Best Choice

1283

ဈေးကွက်ထဲမှာ လူကြိုက်များပြီး အရောင်းအဝယ်ပြုလုပ်ရလွယ်ကူတဲ့ MPV နဲ့ Wagon အမျိုးအစားထဲက Honda Freed ၊ Nissan Wingorad နဲ့ Toyata Probox အကြောင်း ကို ဖော်ပြလိုက်ပါတယ်။ ဒီကားအမျိုးအစားတွေဟာဆိုရင် လူစီးအတွက်အသုံးပြုရုံသာမက အပေါ့စားပစ္စည်းတွေ သယ်ဆောင်ဖို့အတွက်လည်း သင့်တော်ပါတယ်။

Honda Mobilio ကို အစားထိုးထုတ်လုပ်ထားတဲ့ Honda Freed  ဟာ Mini MPV အမျိုးအစားဖြစ်ပြီး အင်ဂျင်ပါဝါ ၁၅၀ဝ စီစီသာရှိပေမဲ့လည်း လူ ခြောက်ဦးကနေ ရှစ်ဦးအထိ သယ်ဆောင်နိုင်တဲ့  ကားအမျိုးအစားဖြစ်ပါတယ်။ Honda ကုမ္ပဏီကနေ Honda Freed ကို ၂၀ဝ၈ ခုနှစ်ကမှ ဘက်စုံသုံး Mini MPV အနေနဲ့ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ Honda ရဲ့ နာမည်ကြီး ကားအမျိုးအစားတွေဖြစ်တဲ့ Fit နဲ့ Jazz ကို အခြေခံထုတ်လုပ်ထားတာ ဖြစ်ပြီးVersion  သုံးမျိုးရှိသလို ခြောက်ယောက်စီး၊ ခုနစ်ယောက်စီး၊ ရှစ်ယောက်စီးဆိုပြီးတော့လည်း ခွဲခြားထားပါတယ်။ ဒီကားမှာ သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းသူတွေ စီးနင်းနိုင်ဖို့အတွက် Wheelchair ပါတဲ့ Version နဲ့လည်း ထုတ်လုပ်ထားပါတယ်။

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

Honda Freed မှာ ထိုင်ခုံ သုံးတန်းတပ်ဆင်ထားပြီး ဒုတိယတန်းနဲ့ တတိယတန်းမှာ ထိုင်ခုံအရေအတွက်အပေါ်မူတည်လို့ ခြောက်ယောက် စီးနဲ့ ရှစ်ယောက်စီး ကွဲသွားပါတယ်။ ဂရိတ်အနေနဲ့ G၊ G Just Selection ၊ G Aero စတဲ့ ဂရိတ် သုံးမျိုးရှိပြီး Just Selection နဲ့ Aero ဂရိတ်တွေမှာ Aircon Auto ဖြစ်သွားပါတယ်။ အမြင့်ဆုံးဂရိတ်ဖြစ်တဲ့ Aero မှာ Leather Steering ၊ Xenon Headlight ၊ ရှေ့နောက် Spoiler ပါသွားပြီး Alloy Size ၁၅ လက်မဖြစ်သွားပါတယ်။ အများစုကတော့ ရိုးရိုး G Grade မှာ ခြောက်ယောက်စီးပဲ လာတတ်ပြီး Just Selection နဲ့ Aero  ဖြစ်မှသာ ခုနစ်ယောက်စီးနဲ့ ရှစ်ယောက်စီးဖြစ်သွားပါတယ်။

ဈေးနှုန်း

Honda Freed ၂၀၁၂ မိုဒယ်ကို ရန်ကုန် လိုင်စင်နဲ့ဝယ်ယူမယ်ဆိုရင် အက္ခရာနဲ့ကား အခြေအနေအပေါ်မူတည်ပြီး ကျပ်သိန်း ၂၄၀ ကနေ သိန်း ၂၆၀ ကြားမှာရှိပါတယ်။

Nissan AD Van  ရဲ့ မျိုးဆက်တစ်ခုလို့ဆိုရမယ့် Nissan Wingroad က Sport ဆန်ပြီး V-Shape သဏ္ဌာန်ရှိတဲ့အတွက် ဆန်းသစ်လှပပါတယ်။ AD Van ကို လုပ်ငန်းသုံးအတွက်ဦးတည်ပြီး Van Type အမျိုးအစား ထုတ်လုပ်ခဲ့ပေမဲ့ Wingroad ကိုတော့ လူစီးအတွက်ရည်ရွယ်ပြီး Wagon Type ထုတ်လုပ်ထားတဲ့အတွက် အတွင်းခန်းတည်ဆောက်ပုံက ဆလွန်းကားအတိုင်းပဲ ဖြစ်ပါတယ်။ AD Van ရဲ့ ဒုတိယမျိုးဆက်ဖြစ်တဲ့ Y10 Type ကို အခြေခံထုတ်လုပ်ထားတဲ့ Wingroad ကို ၁၉၉၆ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပါတယ်။ စတင်ထုတ်လုပ်တဲ့ မိုဒယ်တွေက Wagon Type နဲ့ မတူဘဲ Van Type ပုံစံဖြစ်ပြီး ဘော်ဒီအချိုးအဆစ်တွေကလည်း မလှပတဲ့အတွက် လူကြိုက်နည်းခဲ့ပါတယ်။ ဒါပေမဲ့ ၂၀ဝ၅ မိုဒယ်နောက်ပိုင်းမှာတော့ တတိယမျိုးဆက်အနေနဲ့ ပုံစံဆန်းသစ်ထုတ်လုပ်ခဲ့ပါတယ်။

