Bajaj RE ၏ ကိုယ်ပိုင် Showroom ပခုက္ကူမြို့တွင် တိုးချဲ့ဖွင့်လှစ်မည်

92

 

ပခုက္ကူ၊ အောက်တိုဘာ ၂၆

လက်ရှိ ပြည်တွင်းတွင် ခရီးသည်တင် သုံးဘီးဆိုင်ကယ်ဈေးကွက်၌ ဈေးကွက်ဝေစုအများဆုံးရရှိထားသော Bajaj RE က မြန်မာနိုင်ငံတွင် ကိုယ်ပိုင် Showorom သုံးခုအထိ ဖွင့်လှစ်ထားပြီးဖြစ်ရာ မကြာမီ မကွေးတိုင်း၊ ပခုက္ကူမြို့တွင်ပါ တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း Power Moto ကုမ္ပဏီမှ သိရသည်။

“ဈေးကွက်တောင်းဆိုမှုအပေါ်မူတည်ပြီး ဝယ်ယူချင်တဲ့သူတွေ နီးစပ်ရာမြို့မှာ မြန်မြန်ဆန်ဆန် ဝယ်ယူနိုင်အောင်လို့ တိုးချဲ့ဖွင့်လှစ်မှာပါ၊ မကြာခင် ပခုက္ကူမှာ ဖွင့်လှစ်ပေးနိုင်ဖို့ စီစဉ်နေတယ်”ဟု Bajaj RE ၏ မြန်မာပြည် Authorized Distributor ဖြစ်သော Power Moto ကုမ္ပဏီမှ Marketing Manager ကိုအာကာမင်းက ပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံတွင် Power Moto ကုမ္ပဏီမှ Bajaj RE ကိုယ်ပိုင် Showroom များကို မန္တလေးမြို့တွင် နှစ်ခု၊ မင်းဘူးမြို့တွင် တစ်ခုနှင့် မကြာမီ ပခုက္ကူမြို့၌ တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကာ Sales, Service နှင့် Spareparts (3S) ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီမှ ထပ်မံသိရသည်။

“အရင်ကတော့ Bajaj RE သုံးဘီးကို တက္ကစီဆွဲဖို့ပဲ သုံးခဲ့ကြတယ်၊ အခုကျတော့ Bajaj RE မှာလည်း ကုန်တင်သုံးဘီးတွေထွက်တော့ တချို့ဒေသတွေမှာ အိမ်စီးပွားရေးလုပ်ငန်းတွေမှာပါ သုံးလာကြတယ်၊ ဥပမာ-ကိုယ့်အိမ်မှာ ကုန်စုံဆိုင်ရှိရင် ကုန်စုံဆိုင်မှာသုံးဖို့၊ ရေသန့်လုပ်ငန်းဆိုလည်း ရေသန့်ဘူးတွေပို့ဖို့ ဒါမျိုးတွေ သုံးလာတယ်၊ တောင်သူတွေဆိုလည်း သီးနှံတွေသယ်ဖို့ပါ သုံးလာကြတယ်” ဟု ယင်းကုမ္ပဏီမှ Marketing Manager ကိုအာကာမင်းက ထပ်မံဆိုသည်။

Bajaj RE သုံးဘီးဆိုင်ကယ်သည် ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးတွင် ရောင်းအားအကောင်းဆုံး နံပါတ်တစ် အမှတ်တံဆိပ်ဖြစ်ပြီး လက်ရှိ မြန်မာနိုင်ငံတွင် အင်ဂျင်နှင့်ဆက်စပ်ပစ္စည်းများကို ၂ နှစ်အာမခံ၊ သို့မဟုတ် ကီလိုမီတာ ၁၈,၀၀၀ ဝန်ဆောင်မှုပေး၍ Power Moto ကုမ္ပဏီက ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

Bajaj RE သုံးဘီးဆိုင်ကယ်များကို 200 CC ဖြင့် ပလပ်နှစ်လုံးတပ် DTSI နည်းပညာအသုံးပြု၍ ထုတ်လုပ်ထားခြင်းဖြစ်ကာ အခြားသုံးဘီးများထက် ဆီစားနှုန်း ၂၅ ရာခိုင်နှုန်းသက်သာပြီး အင်ဂျင်စွမ်းဆောင်ရည်ကောင်းမွန်ခြင်းကြောင့် တစ်ကမ္ဘာလုံးတွင် နံပါတ်တစ် နေရာ၌ ဈေးကွက်ဝေစုကို ဦးဆောင်နေကြောင်းနှင့် အိန္ဒိယနိုင်ငံရှိ Research & Development ဌာနတွင်ပင် ဝန်ထမ်းပေါင်း သုံးထောင်ကျော်ဖြင့် လုပ်ဆောင်နေကြောင်း ယင်းကုမ္ပဏီမှ သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here