Airport Shuttle လေဆိပ်ယာဉ်လိုင်းနှစ်ခုပေါင်း၍ ယာဉ်လိုင်းတစ်ခုအဖြစ်သာ ပြေးဆွဲသွားမည်

172

 

ရန်ကုန်၊ ဒီဇင်ဘာ
ကိုဗစ်ဂယက်ကြောင့် ရပ်နားထားရသည့် အဝေးပြေးယာဉ်ရပ်နားဝင်း နှစ်ခုနှင့် လေဆိပ်၊ ဆူးလေတို့ကို ချိတ်ဆက် ပြေးဆွဲနေသည့် Airport Shuttle လေဆိပ်ယာဉ်လိုင်း နှစ်ခုကိုပေါင်း၍ ယာဉ်လိုင်းတစ်ခု အဖြစ်သာ ပြေးဆွဲသွားမည်ဖြစ်ကြောင်း Omni Focus General Services Co.,Ltd မှ သိရသည်။

ဆူးလေ-လေဆိပ် ပြေးဆွဲပေးနေသည့် Airport Shuttle Bus ယာဉ်လိုင်းနှင့် အဝေးပြေး ယာဉ်ရပ်နားဝင်းနှစ်ခုနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ချိတ်ဆက်ပြေးဆွဲနေသည့် Airport Shuttle Bus တိုးချဲ့ယာဉ်လိုင်း နှစ်ခုကိုပေါင်းပြီး အောင်မင်္ဂလာအဝေးပြေး-ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်-ဆူးလေ ချိတ်ဆက် ပြေးဆွဲသည့် ယာဉ်လိုင်းတစ်ခုအဖြစ် ပြေးဆွဲမည်ဖြစ်ကြောင်း သိရ သည်။

“ခရီးသည်တွေလည်းသိပ် မရှိသေးတာကြောင့် လမ်းကြောင်းတွေပေါင်းပြီး ပြေးဆွဲတဲ့သဘောပါ၊ ဒဂုံဧရာအဝေးပြေးလမ်းကြောင်းကို ဖယ်လိုက်ပြီး အောင်မင်္ဂလာအဝေးပြေးဝင်းရယ်၊ လေဆိပ်ရယ်၊ ဆူးလေရယ်ကို ချိတ်ဆက်ပြေးဆွဲမှာပါ၊ ယာဉ်စီးခကတော့ မူလယာဉ်စီးခ အတိုင်း ကျပ်ငါးရာပါပဲ၊ YRTA ခွင့်ပြုချက်ရတာနဲ့ ပြေးဆွဲမှာပါ”ဟု Omni Focus General Services Co.,Ltd မန်နေဂျင်း ဒါရိုက်တာ ကိုထွန်းတောက်ဝင်းက ပြောသည်။

ထို့ပြင် YBS 82 ယာဉ်လိုင်းကို မူလခရီးစဉ်လမ်းကြောင်း ဖြစ်သည့် လှိုင်သာယာ-သာကေ တတိုင်းရင်းသားကျေးရွာကို ချိတ်ဆက်ပြေးဆွဲနေရာမှ လှိုင်သာယာ-ဗိုလ်တစ်ထောင်သို့ ပြောင်းလဲချိတ် ဆက်ပြေးဆွဲပေးမည် ဖြစ်ကြောင်း သိရသည်။

Omni Focus ကုမ္ပဏီမှ ယာဉ်လိုင်းနံပါတ် 20 ၊ 56 ၊ 83 ၊ 82 ၊ 98 ၊ 99 ၊ 101 ၊ Airport Shuttle Bus ယာဉ်လိုင်းနှင့် Airport Shuttle Bus တိုးချဲ့ယာဉ်လိုင်းတို့ကို တာဝန်ယူပြေးဆွဲပေးနေ ကြောင်းသိရသည်။
ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here