Auto Hold Brake System

62

 

ခေတ်စနစ်တွေတိုးတက်လာတာနဲ့အညီ အိမ်စီးကားအများစုမှာလည်း လိုအပ် တဲ့အဆင့်မြှင့်တင်မှု Function တွေကို ထည့်သွင်းပေးလာကြပါတယ်။ အဲဒီ Function တွေ ထဲကမှ Auto Hold Brake စနစ်လေးကို စာရေးသူအနေနဲ့ ကားချစ်သူတို့ သိရှိစေဖို့ တင်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။
Auto Hold Brake စနစ်ဆိုတာကတော့ မြို့တွင်းမီးပွိုင့်ခဏခဏ မိတဲ့ နေရာမျိုး၊ ကားကျပ်တဲ့နေရာမျိုးတွေမှာ ကားရဲ့ဘရိတ်ကို အမြဲနင်းထားရတဲ့ အခါ ခြေထောက်ညောင်းပြီး အမှတ်တမဲ့လွှတ်မိသွားလို့ ကားထွက်သွားပြီး ထိခိုက်မှုဖြစ်တာမျိုးတွေ ကြုံတွေ့ရပါတယ်။ အမှတ်တမဲ့ တခြားအရာတစ်ခုကို အာရုံစိုက်မိရာက ဘရိတ်ကို လွှတ်မိတဲ့အခါမျိုးမှာ ထိခိုက်မှုဖြစ်ပြီး အရှေ့ကား ကို သွားတိုက်မိတဲ့အဖြစ်မျိုးတွေလည်း အများစုကြုံတွေ့ရတတ်ပါတယ်။ ဒီလို ကြုံတွေ့ရတဲ့ ထိခိုက်မှုတွေကို ဖြေရှင်းဖို့အတွက် Auto Hold Brake System လေးထည့်သွင်းပေးလိုက်တဲ့အတွက် မီးပွိုင့်မှာ ကားရပ်တဲ့အခါ ကားမောင်း သူတို့အနေနဲ့ ဘရိတ်ကို အကြာကြီးဖိနင်းထားစရာမလိုဘဲ Auto Hold Brake စနစ်ကို ဖွင့်ထားလိုက်ပြီး ဘရိတ်ကိုတစ်ခါနင်းပြီး ခြေထောက်ကနေ လွှတ်ထား လိုက်ခြင်းဖြင့် အလိုအလျောက် ဘရိတ်ကိုဖမ်းပေးထားပါတယ်။ မီးပွိုင့်စိမ်းလို့ ကားလီဗာကို နင်းလိုက်တဲ့အချိန်မှာ ဘရိတ် အလိုအလျောက် ပြန်လွှတ်ပေး လိုက်ပါတယ်။ ရန်ကုန်မြို့တွင်းလို မီးပွိုင့်ခဏခဏမိတဲ့နေရာတွေမှာ အတော် အဆင်ပြေပြီး ကားမောင်းသူတို့အတွက် သက်သာစေတဲ့အပြင် အန္တရာယ်ကင်းစေ တဲ့အပြင် ခေတ်မီမိုဒယ်မြင့်ကားတွေမှာ မပါမဖြစ် Auto Hold Brake စနစ်ကို ထည့်သွင်းလာကြတာပဲ ဖြစ်ပါတယ်။ Automobile Journal ကားချစ်သူတို့အနေနဲ့ လည်း ဒီစာလေးကိုဖတ်ပြီးသွားပြီဆိုရင်တော့ မိမိရဲ့ကားမှာရော Auto Hold Brake စနစ်ပါသလား၊ ပါတယ်ဆိုရင်လည်း ဘယ်လိုအသုံးပြုရသလဲဆိုတာကို အရင်ကသုံးဖြစ်ခဲ့ရင်တောင် အသုံးပြုလို့ရမယ့်နည်းလေးကို နားလည်သဘော ပေါက်သွားမယ် ယုံကြည်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here