Best Choice

920

ဒီနေ့ဒီချိန်မှာ ကျပ်သိန်း တစ်ရာ ဝန်းကျင်အသုံးပြုပြီး လူစီးကားထဲက ဝယ်ယူမယ်ဆိုရင် ၆၆ဝ စီစီ ကားလေး တွေကိုပဲ ရွေးချယ်လို့ရမှာ ဖြစ်ပါတယ်။ ၆၆ဝ စီစီကားတွေကလည်း ၁၃ဝဝ စီစီကားတွေလို အမျိုးအစားပေါင်း များစွာရှိပြီး ဒီကားတွေထဲက Mitsubishi eK Wagon Daihatsu Move Conte တို့အကြောင်းကို ဖော်ပြမှာ ဖြစ်ပါတယ်။ ဒီနှစ်ရဲ့ ကားတင်သွင်းခွင့် မိုဒယ်သတ်မှတ်ချက်အရ ၆၆ဝ စီစီ လူစီးကားတွေကို တင်သွင်းမှု မရှိသလောက်ဖြစ်သွားတဲ့အတွက် Mitsubishi eK Wagon Daihatsu Move Conte တို့ကို ဝယ်ယူမယ်ဆိုရင် နံပါတ်ထွက်ပြီးသား ကားတွေထဲကပဲ ရှာဖွေရမှာဖြစ်ပါတယ်။

 

Mitsubishi eK Wagon

 

Excellent Kei လို့ အမည်ပေးထားတဲ့ eK Wagon ကို ၂ဝဝ၁ ခုနှစ်၊ အောက်တိုဘာလမှာ စတင်ထုတ်လုပ်ခဲ့ပါတယ်။ ဒီကားက Mitsubisbi Minica ကို အခြေခံထား ထုတ်လုပ်တာဖြစ်ပြီး eK Active eK Classy eK Custoem eK Sport  စတဲ့ အမည်နာမတွေနဲ့လည်း ခေါ်ဝေါ်ကြပါတယ်။ eK Wagon ဟာ စတင်ထုတ်လုပ်ခဲ့တဲ့နှစ်မှာပဲ ဂျပန်စီးကူးဝန်ကြီးဌာနကချီးမြင့်တဲ့ အကောင်းဆုံးဒီဇိုင်းဆုကို ရရှိခဲ့ပြီး ၂ဝဝ၅ ခုနှစ်အထိ Mitubushi အနေနဲ့ ပြည်တွင်းစျေးကွက်မှာ ရောင်းအား အကောင်းဆုံးကားဖြစ်ခဲ့ပါတယ်။ ကားစျေးကွက်မှာလည်း eK Wagon ကို မိသားစုသုံး အပေါ့စားကားအနေနဲ့သာမက အငှားယာဉ်အနေနဲ့လည်း အသုံးပြုလာကြ ပြီ ဖြစ်ပါတယ်။

 

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

eK Wagon ကို ၂ဝဝ၁ မိုဒယ်ကနေ ၂ဝဝ၅ မိုဒယ်အထိကို ပုံစံတစ်မျိုး၊ ၂ဝဝ၆ ၊ ၂ဝဝ၇ မိုဒယ်မှာ ပုံစံတစ်မျိုး၊ ၂ဝဝ၈ မိုဒယ်ကနေ ၂ဝ၁၂ မိုဒယ် အထိကို ပုံစံတစ်မျိုးထုတ်လုပ်ခဲ့ပါတယ်။ ၂ဝ၁၃ မိုဒယ်နောက်ပိုင်းမှာ ရှဲလ်၊ မီးခွက်၊ ဘော်ဒီအချိုး၊ ဘေးဖောင်းလိုင်းတွေပါ ပြောင်းသွားပြီး Sport ဆန်တဲ့ အငွေ့အသက်တွေ ပါသွားပါတယ်။ 2010 Model Late မှာ Grade  ငါးခုလောက်ရှိပေမဲ့ အတွင်းဂရိတ် သိသိသာသာ ကွာခြားသွားတာမရှိပါဘူး။ Grade  အားလုံးက Manual Aircon နဲ့ ပါဝါဝင်းဒိုးဖြစ်ပြီး  မှန်ကာလာနဲ့ နောက်ဝိုက်ပါ ပါရှိပါတယ်။

