BAIC Myanmar မှ Monsoon Bonanza အစီအစဉ်ဖြင့် BAIC D50 နှင့် X55 ကားများ ရောင်းချမည်

146

 

ရန်ကုန်၊ သြဂုတ်
BAIC Myanmar မှ Monsoon Bonanza အစီအစဉ်ဖြင့် BAIC D50 နှင့် X55 ကို သြဂုတ် ၃၁ ရက်အထိ ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

Monsoon Bonanza အစီအစဉ်တွင် Grand Lucky Draw အစီအစဉ်အနေဖြင့် ယခင်က BAIC ဝယ်ယူထားသူများလည်း ပါဝင်နိုင် မည်ဖြစ်ပြီး ပထမဆုသုံးဆုကို Cash Back ကျပ် ၁ဝ သိန်း၊ ဒုတိယဆု ခြောက်ဆုကို ကျပ် ခုနစ်သိန်းခွဲ၊ တတိယဆု ၁၂ ဆုကို ကျပ် ငါးသိန်း၊ စတုတ္ထဆု နှစ်ဆယ်ကို ကျပ် နှစ်သိန်းခွဲ ချီးမြှင့်မည် ဖြစ်ကြောင်း သိရသည်။

“Monsoon Bonanza အစီအစဉ်မှာ D50 ကို ဝယ်ယူမယ်ဆို ရင် ကျပ်ခုနစ်သိန်းတန်ဖိုးရှိ ဆု လက်ဆောင်တွေဖြစ်တဲ့ အင်ဂျင်ဝိုင် သုံးကြိမ် အခမဲ့ လဲလှယ်ခွင့်၊ တစ်နှစ်စာ On Road Assist (ရန်ကုန်မြို့တွင်း)၊ မော်တော်ယာဉ် အလုံးစုံအာမခံ၊ ဒါမှမဟုတ် ကားအပိုပစ္စည်းတွေ ဝယ်ယူနိုင်တဲ့ နှစ်သိန်းခွဲတန်ဖိုးရှိ ကူပွန်၊ ငွေသား လက်ဆောင် ကျပ်သုံးသိန်း၊ Grand Lucky Draw ပါဝင်ကံစမ်းခွင့် ရရှိ မှာ ဖြစ်သလို Senova X55 ကို ဝယ်ယူမယ်ဆိုရင် ကျပ် ၁၅ သိန်းတန် ဖိုးရှိ ဆုလက်ဆောင်တွေ ဖြစ်တဲ့ အင်ဂျင်ဝိုင် သုံးကြိမ်အခမဲ့လဲလှယ် ခွင့်၊ တစ်နှစ်စာ On Road Assist (ရန်ကုန်မြို့တွင်း)၊မော်တော်ယာဉ် အလုံးစုံအာမခံ၊ ဒါမှမဟုတ် ကားအပိုပစ္စည်းတွေ ဝယ်ယူနိုင်တဲ့ ကျပ် ၃၁၅,ဝဝဝ တန်ဖိုးရှိ ကူပွန်၊ ငွေ သားလက်ဆောင် ကျပ် ၁ဝ သိန်း၊ Grand Lucky Draw ပါဝင်ကံစမ်း ခွင့်တို့ကို ရရှိမှာ ဖြစ်ပါတယ်”ဟု BAIC Myanmar မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

BAIC Myanmar မှ BAIC D50 ကို ကျပ် ၂၆၃ သိန်း (ဝင်ငွေ ခွန်နှင့် ကညနခွန်မပါ)၊ BAIC Senova X55 ကို ကျပ် ၃၅၅ သိန်း (ဝင်ငွေခွန်နှင့် ကညနခွန်မပါ) ဖြင့် ရောင်းချပေးနေပြီး ထို ကားများအတွက် သုံးနှစ်၊ သို့မ ဟုတ် ကီလိုမီတာ တစ်သိန်း အာမခံ ပေးထားကြောင်း သိရသည်။
ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here