Abu Dhabi တွင် ရွေ့လျားနေသည့် ကားအတွင်းမှ ခုန်ထွက်ကာ စိန်ခေါ် ကခုန်ရာ၌ ပါဝင်ခဲ့သည့် လူမှုကွန်ရက် အသုံးပြုသူ နာမည်ကျော်သုံးဦးကို ဖမ်းဆီးရန် အမိန့်ချမှတ်

472

UAE နိုင်ငံ၊ Abu Dhabi မြို့တော်တွင် ခပ်ဖြည်းဖြည်း ရွေ့လျား မောင်းနှင်နေသည့် ကားအတွင်းမှ ခုန်ထွက်ပြီး ကခုန်ရသည့် In My Feelings Dance Challenge ခေါ် Kiki Dance Challenge တွင် ပါဝင်သည့် လူမှုကွန်ရက် အသုံးပြုသူ နာမည်ကျော် သုံးဦးကို ဖမ်းဆီးရန် အမိန့်ချမှတ်ခဲ့ကြောင်း ဇူလိုင် ၂၄ ရက်တွင် Daily Mail သတင်းဌာနက ရေးသားဖော်ပြခဲ့ သည်။
အဆိုပါ အကစိန်ခေါ်မှုတွင် ပါဝင်သူများသည် ဖြည်းဖြည်း မောင်း နေသည့် ကားအတွင်းမှ ခုန်ထွက် ကာ ကားတံခါးဖွင့်လျက်ဖြင့် ကား၏ ဘေး အများသုံးလမ်းမပေါ်၌ ကခုန် ကြခြင်းကြောင့် ၎င်းတို့ကိုယ်တိုင် ကိုတင်မက အခြားသူများကိုပါ အန္တရာယ် ဖြစ်စေနိုင်သည့် စိန်ခေါ် မှုမျိုး ဖြစ်သည်။ အဆိုပါအကသည် ကနေဒါလူမျိုး ဟစ်ဟော့ပ်အဆိုတော် Drake ၏ နာမည်ကျော် သီချင်း တစ်ပုဒ်ဖြစ်သည့် In My Feelings သီချင်းကို အခြေခံပြီး ကခုန်ကြခြင်းဖြစ်သည်။ ကားပေါ်မှ ခုန်ထွက်ကာ ကခုန်ခဲ့သည့် ယင်း နာမည်ကျော် ပုဂ္ဂိုလ်သုံးဦးကို ၎င်းတို့ကိုယ်တိုင်နှင့် အခြားသူများ ကိုပါ အသက်အန္တရာယ်ဖြစ်စေမှု ဖြင့် စုံစမ်းစစ်ဆေးသွားမည်ဟု သိရသည်။ သက်ဆိုင်ရာ၏ အဆိုအရ အဆိုပါ ပြစ်မှုအတွက် ဒဏ်ကြေး၊ သို့မဟုတ် ထောင်ချသည်အထိ အပြစ်ပေးနိုင်ကြောင်းလည်း သိရ သည်။
စပိန်နိုင်ငံတွင်လည်း အလား တူ စိန်ခေါ်ကခုန်မှုမျိုး ပြုလုပ်ခဲ့ကာ ကားပေါ်မှ ပြုတ်ကြခြင်းနှင့် လမ်း မီးတိုင်များကို တိုက်မိခြင်းကဲ့သို့ သော မတော်တဆမှုများ ဖြစ်ပွားခဲ့ သည်။ စပိန်နိုင်ငံမှ အာဏာပိုင်များ ကလည်း ဆယ်ကျော်သက်များအ နေဖြင့် In My Feeling Challenge ကို ရှောင်ရှားသင့်ကြောင်း၊ ကားကို ကစားစရာကဲ့သို့ သဘော မထားဘဲ တာဝန်ရှိရှိ မောင်းနှင်သင့် ကြောင်း သတိပေးပြောကြားခဲ့ သည်။ အင်တာနက်ဟာသ သရုပ် ဆောင် Shiggy က In My Feeling Dance Challenge ကို စတင်ခဲ့သူဖြစ်သော်လည်း ၎င်းမှာ ကားပေါ်မှ ခုန်ထွက်ခြင်းမဟုတ်ဘဲ ကားများ သွားလာနေသည့် အများ သုံးလမ်းမ၏ ဘေးတွင်သာ ကခုန် ခဲ့ခြင်းဖြစ်သည်။ ထိုအကကို စိန် ခေါ်သူ ထောင်ပေါင်းများစွာတွင် Will Smith ကဲ့သို့သော နာမည် ကျော်များလည်း ပါဝင်ခဲ့သည်။ နာမည်ကျော် NFL ကစားသမား Odell Beckham Jr. သည် ရပ်ထားသည့် ကားထဲမှထွက်ကာ ကားဘေးတွင် ကခုန်သည့် ဗီဒီယို ဖိုင်ထွက်ရှိပြီး နောက်ပိုင်းတွင် လူမှုကွန်ရက် အသုံးပြုသူများက အပိုစတန့်ထွင်ကာ ခပ်ဖြည်းဖြည်း မောင်းနေသည့် ကားအတွင်းမှ ခုန်ထွက်၍ ကခုန် စိန်ခေါ်မှုပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
Ref: Daily Mail

LEAVE A REPLY

Please enter your comment!
Please enter your name here