Valvoline စက်ဆီ၊ ချောဆီကို ကျောက်ဆည်မြို့တွင် အမှတ်တံဆိပ် မိတ်ဆက်ခြင်း ပြုလုပ်

808

UMG Group of Company လုပ်ငန်းစု၏ လုပ်ငန်းခွဲတစ်ခု ဖြစ်သော People Origin Co., Ltd မှ အဓိက ဖြန့်ဖြူးရောင်းချနေသည့် Valvoline အမှတ်တံဆိပ် စက်ယန္တရားသုံး စက်ဆီ၊ ချောဆီအမျိုးမျိုးကို ကျောက်ဆည်မြို့ရှိ ဒေသခံ သုံးစွဲသူများထံ မိတ်ဆက်ခြင်းနှင့် ဂုဏ်ပြုညစာစားပွဲကို သြဂုတ် ၂၇ ရက်က ရွှေကမ္ဘာ(၃) စားသောက်ဆိုင်တွင် ပြုလုပ်ခဲ့သည်။

Valvoline အမှတ်တံဆိပ်သည် ကုန်တင်ကားကြီးများ၊ စက် ယန္တရားကြီးများ၊ လယ်ထွန်စက်ကြီးများ၊ မီးစက်ကြီးများအတွက် စက်ဆီ၊ ချောဆီ အမျိုးမျိုးကို ထုတ်လုပ်ဖြန့်ချိနေသည့် ကမ္ဘာ့နာမည်ကြီး အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး အထူးထုတ်ကုန် ပစ္စည်းတစ်မျိုးဖြစ်သော All Fleet E500 ဆီအမျိုး အစားသည်လည်း Euro 2 နှင့် Tier 2 Emission စနစ်များ အသုံးပြုထားသည့် နောက်ဆုံးပေါ် စက်ယန္တရားများနှင့် သင့်လျော်ကိုက်ညီပြီး API CX-4 Oil ဆီမှ ထုတ်လုပ်ထားခြင်း ဖြစ်သည်။ All Fleet E500 ကို အသုံးပြုခြင်းဖြင့် အင်ဂျင်ကြာမြင့်စွာ အသုံးပြုနိုင်ခြင်းနှင့် စွမ်းရည်မြင့်မားဆုံး ထုတ်လုပ်ပေးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်ကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here