All New Mazda CX-3

170

 

Seagull Myint

Mazda CX-3 သည် ကမ္ဘာကျော် Mazda မှ ဖန်တီးထားသည့် Compact SUV ဖြစ်ပြီး All-New အနေဖြင့် မွေးဖွားထားသည့် မိုဒယ်သစ်လည်း ဖြစ်သည်။ CX-3 ကို Mazda ၏ နာမည်ကျော် KODO Design ဖန် တီးမှုလက်ရာဖြင့် ဖန်တီးထားပြီး KODO သည် အနုသုခုမဟန်၊ ဂုဏ် ကျက်သရေနှင့် တောင့်တင်းခိုင်မာမှုတို့ကို အချိုးညီစွာ ပေါင်းစပ်ထားသည့် ဒီဇိုင်းလည်းဖြစ်သည်။ အလားတူ လှပဆန်းသစ်ခြင်း၊ Human Centric Engineering ခေါ် လူသားဗဟိုပြု အင်ဂျင်နီယာပုံစံဖန်တီးမှု၊ ထူးခြားလှသည့် SKY Activ နည်းပညာ၊ စိတ်ချယုံကြည်ရမှု၊ ထိပ်တန်းအဆင့်ရှိ သည့် လုံခြုံရေး၊ အရည်အသွေးမြင့် ပစ္စည်းများကိုသာ သုံးစွဲထားခြင်း စသည့် ထူးခြားချက်များကိုလည်း All-New CX-3 တွင် ရရှိခံစားနိုင်ပါမည်။

အပြင်ပိုင်း အပြင်အဆင်
All-New Mazda CX-3 ၏ အပြင်ဘက် ကိုယ်ထည်ကို အထူးလှပ ဆန်းသစ်ပြီး စွဲမက်ဖွယ်ရှိသည့်ဒီဇိုင်း ဖန်တီးထားကာ ၎င်း၏ နောင်တော် များဖြစ်ကြသည့် CX-5 နှင့် CX-9 တို့ကဲ့သို့ KODO Design ဖြင့် တွေ့မြင်ရမည် ဖြစ်သည်။ အရှေ့ဘက် ရှဲလ်ဒီဇိုင်းသည် အထူးထင်ရှား သည့်ပုံစံဖြစ်ပြီး Mazda Logo ကိုလည်း လှပစွာ တွေ့မြင်ရပါမည်။ Adaptive Front Lighting System , LED Headlight , Daytime Lighting System များပါဝင်သည့် ရှေ့မီးကြီးများနှင့် ထူးခြားစွာဖန်တီး ထားသည့် LED Fog Light တို့ကို တွဲဖက်တပ်ဆင်ထားမည် ဖြစ်သည်။ ထို့ပြင် Rain Sensing Wiper များသည်လည်း မိုးရာသီတွင် သက်သောင့် သက်သာ မောင်းနှင်နိုင်ရန် ကူညီပေးပါမည်။ ထိုမှတစ်ဖန် လေခွင်းအား ကောင်းစွာတုံ့ပြန်နိုင်သည့် ဘေးဘက်ကိုယ်ထည်ကို ဆက်လက်ခံစား ပါက ၁၈ လက်မအလွိုင်းခွေများပါရှိသည့် ကားဘီးများ၊ Privacy Glass များကို တွေ့မြင်ရမည်ဖြစ်ပြီး ခေတ်ဆန်စွာ ဖန်တီးထားသည့်အနောက်ဘက် သို့ ဆက်လက်ကြည့်ရှုလိုက်ပါက Dew Design Taillights , Reversing Camera , Rear Parking Assistant , Shark Fin Antenna စသည့် Feature များ စုံလင်စွာ ထည့်သွင်းထားသည့် နောက်ဖုံးကို တွေ့မြင်ရ ပါမည်။ All-New CX-3 ၏ အပြင်ကိုယ်ထည်ဒီဇိုင်းသည် ခေတ်လူငယ်များ အကြိုက်တွေ့စေမည်ဖြစ်ပြီး Mazda ချစ်ပရိသတ်များအတွက်လည်း ကောင်းစွာလက်ခံနိုင်သည့် ဒီဇိုင်းဖန်တီးမှု ဖြစ်ပါသည်။