 

စျေးနှုန်း

၂ဝ၁ဝ မိုဒယ် eK Wagon ရဲ့စျေးက Daihatsu Mira နဲ့ Suzuki Alto တို့ကြားမှာရှိပြီး နံပါတ်အနိမ့်အမြင့်နဲ့ ရန်ကုန်လိုင်စင်၊ နယ်လိုင်စင်အပေါ်မူတည်ပြီး ကျပ်သိန်း ကိုးဆယ်ကနေ တစ်ရာ သိန်းကြားမှာ ရှိပါတယ်။

 

Daihatsu Move ရဲ့ Sub-brand တစ်ခုဖြစ်တဲ့ Conte ဟာ Toyota Pixis Space လိုမျိုး လေးထောင့်ဆန်ပြီး ခေါင်မြင့် ကားတစ်စီးဖြစ်ပါတယ်။ ဒီကားက ၆၆ဝ စီစီအောက် Kei ကားဖြစ်ပြီး ဂျပန်ပြည်တွင်းစျေးကွက်မှာ

Daihatsu Move Conte

သူ့ရဲ့အဓိကပြိုင်ဘက်က Suzuki Alto Lapin  ဖြစ်ပါတယ်။ ဒီကားနှစ်စီးက အင်ဂျင်ပါဝါတူသလို ပုံသဏ္ဌာန် လည်းဆင်တဲ့အတွက် Kei ကားထဲမှာ ပြင်းထန်တဲ့ပြိုင်ဘက်အနေနဲ့ ဒီနေ့တိုင် အားပြိုင်မှုတွေ ရှိနေပါတယ်။ Move Conte ကို Daihatsu က ၂ဝဝ၈ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး  ၂ဝ၁ဝ ပြည့်နှစ်အရောက်မှာ ဂျပန်နိုင်ငံရဲ့ ရောင်းအားအကောင်းဆုံး ကားတွေထဲမှာ နံပါတ် ၃၁ နေရာ ရရှိခဲ့ပါတယ်။ Move Conte ကို ၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလမှာ Toyota ရဲ့ ပထမဆုံး Kei ကားဖြစ်တဲ့ Pixis Space ရဲ့ အမည်နာမအောက်မှာလည်း စျေးကွက်ထိုးဖောက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

 

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

လေးယောက်စီး၊ တံခါး ငါးချပ်ဖြစ်ပြီး ဂရိတ်အနေနဲ့ X special ၊ X+S ၊ X ၊ G စတာတွေ ရှိပါတယ်။ ဒီဂရိတ်တွေထဲမှာ X Special က Manual Aircon ဖြစ်ပြီး ကျန်ဂရိတ်တွေကတော့ Auto Aircon ဖြစ်ပါတယ်။ ဂရိတ်တွေအားလုံးက ပါဝါဝင်းဒိုးနဲ့ မှန်ကာလာဖြစ်ပြီး နောက်ဝိုက်ပါ ပါရှိပါတယ်။ Airbag နှစ်လုံးပါရှိပြီး G Grade မှာဆိုရင် အလွိုင်းဆိုက်က ၁၄ လက်မဖြစ်သွားပါတယ်။ ဘော်ဒီကာလာအနေနဲ့ အနက်၊ အညို၊ အပြာ၊ ပန်းရောင်၊ ဓာတ်တိုင်၊ ပါးဝှိုက်၊ ရွှေရောင်တို့ ရှိပါတယ်။

 

စျေးနှုန်း

Daihatsu Move Conte ၂ဝ၁ဝ မိုဒယ်ရဲ့စျေးက Mira ၊ Alto တို့ရဲ့ အပေါ်မှာရှိပြီး ရန်ကုန်လိုင်စင် I ၊ K ၊ K  အက္ခရာတန်းဆိုရင် ကျပ် ၁ဝ၅ သိန်းဝန်းကျင်မှာ ရှိပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here