Bajaj RE သုံးဘီးဆိုင်ကယ်များကို မန္တလေးတွင် ပထမဦးဆုံးအကြိမ် Free Service camp ပြုလုပ်

780

ပြည်တွင်းစျေးကွက်သို့ ပြီးခဲ့သည့် မေလအတွင်းက စတင်ရောက်ရှိလာသော Bajaj RE သုံးဘီးဆိုင်ကယ်များကို ရေရှည်အသုံးပြုနိုင်စေရန်နှင့် Customer များကို နွေးထွေးမှုပေးသောအားဖြင့် မန္တလေးမြို့တွင် ပထမဦးဆုံးအကြိမ်အဖြစ် Free Service camp ကို မန္တလေးမြို့ ၆၂ လမ်း၊ မနော်ဟရီလမ်းနှင့် ဂေါ်သဇင်လမ်းကြားရှိ Bajaj RE Showroom ၌ ပြုလုပ်ခဲ့သည်။

” Bajaj RE သုံးဘီးဆိုင်ကယ်တွေ ရောင်းချထားတဲ့ Customer တွေကို အလေးထားတဲ့အနေနဲ့ ပထမ ဦးဆုံးအကြိမ် Free service camp လုပ်ပေးခဲ့ပါတယ်၊ ဒီနေ့ဆို Taxi ဆွဲနေတဲ့သူတွေ၊ လုပ်ငန်းလုပ်နေတဲ့သူတွေ အစီးသုံးဆယ်လောက် Free Service လာလုပ်ကြတယ်၊ ဒီနေ့ Service လာလုပ်တဲ့ Bajaj RE သုံးဘီးတွေ အကုန်လုံး လက်ခ အခမဲ့နဲ့ စစ်ဆေးပေးတယ်၊ အပိုပစ္စည်းဝယ်ရင် ၄ဝ ရာခိုင်နှုန်း Discount ပေးခဲ့ပါတယ်”ဟု Bajaj RE သုံးဘီးဆိုင်ကယ်များ တင်သွင်းသည့် Power Motor ကုမ္ပဏီမှ Sales & Marketing မန်နေဂျာ ကိုစိုးသိန်းက ပြောသည်။

 

အထူးအစီအစဉ် အနေဖြင့် ဒီဇင်ဘာ ၅ ရက်တွင် လာရောက် စစ်ဆေးသော Bajaj RE သုံးဘီးများကို Special Tools Techometer ဖြင့် ပြစ်ချက်များ စစ်ဆေးပေးခဲ့ပြီး အင်ဂျင်ခြမ်းအတွင်းနှင့် မည်သည့်နေရာတွင် ယိုယွင်းပျက်စီးနေသည်ကို Feeler Bauge ဖြင့် စစ်ဆေးပေးခဲ့ကာ ပြုပြင်ထိန်းသိမ်းရမည့် အချက်အလက်များကို အသိပညာမျှဝေပေးခဲ့ကြောင်း၊ဝယ်ယူထားသောCustomer များကိုရေရှည်စီးနင်းနိုင်ရန်နှင့်စိတ်ချမ်းချမ်းသာသာ မောင်းနှင်နိုင်ရန် ရည်ရွယ်၍ ယင်းသို့ အခမဲ့စစ်ဆေးပြုပြင်ပေးခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ပဲခူး၊ တောင်ကြီး စသောမြို့များတွင်ပါ ပြုလုပ်သွားမည်ဖြစ်ကြောင်း Power Moto ကုမ္ပဏီမှ သိရသည်။

အဆိုပါ Free Service Camp ကို မန္တလေးမြို့တွင် ပထမဦးဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်ပြီး ယခုအခါ လမ်းတွင် မောင်းနှင်နေစဉ် တစ်ခုခု ချွတ်ယွင်း၍ ဖုန်းဆက်ခေါ်ပါက အရေးပေါ် လာရောက်ပြင်ဆင်ပေးမည့် On the Spot ဝန်ဆောင်မှုပါ စတင်ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here