BAIC X55 နှင့် D50 ကားများ အထူးအစီအစဉ်ဖြင့် ရောင်း ချပေးနေ

253

 

ရန်ကုန်၊ ဇွန် ၂၂
BAIC Motor Myanmar မှ BAIC X55 နှင့် D50 ကို Monsoon Bonanza Promotion အစီအစဉ်ဖြင့် ရောင်းချပေးနေပြီဖြစ်ကြောင်း သိရသည်။

“Monsoon Bonanza Promotion အစီအစဉ်မှာ BAIC X55 နဲ့ D50 နှစ်မျိုးပေါင်း အစီးရေ ၂၅ဝ အထိ ရောင်းချပေးမှာ ဖြစ်ပါတယ်၊ Lucky Draw အစီအစဉ်မှာ ယခင်က BAIC ဝယ်ယူ ထားတဲ့သူတွေအတွက်လည်း ဆုလက်ဆောင်တွေပါဝင်မှာ ဖြစ်ပါတယ်၊ Promotion ကာလအတွင်းမှာ D50 ကို ဝယ်ယူမယ်ဆိုရင် Cashback ကျပ်သုံးသိန်းအပြင် ကျပ်လေးသိန်းတန်ဖိုးရှိ လက်ဆောင်တွေ ရရှိမှာဖြစ်သလို X55 ကို ဝယ်ယူမယ်ဆိုရင်လည်း Cashback ကျပ် ၁ဝ သိန်းအပြင် ကျပ်ငါးသိန်း တန်ဖိုးရှိလက်ဆောင်တွေ ရရှိမှာ ဖြစ်ပါ တယ်”ဟု ‘Aung Gabar Motor Services Co.,Ltd’ မှ Sales Representative ကိုငယ်က ပြောသည်။

BAIC D50ကို စက်ရုံထုတ်စျေး ကျပ် ၂၇၉ သိန်း၊ BAIC X55 ကို စက်ရုံထုတ်စျေး ကျပ် ၃၆၈ သိန်းတို့ဖြင့် ရောင်းချနေပြီး ထိုကားများအတွက် သုံးနှစ်၊ သို့မဟုတ် ကီလိုမီတာတစ်သိန်း အာမခံ ပေးထားကြောင်း သိရသည်။

Monsoon Bonanza Promotion အစီအစဉ်တွင် BAIC X55 နှင့် D50 ကို ဇြန္ ၁၅ ရက်မှ သြဂုတ် ၃၁ ရက်အထိ Lucky Draw အစီအစဉ်များ၊ ဆုလက်ဆောင်များဖြင့် ရောင်းချမည်ဖြစ်သည်။
ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here