Airport Shuttle Bus စီးနင်းမည့် ပြည်ပခရီးသည်များကိုလည်း ယာဉ်စီးခ ကျပ်ငါးရာသာ ကောက်ခံမည်

1000

ရန်ကုန်၊ ဇွန် ၂၇
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေ ဆိပ်မှ ရန်ကုန်ဘူတာကြီးအထိ ပြေးဆွဲနေသည့် Airport Shuttle Bus စီးနင်းမည့် ပြည်ပခရီးသည် များကိုလည်း ယာဉ်စီးခ ကျပ်ငါးရာ သာ ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။
Airport Shuttle Bus ကို ဇွန် ၂၂ ရက်က စတင်ပြေးဆွဲခဲ့ ခြင်းဖြစ်ပြီး အခြား YBS ယာဉ်များ နှင့်မတူဘဲ သီးသန့်အမြန်ယာဉ်လိုင်း ဖြစ်သည့်အတွက် ယာဉ်စီးခကို ကျပ်ငါးရာ သတ်မှတ်ထားသည်။ ယင်းအမြန်ယာဉ်လိုင်းကို ယာဉ် အစီးငါးဆယ်ဖြင့် တစ်စီးလျှင် တစ် ရက်ကို ခရီးစဉ်ငါးကြောင်းနှုန်း ပြေးဆွဲပေးမည် ဖြစ်သည်။
‘‘Airport Shuttle Bus ကို တဖြည်းဖြည်းနဲ့ စီးနင်းတဲ့ခရီးသည် ပိုများလာပါတယ်၊ ခရီးသည်အရေ အတွက် သိဖို့အတွက်လည်း Survey ကောက်နေပါတယ်၊ အမြန် ယာဉ်ဖြစ်တဲ့အတွက် ကြားမှတ်တိုင် တွေမှာ မရပ်တော့လို့ အချိန်မြန် ဆန်ပါတယ်၊ နောက်ပိုင်းမှာ လေဆိပ် ကနေ Taxi စီးတဲ့သူတွေလည်း Airport Shuttle Bus ကို စီးလာ ဖို့ ရှိပါတယ်၊ စတင်ပြေးဆွဲတဲ့ရက် တွေမှာတော့ တစ်ရက်ကို ခရီးသည် သုံးရာဝန်းကျင် စီးနင်းမှုရှိပါတယ်’’ဟု ‘OMNI FOCUS ကုမ္ပဏီ’ မန် နေဂျင်းဒါရိုက်တာ ဦးထွန်းတောက် ဝင်းက ပြောသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ရန်ကုန်ဘူတာကြီးသို့ ပြေးဆွဲမည့် Airport Shuttle ခရီး သည်တင် အမြန်ယာဉ်လိုင်းသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေ ဆိပ်မှ ရှစ်မိုင်လမ်းဆုံ၊ ရန်ကုန် ဟိုတယ်၊ နဝဒေးရုပ်ရှင်ရုံ ၊ ကမ္ဘာ အေးဘုရားလမ်း၊ Sedonal Hotel၊ မြန်မာပလာဇာ၊ Melia Hotel ၊ Excel Hotel ၊ ရွေဂုံတိုင်၊ ရွေတိဂုံ ဘုရား၊ တိရစာ္ဆန်ဥယျာဉ် ၊ Park Royal Hotel ၊ သမ္မတ ရုပ်ရှင်ရုံ ၊ Shangri-La Hotel ၊ Sule Square ၊ ဆူးလေဘုရားနှင့် ရန် ကုန်ဘူတာကြီးအထိ ပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။
ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here