Best Choice

911

ဒီတစ်ပတ် Best Choice ကဏ္ဍမှာ Sports ဆန်ပြီး လူငယ်အကြိုက်ကားတွေဖြစ်တဲ့ Mazda Roadster  နဲ့ Daihatsu Copen တို့အကြောင်းကို ဖော်ပြလိုက်ရပါတယ်။ ဒီကားလေးတွေက နှစ်ယောက်စီး အမိုးဖွင့်ကားဖြစ်တဲ့အတွက် Sport Type စီးချင်တဲ့ သူတွေအတွက် ရွေးချယ်သင့်တဲ့ကား အမျိုးအစားဖြစ်ပြီး ဒီဇိုင်းလန်းတဲ့အတွက်လည်း ပြိုင်ကားချစ်သူ လူငယ်တွေကြားမှာ ရေပန်းစားတဲ့ကားဖြစ်ပါတယ်။

Mazda ကထုတ်လုပ်တဲ့ ပြိုင်ကားတွေထဲမှာ လူကြိုက်အများဆုံးနဲ့ နိုင်ငံတကာဆုတံဆိပ်တွေ အများအပြားရရှိခဲ့တဲ့ Roadster ကို Mazda MX-5 ဆိုပြီး လူသိများပါတယ်။ Mazda Roadster  ဟာ Mazda RX7  ၊ Mazda RX8 တို့ထက် အင်ဂျင်ပါဝါပိုကြီးပြီး Safety ပိုင်းမှာလည်း ပိုကောင်းတဲ့အတွက် Sport Car  ကြိုက်တဲ့သူတွေ သင့်တော်တဲ့ကားအမျိုးအစားဖြစ်ပါတယ်။ နောက်ပြီး ဈေးနှုန်းကလည်း ကျပ်သိန်း နှစ်ရာ ဝန်းကျင်မှာပဲရှိတဲ့ အတွက် ဈေးအသင့်အတင့်နဲ့ Sport Car  ပိုင်ဆိုင်ချင်တဲ့သူတွေ ရွေးချယ်သင့်တဲ့ကားဖြစ်ပါတယ်။

Mazda Roadster  ကို ၁၉၈၉ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့ပြီး မြောက်အမေရိကမှာ MX-5 Miata ၊ ဂျပန်မှာ Eunos Roadster ဆိုပြီး သိကြပါတယ်။ ဒီကားကို ဟီရိုရှီးမားမြို့မှာရှိတဲ့ Mazda ကားစက်ရုံမှာ ထုတ်လုပ်ခဲ့တာဖြစ်ပြီး ၁၉၈၉ မိုဒယ်ကနေ ၁၉၉၈ မိုဒယ်အထိကို ပထမမျိုးဆက်၊ ၁၉၉၉ မိုဒယ်နောက်ပိုင်းကို ဒုတိယမျိုးဆက်၊ ၂၀ဝ၅ မိုဒယ်နောက်ပိုင်းကို တတိယမျိုးဆက်နဲ့ ၂၀၁၅ မိုဒယ်နောက်ပိုင်းကို စတုတ္ထမျိုးဆက်အနေနဲ့ သတ်မှတ်ထားပါတယ်။ ဒီကားကို ထုတ်လုပ်တဲ့သက်တမ်းတစ်လျှောက်မှာ Wheels Magazine ကပေးတဲ့ Car of the Year ဆု၊ Sports Car International   က ချီးမြှင့်တဲ့ Best Sport Car of the Year  ၊ Car and Driver Magazine ကပေးတဲ့ Ten Best List ဆု၊ Car of the Year Japan ဆုနဲ့ Australian Car of the Year စတဲ့ဆုတွေရရှိခဲ့ပါတယ်။

အင်ဂျင်အမျိုးအစား

Mazda RX8 က အင်ဂျင်ပါဝါ ၁၃၀ဝ စီစီသာရှိပေမဲ့ Roadster ကတော့ အင်ဂျင်ပါဝါ ၂၀ဝ၀ စီစီအထိ ထုတ်လုပ်ထားပါတယ်။ စတုတ္ထမျိုးဆက်ဖြစ်တဲ့ ၂၀၁၅ မိုဒယ်နောက်ပိုင်း မှာတော့ ၁၅၀ဝ စီစီနဲ့ပဲ ထုတ်လုပ်ထားပါတယ်။ Front Engine Rear Wheel Drive အမျိုးအစားဖြစ်ပြီး Manual Gear  ခြောက်ချက်နဲ့ Auto Gear  ခြောက်ချက် ထုတ်လုပ် ထားပါတယ်။

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

နှစ်ယောက်စီးအမိုးဖွင့်ကားဖြစ်တဲ့ Roadster ကို ပေါ့ပါးပြီး လေခွင်းအားကောင်းအောင် ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ Roadster ဟာ အတွင်းဂရိတ်မြင့်လို့ Digital Aircon ၊ Leather Steering Wheel ၊ Steering Volume Control  နဲ့ Leather Seat တို့ ပါဝင်ပါတယ်။ အသံစနစ်ကိုလည်း အကောင်းမွန်ဆုံးဖြစ်အောင် ဖန်တီးထားပြီး CD ခြောက်ချပ်ထည့်နိုင်တဲ့ CD Changer  ၊ MP3  ၊ Aux ၊ WMA Player  စတာတွေကို ထည့်သွင်းထားပြီး Sound system  အတွက် Speaker ခုနစ်လုံးကိုလည်း ထည့်သွင်းထားပါတယ်။

