Air KBZ လေကြောင်းမှ မေ ၁ ရက်မှ ၁၇ ရက်အတွင်း ရန်ကုန်မှ မြို့ပေါင်း ၁၁ မြို့သို့ ချိတ်ဆက်ပြေးဆွဲမည်

230

 

ရန်ကုန်၊ ​မေ ၂

မဖြစ်မနေ ခရီးသွားလာရန် လိုအပ်သူများအတွက် Air KBZ ​လေ​ကြောင်းလိုင်းမှ မေ ၁ ရက်မှ ၁၇ ရက်အတွင်း မြို့ပေါင်း ၁၁ ခုကို ရန်ကုန်မြို့နှင့် ချိတ်ဆက်ပျံသန်းမည်ဖြစ်ကြောင်း အဆိုပါ လေကြောင်းလိုင်း၏ ထုတ်ပြန်​ကြေညာချက်အရ သိရသည်။

Air KBZ လေကြောင်းလိုင်းသည်ရန်ကုန်မြို့နှင့် ချိတ်ဆက်၍ ထားဝယ်၊ ဟဲဟိုး၊ ခန္တီး၊ ကျိုင်းတုံ၊ ကျောက်ဖြူ၊ လားရှိုး၊ မန္တလေး၊ မြိတ်၊ မြစ်ကြီးနား၊ စစ်တွေနှင့် တာချီလိတ်တို့များသို့ ပျံသန်း​ပြေးဆွဲမည်ဖြစ်သည်။

Air KBZ လေကြောင်းလိုင်းသည် ရန်ကုန်မြို့မှ ထားဝယ်၊ ဟဲဟိုး၊ ခန္တီး၊ကျိုင်းတုံ၊ ကျောက်ဖြူ၊ လားရှိုး၊မန္တလေး၊ မြိတ်၊ မြစ်ကြီးနား၊ စစ်တွေ၊ တာချီလိတ်မြို့များသို့လည်းကောင်း၊ မန္တလေးမြို့မှ ဟဲဟိုး၊ ခန္တီး၊ တာချီလိတ်၊ မြစ်ကြီးနားသို့လည်းကောင်း၊ ဟဲဟိုးမှ ကျိုင်းတုံ၊ တာချီလိတ်သို့ လည်းကောင်း၊ ကျောက်ဖြူမှ စစ်တွေသို့လည်းကောင်း ပြေးဆွဲပေးမည်ဖြစ်ကာ ရန်ကုန်မြို့မှ နံနက် ၇ နာရီ၊ ၈ နာရီ၊ ၉ နာရီ၊ ၁၂ နာရီ၊ ၁၂ နာရီခွဲ၊ ၃ နာရီခွဲအချိန်များတွင် ပြေးဆွဲပေးမည်ဖြစ်ကြောင်း Air KBZ ၏ ထုတ်ပြန်ထားချက်အရ သိရသည်။

Air KBZ လေကြောင်းလိုင်းသည် ၎င်း၏ ပြည်တွင်းခရီးစဉ်များကို COVID 19 ရောဂါကြောင့် ဧပြီ ၃၀ ရက်အထိ ဖျက်သိမ်းထားခဲ့ပြီး ယခုပျံသန်းမည့် ခရီးစဉ်များအပြောင်းအလဲရှိပါကလည်း အချိန်နှင့် တစ်ပြေးညီ ထပ်မံအသိပေးမည်ဖြစ်ကြောင်း ​ကြေညာထားသည်။

သတင်း-ရဲထွန်း​ကျော်/ ဓါတ်ပုံ – Air KBZ

LEAVE A REPLY

Please enter your comment!
Please enter your name here