အတွင်းခန်း အပြင်အဆင်
All-New Mazda CX-3 ၏ အတွင်းခန်းကို သပ်ရပ်လှပစွာ ဖန်တီးထား ပြီး ရှုပ်ထွေးမှုမရှိသည့်ပုံစံဖြင့် ခင်းကျင်းထားပါသည်။ ဖန်တီးမှု လက်ရာ အားလုံးကို သေသပ်ကျနစွာ ပြုလုပ်ထားမည်ဖြစ်ပြီး Dashboard ဒီဇိုင်း သည်လည်း ဆန်းသစ်လှပါသည်။ ခရီးသည်ငါးဦး စီးနင်းနိုင်သည့် ကားပုံစံ ဖြစ်ပြီး ထိုင်ခုံများကို တန်ဖိုးကြီးသားရေများဖြင့် ချုပ်လုပ်ထားမည်ဖြစ်ကာ Driver Seat Memory Setting လည်း ပါရှိပါမည်။ ဒုတိယထိုင်ခုံတန်းကို ၆ဝ : ၄ဝ အချိုး ခေါက်သိမ်းနိုင်မည်ဖြစ်၍ ပစ္စည်းများကို ကျယ်ဝန်းလုံခြုံစွာ သိမ်းဆည်းနိုင်မည်ဖြစ်သည်။ All-New CX-3 တွင် Mazda ၏ မူပိုင်နည်းပညာများ ဖြစ်ကြသည့် Active Driving Display HUD , 7 inch Colur Touch Screen Display , AUX and Blue-tooth , USB Inputs , Mazda Navigation System , Multimedia Commander Control အစရှိသည်တို့ စုံလင်စွာ ထည့်သွင်းထားပါမည်။ ထို့ပြင် ယာဉ်မောင်းနှင့် လိုက်ပါစီးနင်း သည့် ခရီးသည်များ သက်သောင့်သက်သာ ဖြစ်စေမည့် ပါဝင်မှုများဖြစ်ကြသည့် Auto Dual Climate Control , Engine Start/Stop , i-Stop , Normal/Sport Mode , Smart Keyless Entry , Remote Central Locking , Electronic Parking Brake တို့ အဓိကပါရှိမည် ဖြစ်သည်။ ထို့ကြောင့် All-New Mazda CX-3 ၏ အတွင်းခန်းသည် သက်သောင့်သက်သာရှိစေမှု၊ ခမ်းနားလှပမှု၊ အမြင်ဆန်းသစ်မှု၊ နည်းပညာသုံးပါဝင်မှုများ ကြွယ်ဝစွာပါရှိမှု စသည့် အချက်များနှင့်ပြည့်စုံပြီး သင်၏ ခရီးပန်းတိုင်ကို ပျော်ရွင်ကြည်နူးစွာဖြင့် ရောက်ရှိစေမည် ဖြစ်သည်။

အင်ဂျင်နှင့် ဂီယာစနစ်
All-New Mazda CX-3 တွင် အင်ဂျင်အနေဖြင့် Skyactiv G2.0/ 2.0 Petrol Engine , 109 Kw/6000 Rpm အင်ဂျင်နှင့် 6-Speed Semi Auto Transmisson စနစ်တို့ ပေါင်းစပ်ထည့်သွင်းထားပါသည်။ အင်ဂျင်၏ စွမ်းဆောင်ရည်အနေဖြင့် သုညမိုင်မှ တစ်နာရီ ၆၂ မိုင်နှုန်းကို ကိုးစက္ကန့် ဖြင့် အမြန်ဆုံးရောက်ရှိနိုင်မည် ဖြစ်သည်။ အလားတူ ဆီသိုလှောင် နိုင်စွမ်းသည် ၄၈ လီတာခန့် ဝင်ဆံ့ပါသည်။

လုံခြုံရေးစနစ်
All-New Mazda CX-3 သည် တန်းမြင့် လုံခြုံမှုအဆင့်ရှိသည့်ကား ဖြစ်ပြီး အဆင့်မြင့်နည်းပညာသုံး လုံခြုံရေးစနစ်များစွာပါရှိသည့် မိုဒယ် လည်းဖြစ်သည်။ ယင်းတွင် အဓိကပါဝင်မည့် Safety Feature များမှာ အသက်ကယ်လေအိတ် ခြောက်လုံး၊ABS+EBD+EBA ၊ Dynamic Stability Control(DSC) ၊ Engine Immobiliser ၊ ကလေးငယ်များအတွက် Isofix Child Seat Anchorages ၊ Lane Departure Warning System ၊ Roll Stability Control ၊ Smart City Brake Support (SCBS)၊ Traction Control System(TSC) တို့ ပါဝင်ကြပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here