ဈေးနှုန်း

Mazda Roadster ၂၀၁၂၊ ၂၀၁၃ မိုဒယ်ကိုဝယ်ယူမယ်ဆိုရင် ကားဒီဇိုင်း၊ ကြံ့ခိုင်မှုအနေ အထားနဲ့ အက္ခရာအပေါ်မူတည်ပြီး ကျပ်သိန်း နှစ်ရာကနေ ၂၅၀ ကြားမှာရှိပါတယ်။

 

အင်ဂျင်ပါဝါ ၆၆၀ စီစီသာရှိပေမဲ့ Turbo Engine တပ်ထားပြီး ခေါင်မိုးအရှင်ဖြစ်သလို ပြိုင်ကားအငွေ့အသက်ဆန်တဲ့ Daihatsu Copen ဟာ လူငယ်ကြိုက်ကားအမျိုးအစားတစ်ခုဖြစ်ပါတယ်။ ဒီကားကို ကားအရောင်းစင် တာတွေ၊ ကားပွဲစားတန်းတွေမှာ သိပ်မတွေ့ရပေမဲ့ ပြိုင်ကားချစ်သူတွေကတော့ ဈေးအသင့်အတင့်နဲ့ Hot ဖြစ်တဲ့အတွက် ဝယ်ယူစီးနင်းနေကြတာကို တွေ့လာရပါတယ်။

Daihatsu ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ Roadster အမျိုးအစား Copen ဟာ အလူမီနီယံခေါင်မိုးကို အရှင်ပြုလုပ်ထားပြီး တံခါးနှစ်ပေါက်၊ နှစ်ယောက်စီးဖြစ်တဲ့အတွက် ပြိုင်ကားဆန်တဲ့အငွေ့အသက်တွေ ခံစားရမှာ ဖြစ်ပါတယ်။ ဒီကားကို 1999 Tokyo Motro Show မှာ Daihatsu က Concept  ကားအနေနဲ့ ပြသခဲ့ပြီး ၂၀ဝ၂ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ UK Motor Show တစ်ခုဖြစ်တဲ့ Top Gear အစီအစဉ်မှာ ရုပ်သံတင်ဆက်သူတစ်ဦးဖြစ်တဲ့ James May က Copen  ကို Mercedes-Bens CLK ၊ Audi A4 ၊ Citroen C3 ၊ Volkswagen New Beetle တို့နဲ့အတူ ယှဉ်မောင်းခဲ့တဲ့အခါမှာ Copen က ကြိုက်နှစ်သက်ဖွယ် ကား တစ်စီးဖြစ်ပေမဲ့ အရုပ်ဆန်တဲ့ကားတစ်စီးဖြစ်တယ်လို့ သုံးသပ်သွားခဲ့ပါတယ်။

အင်ဂျင်အမျိုးအစား

Daihatsu Copen ကို ဂျပန်နိုင်ငံရဲ့ Kei  ကားစည်းမျဉ်းအတိုင်း ထုတ်လုပ်ခဲ့ပြီး ၆၆၀ စီစီကို Turbocharged Engine  နဲ့ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဒီကားကို ပြည်ပ တင်ပို့ရာမှာ Environmental Emission Standards နဲ့ ကိုက်ညီဖို့အတွက် ၁၃၀ဝ စီစီအင်ဂျင်နဲ့လည်း ထုတ်လုပ်ထားပါတယ်။ Copen ကို 2WD   တစ်မျိုးတည်းကိုသာ Manual Gear ငါးချက်၊ Auto Gear  လေးချက်နဲ့ ထုတ်လုပ်ထားတာဖြစ်ပါတယ်။

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

Daihatsu Copen က အမြင့် လေးပေကျော်သာရှိပြီး ကားအလေးချိန်ကလည်း ပေါင် ၁၈၀ဝ ကျော်သာရှိလို့ ပေါ့ပါးသေးသွယ်တဲ့ကားဖြစ်ပါတယ်။ ခေါင်မိုးကို အဖွင့်၊ အပိတ် ပြုလုပ်လို့ရအောင် အလူမီနီယမ်ခေါင်မိုးနဲ့ အရှင်ထားထားပါတယ်။ ၂၀၁၀ မိုဒယ်မှာ ဂရိတ်အနေနဲ့ Active Top နဲ့ Ultimate Edition S ဂရိတ်နှစ်မျိုးသာရှိပြီး Edition ဂရိတ် Push-start  ဖြစ်တာများပါတယ်။ ကားအရွယ်အစားသေးငယ်ပေမဲ့ Sport Type သဏ္ဌာန်တည်ဆောက်ထားလို့ အလွိုင်းကို ၁၅ လက်မဆိုက် တပ်ဆင်ထားပါတယ်။

ဈေးနှုန်း

Daihatsu Copen က အရေအတွက် ကန့်သတ်ထုတ်လုပ်ထားတဲ့အတွက် မြန်မာနိုင်ငံမှာ လည်း ဒီကားကိုတင်သွင်းမှု နည်းပါတယ်။ ဒီကားကို ဝယ်ယူမယ်ဆိုရင် မိုဒယ်၊ အရောင်၊ ကားအခြေအနေနဲ့ အက္ခရာအပေါ်မူတည်ပြီး ကျပ်သိန်း ၁၈၀ နဲ့ ၂၂၀ ကြားမှာရှိပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here