Bajaj RE သုံးဘီးဆိုင်ကယ်များအား Covid-19 ကာလအတွင်း ကျပ် တစ်သိန်းခွဲမှ နှစ်သိန်းကျော်အထိ ဈေးလျှော့ရောင်းချပေးနေ

105

 

မန္တလေး၊ အောက်တိုဘာ ၂၄

ကမ္ဘာတစ်ဝန်း ခရီးသည်တင် သုံးဘီးဆိုင်ကယ်ထုတ်လုပ်မှုတွင် နံပါတ်တစ် Brand ဖြစ်သော Bajaj RE မှ မန္တလေးမြို့အပါအဝင် နယ်ဒေသအများစု၌ Covid-19 ကာလ အထောက်အကူဖြစ်စေရန် ရောင်းချပေးနေသည့် ဈေးနှုန်းများကို ကျပ်တစ်သိန်းခွဲမှ နှစ်သိန်းကျော်အထိ ဈေးလျှော့ပေးထားကြောင်း Power Moto ကုမ္ပဏီမှ သိရသည်။

“Covid-19 ကာလမှာ စီးပွားရေးလုပ်နေကြတဲ့သူတွေအားလုံး ဈေးသက်သက်သာသာ ဝယ်ယူရရှိနိုင်အောင်လို့ အခုလို ဈေးချပေးတာပါ” ဟု Bajaj RE ၏ မြန်မာနိုင်ငံ တစ်ဦးတည်းကိုယ်စားလှယ် Power Moto ကုမ္ပဏီမှ Marketing Manager ကိုအာကာမင်းက ပြောကြားသည်။

ယခင်က Bajaj RE ကို ကျပ် ၄,၆၂၅,၀၀၀ ရောင်းချနေရာမှ ယခု ကျပ် ၄,၄၀၀,၀၀၀၊ Bajaj Maxima Z ကို ယခင် ကျပ် ၅,၆၅၀,၀၀၀ ရောင်းချနေရာမှ ယခု ကျပ် ၅,၅၀၀,၀၀၀ ဖြင့် ရောင်းချပေးလျက်ရှိပြီး Bajaj Maxima C ဟုခေါ်သော ကုန်တင်သုံးဘီးဆိုင်ကယ်များကို ယခင် ကျပ် ၅,၃၀၀,၀၀၀ ဖြင့် ရောင်းချပေးနေရာမှ ယခု ကျပ် ၅,၁၀၀,၀၀၀ ဖြင့် ရောင်းချပေးလျက်ရှိကြောင်း Power Moto ကုမ္ပဏီမှ ထပ်မံသိရသည်။

“အခုဆိုရင် ပုံမှန်အရစ်ကျစနစ်အပြင် အစိုးရဝန်ထမ်းတွေ၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ဥပမာ ဘယ်နှလ အရစ်ကျမျိုး သီးသန့်လိုချင်ပါတယ်ဆိုရင်လည်း ကျွန်တော်တို့ အသေးစိတ်ဆွေးနွေးပြီး ရရှိနိုင်အောင် ဝန်ဆောင်မှုပေးနေပါတယ်” ဟု ယင်းကုမ္ပဏီမှ Marketing Manager ကိုအာကာမင်းက ထပ်မံဆိုသည်။

Bajaj RE သည် မြန်မာနိုင်ငံဈေးကွက်တွင်လည်း ခရီးသည်တင်သုံးဘီးလောက၌ ပထမဦးဆုံး ဝင်ရောက်ခဲ့သော Brand ဖြစ်ပြီး မန္တလေးမြို့အပါအဝင် နယ်ဒေသအများစုတွင် ဈေးကွက်ဝေစု အများစုပိုင်ဆိုင်ထားသော အမှတ်တံဆိပ်လည်းဖြစ်သည်။ အဆိုပါသုံးဘီးများကို အိန္ဒိယနိုင်ငံမှ တင်သွင်းရောင်းချပြီး လက်ရှိတွင် လူစီးသုံးဘီးအပြင် ကုန်တင်သုံးဘီးများပါ ဈေးကွက်ချဲ့ထွင်ထားကြောင်း အဆိုပါကုမ္ပဏီမှ ထပ်မံသိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here