 

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

Wagon Type ဖြစ်တဲ့အတွက် ထိုင်ခုံ၊ Dashboard  နဲ့ အတွင်းခန်းက ဇိမ်ခံကားပုံစံ ဖြစ်သွားပါတယ်။ ၂၀၁၀ မိုဒယ်မှာ 15S နဲ့ 15S Four တို့ကလွဲပြီး ကျန် Grade တွေက Aircon Auto ဖြစ်ပါတယ်။ Grade အားလုံးက Power Window  ဖြစ်ပြီး Authentic နဲ့ Rider မှာ Smart Key နဲ့ TV အမြှုပ်ပါရှိပါတယ်။ ၂၀၁၀ မိုဒယ်ဖြစ်တဲ့အတွက် ရှေ့နှင်းခွဲမီး၊ ရှေ့နောက် Spoiler နဲ့ နောက် Wiper တွေပါရှိပါတယ်။

ဈေးနှုန်း

Nissan Wingroad 2010 မိုဒယ်ကို ရန်ကုန် လိုင်စင်နဲ့ဝယ်ယူမယ်ဆိုရင် Rider Grade ကျပ်သိန်း ၁၉၀ ကနေ သိန်း ၂၀၀ ကြားရှိ ၊ Normal Grade ကျပ်သိန်း ၁၆၀ ကနေ ၁၆၅ သိန်း ကြားမှာရှိပါတယ်။

ရန်ကုန်မြို့ရဲ့ အငှားယာဉ်ဈေးကွက်မှာ  Toyota Probox က AD Van  ၊ Honda Airwave တို့ထက် ဈေးကွက်ဝေစုပိုရနေပြီး ၁၃၀ဝ စီစီထက် ၁၅၀ဝ စီစီ ကိုအကြမ်းခံတဲ့အတွက် ပိုပြီးရွေးချယ်လာကြပါတယ်။ Toyota Probox က မီးလောင်လွယ်တယ်ဆိုပြီး ဝယ်လက်နည်းသွားခဲ့ပေမဲ့ မီးလောင်ရခြင်းအကြောင်းရင်းက အင်ဂျင် Error ကြောင့်မဟုတ်ဘဲ User Fault ကြောင့်လို့ သိလာကြတဲ့အခါမှာ ဝယ်လိုအားပြန်ကောင်းလာခဲ့ပါတယ်။ Toyota ကုမ္ပဏီက Corolla Van နေရာမှာ အစားထိုးဖို့အတွက် Probox ကို ၂၀ဝ၂ ခုနှစ်က စပြီးထုတ်လုပ်ခဲ့ပါတယ်။ Probox ကို တက္ကစီအနေနဲ့ ပီရူးနိုင်ငံမှာ ဘယ်မောင်းပြောင်းပြီး အသုံးပြုကြတာ တွေ့ရပါတယ်။  ဘိုလီးဗီးယားနဲ့ မြန်မာနိုင်ငံမှာလည်း တက္ကစီအနေနဲ့ အများဆုံးတွေ့ရပါတယ်။

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

Probox ကို ၂၀ဝ၂ ခုနှစ်ကနေ စတင်ထုတ်လုပ်ခဲ့ပြီ နောက်ဆုံးမိုဒယ်အထိ ဘော်ဒီ ဒီဇိုင်း မပြောင်းလဲဘဲ ထုတ်လုပ်ထားပါတယ်။Probox မှာ အင်ဂျင်ပါဝါ ၁၃၀ဝ စီစီက NCP 50  နဲ့ထွက်ပြီး ၁၅၀ဝ စီစီက NCP 58G/NCP 55/NCP 51 တို့နဲ့ ထွက်ပါတယ်။ ဂရိတ်အနေနဲ့ DX မှာ ပါဝါတံခါးတစ်ချပ်နဲ့ မှန်ချိန်ပါပြီး GL ဖြစ်မှသာ ရှေ့တံခါး နှစ်ပေါက်စလုံး ပါဝါဖြစ်သွားသလို မှန်ချိုးမှန်ခေါက်၊ မှန်ချိန်နဲ့ နောက်ဝိုက်ပါ ပါသွားပါတယ်။ F ဂရိတ်ကတော့ ၁၅၀ဝ စီစီနဲ့ပဲလာပြီး ပါဝါတံခါးလေးချပ်၊ မှန်ချိုးမှန်ခေါက်၊ မှန်ချိန်နဲ့    နောက်ထိုင်ခုံခေါင်းမှီ ပါသွားပါတယ်။

ဈေးနှုန်း

Toyota Probox 2010  မိုဒယ် ရန်ကုန် လိုင်စင် နံပါတ်အနက် F Grade   က ကျပ် သိန်း ၁၈၀ အထက်မှာရှိပြီး DX နဲ့ GL ဂရိတ်တွေကတော့ ကားအခြေအနေနဲ့ အက္ခရာအနိမ့်၊ အမြင့်အပေါ်မူတည်ပြီး  ကျပ် ၁၄၅ သိန်းနဲ့ ၁၆၅ သိန်း ကြားမှာရှိ ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here