆ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့တာပါ။ ၁၉၉၆ ခုနှစ် ကနေ ၂ဝဝ၂ ခုနှစ် အထိကို ပထမမျိုးဆက်၊ ၂ဝဝ၂ ခုနှစ် ကနေ ၂ဝဝ၇ ခုနှစ် အထိကို ဒုတိယမျိုးဆက်၊ ၂ဝဝ၇ ခုနှစ် ကနေ ၂ဝ၁၄ ခုနှစ် အထိကို တတိယမျိုးဆက်အဖြစ် သတ်မှတ်ခဲ့ပါတယ်။

 

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

========================

၂ဝဝ၈ ခုနှစ်မှာ World Car of the Year ဆုကို ရရှိခဲ့တဲ့ Demio ဟာ DE Platform ကို အခြေခံ ထုတ်လုပ်ထားတာဖြစ်ပြီး ဒီနည်းပညာက Ford Fiesta မှာလည်း အသုံးပြုထားပါတယ်။ ၂ဝ၁၁ မိုဒယ်ကစပြီး Skyactive နည်းပညာကို အသုံးပြုထားပြီး တချို့ဂရိတ်တွေမှာ ပါဝင်ပါတယ်။ စတုတ္ထအမျိုးအစားဖြစ်တဲ့ ၂ဝ၁၄ မိုဒယ်နဲ့နောက်ပိုင်းမှာ ရုပ်ပြောင်းသွားပြီး အတွင်းခန်းနဲ့ ထိုင်ခုံတွေကအစ ပြောင်းသွားပါတယ်။ Skyactive ဂရိတ်မှာ Digital Aircon ၊ Smart Key နဲ့ Steering Volume Control ပါသွားပြီး အလွိုင်းဆိုက်ကလည်း ၁၄ လက်မ ဖြစ်သွားပါတယ်။

 

စျေးနှုန်း

========

Mazda Demio၂ဝ၁၁  မိုဒယ်ရဲ့ စျေးနှုန်းက Grade နဲ့ အက္ခရာအပေါ်မူတည်ပြီး ကျပ် သိန်း ၁၂ဝ မှ ၁၃ဝ သိန်းကြားရှိပါတယ်။ Skyactive ဖြစ်ပြီး အက္ခရာမြင့်ရင်တော့ ကျပ် သိန်း ၁၅ဝ ကြားမှာ ရှိပါတယ်။

 

ွှToyota Passo နဲ့ အရွယ်အစားတူ၊ ပုံသဏ္ဌာန်တူပြီး လိုဂိုသာကွဲသွားတဲ့ Daihatsu Boon ဟာ Daihatsu Storia ရဲ့ မျိုးဆက်လည်း ဖြစ်ပါတယ်။ Storia ကို ၂ဝဝ၄ ခုနှစ်အထိပဲ ထုတ်လုပ်ခဲ့ပြီး အဲဒီနောက်မှာ ပုံပြောင်းပြီး Boon ကို ထုတ်လုပ်ခဲ့ပါတယ်။ Boon က Subcompact/ Supermini အမျိုးအစားဖြစ်ပြီး ဂျပန်ပြည်တွင်း စျေးကွက်အတွက် အဓိကရည်ရွယ် ထုတ်လုပ်ခဲ့ခြင်းဖြစ်ပါတယ်။ Daihatsu Boon ကို ၂ဝဝ၄ ခုနှစ်က စတင်ထုတ်လုပ်ခဲ့ပြီး ၂ဝ၁ဝ ပြည့်နှစ် အထိကို ပထမမျိုးဆက်၊ ၂ဝ၁ဝ ပြည့်နှစ် နောက်ပိုင်းကို ဒုတိယမျိုးဆက်အနေနဲ့ သတ်မှတ်ခဲ့ပါတယ်။ ၂ဝဝ၆ မိုဒယ်ကစလို့ ၂ နှစ်ခြားစီ ထုတ်လုပ်ခဲ့ပြီး ၂ဝ၁ဝ မိုဒယ်မှာ ပုံပြောင်းသွားပါတယ်။ ၂ဝ၁ဝ မိုဒယ်ကနေ ၂ဝ၁၄ မိုဒယ်အထိက ပုံမပြောင်းဘဲ Toyota Passo နဲ့ ပုံသဏ္ဌာန်အနီးစပ်ဆုံး တူပါတယ်။

 

