BAIC Myanmar မှ BAIC X7 ကို မြန်မာပြည်စျေးကွက်အတွင်းစတင်မိတ်ဆက်

327

 

ရန်ကုန်၊ နိုဝင်ဘာ ၁၆

BAIC Myanmar မှ BAIC X7 ကို နိုဝင်ဘာ ၁၅ ရက်က BAIC Myanmar Facebook Page တွင် Online Launch ပြုလုပ်ပြီး မြန်မာပြည်စျေးကွက်အတွင်း စတင်မိတ်ဆက် ရောင်းချခဲ့ကြောင်းသိရသည်။

BAIC X7 SUV ကားသစ်သည် 1.5 Turbo GTI အင်ဂျင် တပ်ဆင်ထားပြီး ဂီယာ အမျိုးအစားကို 7 Speed DCT Transmission အသုံးပြုထား​သော​ကြောင့် အင်ဂျင် အထနှေးခြင်းမရှိစေဘဲ သက်သောင့်သက်သာ စီးနင်းနိုင်သည်။

ကားအတွင်းခန်းကျယ်ဝန်းပြီး Three Screen Linked Control Panel ၊ Flat Back Floor ၊ Wireless Charger ၊ Automatic Window Closing System ၊ Thematic Ambient Lighting(up to 10 Colours) ၊ Handfree Auto Tailgate ၊ Automatic Driving(LKA+LDW)၊ Door Opening Warning(DOW)၊ Unlock and Automatically Pop-up နှင့် Auto Parking စနစ်တို့ပါဝင်သည်။ ကားအရှေ့ဘက်ဒီဇိုင်းကို ထူးခြားသောပုံစံဖြင့်တည်ဆောက်ထားပြီး အနောက်ဘက်ပိုင်းကို Luxury Running Tail Light Design ဖန်တီးထားသည်။ ကားတွင်ပါဝင်သော မီးသီးများအားလုံးကို Full LED Intelligent Headlamps များတပ်ဆင်ထားသည်။

“Baic X7 ကားသစ်ဟာ တရုတ်ပြည်မှာထုတ်လုပ်တဲ့ Third Generation ဖြစ်ပြီး မြန်မာနိုင်ငံကို ပထမဦးဆုံးဝင်ရောက်တဲ့ ကားအမျိုးအစားဖြစ်ပါတယ်၊ ဒီကားမှာပါဝင်တဲ့ Grade အားလုံးကိုနောက်ဆုံးပေါ် နည်းပညာတွေနဲ့ပေါင်းစပ် ထုတ်လုပ်ထားတဲ့အတွက်ပေးတဲ့စျေးနှုန်းနဲ့ ပြန်ရတဲ့ဝန်ဆောင်မှုက အကောင်းဆုံးဖြစ်မယ့်ကားတစ်စီး ဖြစ်ပါတယ်” ဟု BAIC Myanmar မှ Sales Representative ကိုသိန်းလှိုင်ထူးက ပြောသည်။

BAIC Myanmar မှ BAIC X7 ကို ဝယ်ယူမည်ဆိုပါက အရောင် ​ခြောက်မျိုးဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး စျေးနှုန်းအနေဖြင့် မြန်မာငွေကျပ် ၄၂၈ သိန်းနှင့် ဝယ်ယူနိုင်မည်ဖြစ်သည်။ ထိုကားအတွက် အာမခံအနေဖြင့် သုံးနှစ်၊ သို့မဟုတ်ကီလိုမီတာ တစ်သိန်း အာမခံပေးထားကြောင်း သိရသည်။

ရဲထွန်း​ကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here