Bajaj RE မှ မန္တလေးမြို့တွင် ဒုတိယမြောက် Showroom ဖွင့်လှစ်မည်

1227
????????????????????????????????????

မန္တလေး၊ သြဂုတ် ၁၄
အိန္ဒိယနိုင်ငံတွင်သာမက မြန်မာပြည်စျေးကွက်၌ပါ နာမည်ရလာသော အိန္ဒိယ Bajaj RE သုံးဘီး ဆိုင်ကယ်ကုမ္ပဏီမှ မန္တလေးမြို့တွင် ဒုတိယမြောက် Showroom အဖြစ် ၇၄ လမ်းနှင့် ကျန်စစ်သားလမ်းထောင့်၌ ဖွင့်လှစ်သွားမည် ဖြစ် ကြောင်း သိရသည်။
‘‘လက်ရှိ Bajaj RE Showroom က ၆၂ လမ်းမှာ ဖွင့်လှစ် ထားတယ်၊ အဲဒီနေရာမှာကSales၊ Service၊ Spare Parts သုံးမျိုး စလုံး ကိုင်ထားရတော့ နေရာက ကျဉ်းနေတယ်၊ အဓိက Customer တွေဝင်လာရင် ထိုင်စရာနေရာ အခက်အခဲဖြစ်ရတဲ့အတွက် နောက်ထပ် Showroom သစ်တစ်ခုကို ၇၄ လမ်းနဲ့ ကျန်စစ်သားလမ်း ထောင့်မှာ ဖွင့်လှစ်သွားပါမယ်’’ဟု Bajaj RE သုံးဘီးဆိုင်ကယ်များ တင်သွင်းလျက်ရှိသော ‘Power Moto ကုမ္ပဏီ’ Digital Marketing တာဝန်ခံ ကိုအာကာမင်းက ပြောကြားသည်။
ဒုတိယမြောက် Bajaj RE Showroom ကို သြဂုတ်လမကုန်မီ ဖွင့်လှစ်နိုင်ရန်လျာထားပြီး ဖွင့်လှစ်ပြီးပါက ယင်းနေရာတွင် Sales နှင့် Admin Office တွဲထားမည် ဖြစ်ကာ ပထမ Showroom နေရာ ၌ Service နှင့် Spare Parts ဝန်ဆောင်မှုပေးသွားမည် ဖြစ်ကြောင်း၊ ထို့ပြင် ဒုတိယမြောက် Showroom ဖွင့်လှစ်မည့် မြေနေရာသည် ပေ ၈ဝ ထ ၁ဝဝ ပတ်လည် အကျယ်ရှိသည့်အတွက် ဖွင့်လှစ်ပြီး ပါက Bajaj RE သုံးဘီး ဆိုင်ကယ် အစီးရေများစွာကို အဆင်သင့်ထားရှိပေးနိုင်မည်ဖြစ်ပြီး Customer များအတွက် စိတ်ကျေနပ်မှု ရရှိအောင် ဝန်ဆောင်မှု ပေးသွားနိုင်မည် ဖြစ်ကြောင်း Power Moto ကုမ္ပဏီမှ သိရသည်။
‘‘လက်ရှိမှာ Bajaj REသုံးဘီး က ရောင်းအားကောင်းတော့ တစ်ခါတလေ ပစ္စည်း ပြတ်ပြတ်သွားတယ်၊ အခုကျတော့ ပစ္စည်းပြတ်သွားတာ မျိုး မဖြစ်အောင် ကျယ်ကျယ်ဝန်းဝန်းမှာ အစီးရေများများနဲ့ ထားပေးမယ်၊ Customer တွေအနေနဲ့ လာဝယ်တဲ့အချိန် နားနေဖို့က နေရာ သီးသန့်လုပ်ပေးသွားပါမယ်’’ဟု ယင်း ကုမ္ပဏီမှ ကိုအာကာမင်းက ထပ်မံ ဆိုသည်။
3S ဝန်ဆောင်မှု ရရှိသော Bajaj RE သုံးဘီးအရောင်းပြခန်းကို လက်ရှိ၌ မန္တလေးမြို့နှင့် ရန်ကုန် မြို့တွင်သာ ဖွင့်လှစ်ထားပြီး မကြာ မီ ဖွင့်လှစ်မည့် Showroom သည် တတိယမြောက် Showroom ဖြစ်လာမည့်အပြင် ကလေး၊ စစ်တွေ၊ ပြည် စသော နယ်မြို့ပေါင်း ၂၃ မြို့ တွင်လည်း အရောင်းကိုယ်စားလှယ် များ ခန့်အပ်ထားကြောင်း သိရ သည်။
Bajaj RE သုံးဘီးဆိုင်ကယ် များသည် မြန်မာပြည်စျေးကွက်တွင် ပထမဦးဆုံး ဝင်ရောက်လာသော ခရီးသည်တင် သုံးဘီးဆိုင်ကယ်များ ဖြစ်ပြီး လက်ရှိ၌ 200 CC ဓာတ် ဆီသုံး Bajaj REသုံးဘီးဆိုင်ကယ်များကို တစ်စီးလျှင် ကျပ် ၄၂ သိန်း ဖြင့် ရောင်းချပေးလျက်ရှိသည်။
ကျော်ကျော်အောင် (ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here