AMICI Myanmar Co., Ltd  က Pioneer New Z-series ကားတီဗီ  မိတ်ဆက်ပွဲ ကျင်းပ

1032

AMICI Myanmar Co., Ltd  က Pioneer New Z-series ကားတီဗီ မိတ်ဆက်ပွဲကို သြဂုတ် ၂၈ ရက်က Esperado Lake View Hotel တွင် ကျင်းပခဲ့သည်။

 

ကားတီဗွီ Z-series ၏ ထူးခြားချက်များသည် Apple Car Play ၊ Andriod Auto ၊ App Radio Mode စသည့် Application များကို လွယ်ကူစွာ အသုံးပြုနိုင်ပြီး အပိုငွေ ကုန်ကျခံစရာမလိုဘဲ ဖုန်း၏ Original USB Cable နှင့် မြန်မြန်ဆန်ဆန် အသုံးပြုနိုင်မည် ဖြစ်သည်။

 

Z-series တွင် Parking Guidelines System ပါသည့်အတွက် Reverse Image ကိုလည်း Safety အတွက် အထောက်အပံ့ ပေးထားသည်။ True Color 24 Bit Function ပါသည့်အတွက် Color Resolution ပိုင်းကို ဦးစား ပေးထားပြီး 840×480 Pixels ပါသည့်အတွက် Full HD Video Quality ဖြစ်သည်။ 128 Gb ရှိသည့် Memory Stick ကို Support လုပ်ပြီး 4 Gb Video File များကိုလည်း ကြည့်ရှုခံစား နိုင်ကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here