BAIC Myanmar မှ BAIC X25 ကို အထူးစျေးနှုန်းဖြင့် ရောင်းချမည်

1121

ရန်ကုန်၊ စက်တင်ဘာ

Aung Gabar Motor(BAIC Myanmar) မှ BAIC X25 ကို အထူးစျေးနှုန်းဖြင့် ရောင်းချမည် ဖြစ်ကြောင်း သိရသည်။

BAIC X25 တွင် 1.5 L I4 Engine ၊ 85 KW ၊ 148 Nm  အင်ဂျင်နှင့် 4 Speed Autogear တို့ တွဲဖက်တပ်ဆင်ထားသည်။ Suspension စနစ်တွင် ကားအရှေ့ဘက်၌ McPherson Independent Suspension  ၊ ကားအနောက်ဘက်၌ H Type Torsion Beam  ကို တပ်ဆင်သည်။

BAIC X25 အတွင်းခန်းတွင် Dashboard Area  ကို လှပစွာ ဖန်တီးထားပြီး အဓိကပါဝင်သည် Feature များမှာ Trip Computer Display ၊ Quartz Clock ၊ Bluetooth and USB Port ၊ 7 inches Screen With Smartphone Interconnection  ၊ စပီ ကာ ခြောက်လုံးပါသည့်အသံစနစ်၊ Leather Steering Wheel နှင့် Aircon with Micro Filter  စသည် Function များ ပါဝင် သည်။

BAIC X25 အပြင်ဘက် ဒီဇိုင်းတွင် အထူးဆွဲဆောင်မှုရှိသည့် အရှေ့ဘက်ရှဲလ်(Grille) ဒီဇိုင်း၊ ရှေ့မီးကြီးနှင့် နှင်းခွဲမီး အခင်း အကျင်းတို့ကိုလည်း လှပစွာ ဖန် တီးထားသည်။ အရှေ့ဘက်ရှဲလ် (Grille) ၏ အလယ်တွင်  BAIC Logo  ကို ထင်ထင်ရှားရှားထည့် သွင်းထားပြီး DTL စနစ်ပါဝင်သည့် Automatic Headlight  အရွယ် နှင်းခွဲမီးအပြင် ကားအနောက် ဘက်တွင် High Mounted Brake Light  ၊  Rear Fog Light နှင့်  Power Sunroof  ၊  Intelligent Rear Wiper  ၊  R16 Aluminuim Alloy Rim  ၊  Red Clipers  ၊  Windshield Rain Sensor  တို့ ကိုလည်း ထည့်သွင်းထားသည်။

လုံခြုံရေးပိုင်းတွင် Safety Feature  များအဖြစ် ABS ၊ EBD  ၊  Brake Assist System ၊ E-Gas ၊ အသက်ကယ်လေအိတ် ခြောက်လုံး၊ Engine Electronic Secu-rity  ၊ ISOFIX  စနစ်နှစ်ခု၊ Rearview Camera System ၊  Rear Parking Radar စသည်တို့ ပါဝင် သည်။

BAIC Myanmar မှ BAIC X25 ကို အထူးလျှော့စျေး ကျပ် ၂၃၂ သိန်း(ဝင်ငွေခွန်မပါ)ဖြင့် ရန် ကုန်နှင့် မန္တလေးမြို့ရှိ အရောင်းပြ ခန်းများတွင် ဝယ်ယူနိုင်ပြီး သုံးနှစ်၊ သို့မဟုတ် ကီလိုမီတာတစ်သိန်း အာမခံေပးထားေြကာင်း သိရ သည်။         

 ရဲထွန်းေကျာ်

LEAVE A REPLY

Please enter your comment!
Please enter your name here