BAIC Showroom မှ X25 ကားသစ် ပြည်တွင်းကားစျေးကွက်အတွင်းစတင်မိတ်ဆက်

591

ရန်ကုန်၊ မေ

BAIC မှ 2017 Latest မိုဒယ် X25 ကားသစ်ကို ပြည်တွင်းကားစျေးကွက်အတွင်း စတင်မိတ်ဆက်ရောင်းချပေးနေပြီဖြစ်ကြောင်း သိရသည်။

BAIC မှ X25 ကားသစ်သည် SUV ငါးယောက်စီးကားအမျိုးအစားဖြစ်ပြီး 1.5L ဓာတ်ဆီအင်ဂျင် ဖြစ်သည်။ ဒီဇိုင်းဆန်းသစ်လှပပြီး Mercedes ၏ ဒီဇိုင်းပုံစံ ၄ဝ ရာခိုင်နှုန်းယူကာ ထုတ်လုပ်ထားသည့် အတွက် Mercedes ကားများနှင့် ခပ်ဆင်ဆင်တူသည်။ အတွင်းပိုင်းတွင် Leather Steering Wheel ပါရှိခြင်း၊ အနောက်ထိုင်ခုံများကို ခေါက်သိမ်းနိုင်ခြင်း၊ ခုနစ်လက်မပတ်လည် တီဗီဖန်သားပြင်ပါရှိပြီး Smart Phone ဖြင့် Internet Connection/GPS တို့ကို အသုံးပြုနိုင်ခြင်း၊ Bluetooth စနစ်ပါရှိခြင်း၊ Multi-Function Steering Wheel စနစ်ပါရှိခြင်း၊ Air Conditioner with Micro Filter စသည့် စနစ်များ ပါဝင်သည်။ ကားအပြင်ပိုင်းတွင် Power Sunroof ၊ Windshield Rain Sensor ၊ Intelligent Rear Wiper ၊ R16 Aluminum Alloy များလည်း ပါရှိသည်။

လုံခြုံရေးစနစ်တွင် ABS ၊ EBD ၊ E-Gas ၊ Airbag ခြောက်လုံး၊ ကလေးငယ်များအတွက် Isofix နှစ်ခု၊ Rearview Camera ၊ Speed Sensing Locking System စသည်တို့ ပါဝင်သည်။

BAIC မှ ရောင်းချပေးနေသည့် X25 ကားသစ်သည် မြို့တွင်း၊ မြို့ပြင် သွားလာရာ၌ အဆင်ပြေစေမည့် ကားတစ်စီးဖြစ်ပြီး ဝင်ငွေခွန်မပါဘဲ အမေရိကန်ဒေါ်လာ ၁၆,၉၉ဝ ဝန်းကျင်ဖြင့် ရောင်းချပေးနေပြီး ကားတန်ဖိုး ၃ဝ ရာခိုင်နှုန်းပေးသွင်းရုံဖြင့် တစ်နှစ်မှ သုံးနှစ် အထိ အရစ်ကျစနစ်ဖြင့် ရောင်းချပေးနေသည်။ X25 ကားသစ်အတွက် Warranty ကို သုံးနှစ်(သို့)ကီလိုမီတာတစ်သိန်းပေးထားကြောင်း သိရသည်။                                    ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here