BAIC Senova D50 နှင့် Senova X55 မိုဒယ်ကားများကို Mahar September Promotion အစီအစဉ်ဖြင့် ရောင်းချမည်

157

 

ရန်ကုန်၊ စက်တင်ဘာ
BAIC Myanmar မှ BAIC Senova D50 နှင့် Senova X55 မိုဒယ်တို့ကို Mahar September Promotion အစီအစဉ်ဖြင့် ရောင်းချမည်ဖြစ် ကြောင်း သိရသည်။

Mahar September Promotion အစီအစဉ်ကို စက်တင်ဘာလ ကုန်အထိ ပြုလုပ်မည်ဖြစ်ပြီး အထူးအစီအစဉ်များနှင့် Grand Lucky Draw အစီအစဉ်များပါဝင်မည် ဖြစ်သည်။

‘‘ဒီလထဲမှာ Senova D50 ကို ဝယ်ယူမယ်ဆိုရင် ငွေသားလက်ဆောင် ကျပ်ငါးသိန်းချက်ချင်းပြန်ရမယ့်အပြင် အင်ဂျင်ဝိုင်သုံးကြိမ် အခမဲ့လဲလှယ်ခွင့်၊ Grand Lucky ပါဝင်ကံစမ်းခွင့်ရရှိမှာဖြစ်သလို Senova X55 ကို ဝယ်ယူမယ်ဆိုရင် ငွေသားလက်ဆောင် ကျပ် ၁ဝ သိန်း ချက်ချင်းပြန်ရမယ့်အခွင့်အရေး၊ အင်ဂျင်ဝိုင်သုံးကြိမ် အခမဲ့ လဲလှယ်ခွင့်နဲ့ Grand Lucky ပါဝင်ကံစမ်းခွင့်ရရှိမှာ ဖြစ်ပါတယ်’’ဟုAung Gabar Motor Services Co.,Ltd မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

BAIC Myanmar မှ Senova D50(CBU) ကို ကျပ် ၂၅၃ သိန်း၊ Senova D50(SKD)ကို ကျပ် ၂၆၃ သိန်း၊ Senova X55(CBU) ကို ကျပ် ၃၄၅ သိန်း၊ Senova X55(SKD) ကို ကျပ် ၃၅၅ သိန်းဖြင့် ရောင်းချပေးနေပြီး သုံးနှစ်၊ သို့မဟုတ် ကီလိုမီတာတစ်သိန်း အာမခံ ပေးထားကြောင်း သိရသည်။
ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here