Baic Senova D50 ကို Pre-Order စနစ်ဖြင့် စတင်ရောင်းချ

189

 

ရန်ကုန်၊ ဇွန် ၁၅
BAIC Myanmar မှ ရန်ကုန် လိုင်စင်ဖြင့်ဝယ်ယူနိုင်မည့် Baic Senova D50 ကို Pre-Order စနစ်ဖြင့် စတင်ရောင်းချနေပြီ ဖြစ် ကြောင်း သိရသည်။

BAIC Myanmar မှ Baic Senova D50 သည် ၂ဝ၂ဝ ထုတ်ကားအမျိုးအစား ဖြစ်သည်။ SWEDEN SAAB ၏ နည်းပညာ များဖြင့်ထုတ်လုပ်ထား ခြင်းဖြစ်ပြီး Artificial Intelligence (AI) နည်း ပညာပါဝင်သည့်အတွက် အလိုအ လျောက် ထိန်းသိမ်းမှုစနစ်လည်း ပါဝင်ပါသည်။ Engine Power မှာ1.5L A151 All Alu-minum Engine 115 hp (6-speed CVT Transmission) ဖြစ်ပြီး Sport Mode Function လည်း ပါဝင်သည်။

အပြင်ပိုင်း ကိုယ်ထည်အရွယ် အစားမှာ အလျား ၄,၆၃ဝ မီလီ မီတာ၊ အနံ ၁,၈၂ဝ မီလီမီတာ၊ အမြင့် ၁,၄၈ဝ မီလီမီတာနှင့် ဝင်ရိုး တစ်ခုနှင့်တစ်ခုအကြား အကွာအ ဝေး(Wheelbase) ၂,၆၇ဝ မီလီမီတာ ရှိသည်။ Economy Class တွင် အတွင်းခန်းနှင့် အပြင်ပိုင်း ကိုယ် ထည်ကို အရည်အသွေး ကောင်း ကောင်းဖြင့် ထုတ်လုပ်ထား သည်။

BAIC Myanmar မှ Baic Senova ကားသစ်ကို ဝယ်ယူမည် ဆိုပါက အရစ်ကျအတွက် ကျပ် ၂၇၉ သိန်းဖြင့် ဝယ်ယူနိုင်မည် ဖြစ်ပြီး အရစ်ကျအနေဖြင့် Down Payment ၃ဝ ရာခိုင်နှုန်းသွင်း၍ဝယ်ယူနိုင်မည်ဖြစ်ကာ သုံးနှစ်အထိ အရစ်ကျ ဝယ်ယူနိုင်မည့်အပြင် အာမခံသုံးနှစ်၊ သို့မဟုတ် ကီလိုမီ တာ တစ်သိန်း အာမခံပေးထား ကြောင်း သိရသည်။
ရဲထွန်းေကျာ်

LEAVE A REPLY

Please enter your comment!
Please enter your name here