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

=========================

Passo လိုပဲ ဂီယာက စတီယာရင်ရဲ့ဘေးမှာ Gear ရှိပြီး Auto Hand Gear ဖြစ်ပါတယ်။ တံခါး ငါးပေါက်ပါ Hatchback အမျိုးအစား ဖြစ်ပြီး လူငါးဦးနဲ့ ကုန်ပစ္စည်းအပေါ့စားတွေကို သယ်ဆောင်နိုင်ပါတယ်။ Grade အနေနဲ့ 1.0 CL ၊ 1.0 Limited ၊ 1.0 CX  စတာတွေရှိပြီး 1.0 Limited နဲ့ 1.0 CX က Auto Aicon ဖြစ်ပါတယ်။ Grade အားလုံးမှာ Driver ၊ Passenger ၊ Side Airbags နဲ့ နောက် Wiper ပါရှိပြီး မှန်ကာလာဖြစ်သွားပါတယ်။

 

စျေးနှုန်း

======

Daihatsu Boon က Toyota Passo ရဲ့ စျေးတန်းနဲ့ မတိမ်းမယိမ်းမှာ ရှိပြီး ၂ဝ၁ဝ မိုဒယ် ၁ဝဝဝ စီစီ ဆိုရင် ကျပ် သိန်း တစ်ရာ နဲ့ ၁၃ဝဝ စီစီ ဆိုရင် ကျပ် သိန်း ၁၂ဝ ဝန်းကျင်မှာ ရှိပါတယ်။

 

Toyota Porte ဟာ အင်ဂျင်ပါဝါ ၁၃ဝဝ စီစီ ကားလေးတွေထဲမှာ Toyota Passo ၊ Toyota Vitz ၊ Honda Fit ၊ Suzuki Swift  တို့လောက် စျေးကွက်မှာဦးမဆောင်နိုင်ပေမဲ့ အကြမ်းခံပြီး အရွယ်အစား ကြီးမားတဲ့ Mini MPV အမျိုးအစားဖြစ်ပြီး Toyota Vitz ကို အခြေခံ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ကားကိုယ်ထည် တည်ဆောက်ပုံနဲ့ Electric-Powered Sliding Door တွေ တပ်ဆင်ထားမှုကတော့ ပြင်သစ်နာမည်ကြီး ကားအမျိုးအစားတစ်ခုဖြစ်တဲ့ Peugeot 1007 နဲ့ ပုံစံတူပါတယ်။

Porte ကို ညာမောင်းတစ်မျိုးတည်းသာ ထုတ်လုပ်ခဲ့တဲ့အတွက် ဥရောပစျေးကွက်ကို ချဲ့ထွင်နိုင်ခြင်းမရှိဘဲ ဂျပန်ပြည်တွင်းနဲ့ ညာမောင်းသုံးစွဲတဲ့ အာရှနိုင်ငံအချို့ကသာ ဝယ်ယူသုံးစွဲကြပါတယ်။

 

အပြင်ပိုင်းနှင့် အတွင်းခန်းအပြင်အဆင်

=======================

Mini MPV အမျိုးအစားဖြစ်တဲ့အတွက် အလျားရှည်ပြီး အတွင်းခန်း ကျယ်ဝန်းပါတယ်။ တခြား ၁၃ဝဝ စီစီကားတွေဖြစ်တဲ့ Passo ၊      Vitz ၊ Fit ၊ Swift တို့နဲ့ ယှဉ်ရင်လည်း အလျား၊ အနံ၊ အမြင့် ပိုများပါတယ်။ ၂ဝ၁ဝ မိုဒယ် Porte မှာ Grade အနေနဲ့ 130I ၊ 130I HID SELECTION ၊ 130I C PACKAGE ၊ 130 I C PACKAGE HID SELECTION ၊ 150R ၊ 150I ၊ 150I HID SELECTION ၊ 150R G PACKAGE ၊ 150I G PACKAGE ဆိုပြီး ကိုးမျိုး ရှိပါတယ်။ 150R ၊ 150I ၊ 150I HID SELECTION ၊    150R G PACKAGE ၊ 150I G PACKAGE Grade တွေက အင်ဂျင်ပါဝါ ၁၅ဝဝ စီစီဖြစ်ပြီး ကျန်တာတွေက ၁၃ဝဝ စီစီ ဖြစ်ပါတယ်။ Grade တိုင်းဟာ Power Window  ဖြစ်ပြီး C PACKAGE ၊ G PACKAGE တွေမှာ UV PACKAGE ဖြစ်သွားပါတယ်။ UV Filter ဖြစ်တဲ့အတွက် မှန်ကာလာပါဝင်ပါတယ်။

 

စျေးနှုန်း

======

Toyota Porte ၂ဝ၁ဝ မိုဒယ်ရဲ့စျေးက ၁၃ဝဝ စီစီ ဆိုရင် ကျပ် ၁၂ဝ ဝန်းကျင်ရှိပြီး ၁၅ဝဝ စီစီကတော့ တင်သွင်းမှုနည်းပြီး ကျပ် သိန်း ၁၅ဝ ကြားမှာ ရှိပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here