Bajaj RE မှ မဟာသင်္ကြန်ပွဲတော်အထိမ်းအမှတ် ကျပ်တစ်သိန်းမှ လေးသိန်းအထိ စျေးလျှော့ရောင်းချ

117

 

မန္တလေး၊ မတ် ၁၇
မြန်မာနိုင်ငံတွင် ခရီးသည်တင်သုံး ဘီးဆိုင်ကယ်များ ပထမဦးဆုံး တင်သွင်းဖြန့်ချိ ရောင်းချခဲ့သော Bajaj RE မှ မဟာသင်္ကြန်ပွဲတော် ကာလအထိမ်းအမှတ်အဖြစ် မတ်လလယ်ပိုင်းမှ ဧပြီလကုန်အထိ သုံးဘီးဆိုင်ကယ် အမျိုးအစားအလိုက် အနည်းဆုံး ကျပ်တစ်သိန်းမှ သုံးသိန်းကျော်အထိ အသီးသီး စျေးလျှော့ရောင်းချလျက်ရှိကြောင်း သိရသည်။

မဟာသင်္ကြန်ပွဲတော်နှင့် မြန်မာ့နှစ်သစ်ကို ကြိုဆိုသောအားဖြင့် Bajaj RE ခရီးသည်တင်သုံးဘီး ဆိုင်ကယ်များသာမက ကုန်တင် သုံးဘီးယာဉ်ဖြစ်သည့်Bajaj Maxima C ကိုလည်း မန္တလေးမြို့ အတွက် ယခင် ကျပ် ၅၃ သိန်း ဖြင့် ရောင်းချနေရာမှ ၄၉ သိန်း အထိ စျေးလျှော့ရောင်းချပေးသွားမည့်အပြင် ၁ဝ ရာခိုင်နှုန်းမှ ၆ဝ ရာခိုင်နှုန်းအထိ ကနဦးငွေပေးသွင်း ၍အရစ်ကျစနစ်ဖြင့်ပါ ရောင်းချပေး နေကြောင်း Power Moto ကုမ္ပဏီ မှ ထပ်မံသိရသည်။

“အရစ်ကျစနစ်ကိုတော့ကျွန် တော်တို့ဆီမှာ GL-AMMK Co. ,Ltd နဲ့ရော ကိုယ်ပိုင် Finance စနစ်နဲ့ရော ဝန်ဆောင်မှုပေးတယ်၊ Customer စိတ်ကြိုက် ကနဦး ၁ဝ ရာခိုင်နှုန်းကနေ ၆ဝ ရာခိုင်နှုန်းအထိ ပေးသွင်းပြီး ဝယ်လို့ရတယ်၊ ဒါက တစ်နိုင်ငံလုံး ကျွန်တော်တို့ ကိုယ်စားလှယ်ရှိတဲ့မြို့တိုင်းမှာပေါ့” ဟု Power Moto ကုမ္ပဏီမှ Maketing Manager ကိုအာကာမင်းက ထပ်မံဆိုသည်။

Bajaj RE သုံးဘီးဆိုင်ကယ် သည် ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးတွင် ရောင်းအားအကောင်းဆုံး နံပါတ် ၁ အမှတ်တံဆိပ်ဖြစ်ပြီး လက်ရှိမြန်မာ နိုင်ငံတွင် အင်ဂျင်နှင့်ဆက်စပ်ပစ္စည်း များကို ၂ နှစ်အာမခံ၊ သို့မဟုတ် ကီလိုမီတာ ၁၈,ဝဝဝ ဝန်ဆောင်မှု ပေး၍ Power Moto ကုမ္ပဏီက ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။
ေကျာ်ေကျာ်ေအာင်(ကေလးြမို့)

LEAVE A REPLY

Please enter your comment!
Please enter your name here