Baic Myanmar မှ Covid-19 ကာကွယ်ရေးသုံး Face Mask များကို ဝေဘာဂီဆေးရုံနှင့်တောင်ဥက္ကလာပဆေးရုံများသို့ လှူဒါန်း

195

 

ရန်ကုန်၊ ဇွန် ၈

Baic Myanmar မှ Covid-19 ကာကွယ်ရေးသုံး
Face Mask များကို ဝေဘာဂီဆေးရုံနှင့် တောင်ဥက္ကလာပဆေးရုံများသို့ လှူဒါန်းထားကြောင်း သိရသည်။

Baic Myanmar မှ Covid-19 ရောဂါကာကွယ်ရေးအတွက် ရန်ကုန်တိုင်း ဝေဘာဂီအထူးကုဆေးရုံကြီးနှင့် တောင်ဥက္ကလာပဆေးရုံကြီးရှိ ဆရာ၀န်များ၊ သူနာပြုများ၊ ကျန်းမာရေး၀န်ထမ်းများ၊ Covid-19 Quarantine လူနာများနှင့် အခြားလူနာများ အသုံးပြုရန်အတွက် STANDARD SURGICAL FACE MASK 3PLY များကို ယခုလဆန်းပိုင်း သွားရောက်လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

“Baic Myanmar က ဆရာဝန်​တွေ၊ ကျန်းမာရေးဝန်ထမ်း​တွေ အသုံးပြုဖို့အတွက် ရန်ကုန်တိုင်းဝေဘာဂီအထူးကုဆေးရုံကြီးကို Standard Surgical Face Mask သုံးထောင်နဲ့ တောင်ဥက္ကလာပဆေးရုံကြီးကို Standard Surgical Face Mask သုံးထောင်ကို လှူဒါန်းခဲ့ပါတယ်”ဟု Baic Myanmar မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Baic Myanmar မှ Baic ကားများ ဝယ်ယူမည်ဆိုပါက Downpayment ၃၀ ရာခိုင်နှုန်းပေးသွင်း၍ သုံးနှစ်အထိအရစ်ကျဝယ်ယူနိုင်ပြီး Baic D50 ကို မြန်မာငွေ ကျပ် ၂၇၉ သိန်း၊ Baic X55 ကို မြန်မာငွေ ကျပ် ၃၆၈သိန်း၊ Baic D70 ကို မြန်မာငွေ ကျပ် ၃၆၃သိန်းနှင့် Baic BJ40Lကို မြန်မာငွေကျပ် သိန်း ၆၂၀ တို့ဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။ ထိုကားများအတွက် အာမခံအနေဖြင့် သုံးနှစ်၊ သို့မဟုတ်ကီလိုမီတာ တစ်သိန်း အာမခံပေးထားကြောင်း သိရသည်။

ရဲထွန်း​ကျော်
ဓါတ်ပုံ-BAIC Myanmar Facebook Page

LEAVE A REPLY

Please enter your comment!
Please enter your name here