Bajaj RE အလုပ်အကိုင်အခွင့်အလမ်းပြပွဲတွင် သုံးဘီးဆိုင်ကယ်ဝယ်ယူရန် Deposit တင်ထားသူ ၁ဝဝ ကျော်ရှိခဲ့

669

မန္တလေး၊ မေ

အရင်းအနှီးနည်းနည်းဖြင့် ကိုယ်ပိုင်လုပ်ငန်းတစ်ခု စတင်နိုင်မည့် Bajaj RE အလုပ်အကိုင်အခွင့်အလမ်းပြပွဲကို မန္တလေးမြို့ ၆၂လမ်း၊မနော်ရမ္မံဥယျဉ်ကစားကွင်းတွင် ပြီးခဲ့သည့် မေလ ၆ ရက်က ပြုလုပ်ခဲ့ရာ Deposit ငွေတင်၍ သုံးဘီးဆိုင်ကယ်ဝယ်ယူခဲ့သူ ၁ဝဝ ဦး ကျော်ရှိခဲ့ကြောင်း Power Moto ကုမ္ပဏီမှ သိရသည်။

”အရင်းအနှီးနည်းနည်းနဲ့ ကိုယ်ပိုင်လုပ်ငန်းတစ်ခု လုပ်ချင်သူ လက်ရှိလုပ်ငန်းတစ်ခုရှိပြီးသားဖြစ်သော်လည်း နောက်ထပ်အပိုဝင်ငွေတစ်ခုရှာချင်သူတွေအတွက် Bajaj RE အလုပ်အကိုင်အခွင့်အလမ်းပွဲကို ကျင်းပပြုလုပ်ခဲ့တာပါ၊အဲဒီပွဲမှာ ကျွန်တော်တို့ ထင်ထားတာထက် Deposit တင်ပြီး ဝယ်တဲ့သူ တော်တော်များခဲ့တယ်၊ Deposit တင်ပြီး ဝယ်တဲ့သူ အားလုံး၁ဝဝ ဦးကျော်တယ်”ဟု Bajaj RE ခရီးသည်တင်သုံးဘီးဆိုင်ကယ်များ တင်သွင်းရောင်းချနေသည့် Power Moto ကုမ္ပဏီမှ Digital Marketing တာဝန်ခံကိုအာကာမင်းက ပြောကြားသည်။

ယင်းပွဲ၌  Deposit တင်၍ ဝယ်ယူသူ ၁ဝဝ ဦးကျော်မှာ မန္တလေးမြို့ခံများဖြစ်ပြီး မန္တလေးမြို့အတွင်း အပိုဝင်ငွေအတွက် Taxi ပြေးဆွဲကြရန် ယင်းသို့ ကြိုတင် Deposit ငွေတင်ကာဝယ်ယူကြခြင်းဖြစ်၍ အရစ်ကျဝယ်ယူသူ မှာ၈ဝ ရာခိုင်နှုန်းခန့်ရှိကြောင်း Bajaj RE သုံးဘီးဆိုင်ကယ်အရောင်းပြခန်းမှ သိရသည်။

” အရစ်ကျစနစ်နဲ့ ကုမ္ပဏီက တိုက် ရိုက် ၁၃ လအရစ်ကျရောင်းချပေးတယ်၊ အရစ်ကျစဝယ်ရင် ကနဦး ၂၄ သိန်းစသွင်းရမယ်၊ ဒါကတော့ အနည်းဆုံးပေါ့၊ ကျန်ငွေပေါ်မှာ အတိုး ၁ဝ ရာခိုင်နှုန်းကောက်ပြီး ၁၃ လအရစ်ကျရောင်းချပေးပါတယ်၊ အကယ်၍ ၃လ၊ ၄ လအတွင်း ကျန်ငွေကိုဆပ်နိုင်တယ်ဆိုရင် အတိုးနှုန်းကို ၁ဝ ရာခိုင်နှုန်းမယူတော့ဘဲ ၃ လ၊ ၄ လစာအတိုးနည်းနည်းပဲ ယူလိုက်တယ်”ဟု အဆိုပါ အရောင်းပြခန်းမှ Digital Marketing တာဝန်ခံ ကိုအာကာမင်းက ဆိုသည်။

Bajaj RE ခရီးသည်တင်သုံးဘီးဆိုင်ကယ်ကိုနောက်ပိုင်းကာလတွင်လည်း ၁၃ လအရစ်ကျဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး တစ်စီးလျှင် လုပ်ငန်းလိုင်စင်နှင့်လိုင်စင်ပါ ကျပ် ၃,၈၆ဝ,ဝဝဝဖြင့်ရောင်း ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

 

LEAVE A REPLY

Please enter your comment!
Please enter your name here