ပေါ့ပါးတဲ့အဟုန်နဲ့ လေဟုန်ခွင်းမယ့် Ferrari SF90 Stradale

73

 

Ferrari လို့ဆိုလိုက်ရင် အီတလီဂုဏ်ဆောင်တန်ဖိုး မြင့်ပြိုင်ကားတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီဆိုတာ အားလုံးသိကြမှာပါ။ စတင်တည်ထောင်တဲ့ ၁၉၃၉ ခုနှစ် ကစလို့ လက်ရှိအချိန်အထိ အောင်မြင်ထင်ရှားတဲ့ပြိုင် ကား မိုဒယ်ပေါင်းများစွာ ထုတ်လုပ်ရောင်းချနိုင်ခဲ့တဲ့ Ferrari ဟာ ပြီးခဲ့တဲ့ မေ ၂၉ ရက်မှာတော့ ကုမ္ပဏီ သက်တမ်းတစ်လျှောက် ပထမဆုံးသော Plug-in Hybrid Supercar ဖြစ်တဲ့ SF90 Stradale ကို မိတ်ဆက်ပြသခဲ့ရာမှာတော့ အားလုံးအံ့အားသင့်စေခဲ့ပါ တယ်။ လေထုညစ်ညမ်းမှုကို လျှော့ချပေးနိုင်ဖို့အတွက် လျှပ်စစ်စွမ်းအင်နဲ့သာမက ဓာတ်ဆီနဲ့ပါ မောင်းနှင်နိုင်တဲ့ V8 အင်ဂျင်က ထုတ်လုပ်ပေးနိုင်တဲ့ စွမ်းအင်ပမာဏ (လျှပ်စစ်မိုတာသုံးလုံးအပါ)က မြင်းကောင်ရေ တစ်ထောင်အထိရှိတာကြောင့် Ferrari ကုမ္ပဏီထုတ် ပြိုင်ကားတွေထဲမှာ အင်ဂျင်ပါဝါအမြင့်ဆုံးဖြစ်ပါတယ်။

Ferrari ဟာ SF90 Stradale မိုဒယ်ကို ကုမ္ပဏီ တည်ထောင်သူ Enzo Ferrari တည်ထောင်ခဲ့တဲ့ Scuderia Ferrari ပြိုင်ကားအသင်း သက်တမ်း နှစ်ကိုးဆယ်ပြည့်အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုထုတ်လုပ်ခဲ့ တာဖြစ်ပါတယ်။ Enzo ဟာ Ferrari ကုမ္ပဏီကို မထူထောင်ခင် ပြိုင်ကားမောင်းသမားအဖြစ် ရပ်တည်ခဲ့ဖူးပြီး Alfa Romeo အသင်းသားအဖြစ် ပြိုင်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်ဖူးသူပါ။ Enzo ဟာ ၁၉၂၉ ခုနှစ်မှာ Scuderia Ferrari ဆိုတဲ့အမည်နဲ့ ကိုယ်ပိုင်ပြိုင် ကားအသင်းတည်ထောင်ခဲ့ပြီး သူ့အသင်းဟာ လက် ရှိအချိန်အထိ Formula One Championship ပြိုင် ပွဲတွေမှာ ယှဉ်ပြိုင်လျက်ရှိပါတယ်။ Enzo ဟာ ပြိုင် ကားအသင်းထူထောင်ပြီး ဆယ်စုနှစ်တစ်ခုအကြာဖြစ် တဲ့ ၁၉၃၉ ခုနှစ်မှာ Ferrari ကုမ္ပဏီကိုထူထောင်ကာ အရည်အသွေးမီပြိုင်ကားတွေကို ထုတ်လုပ်ခဲ့တာပါ။

Scuderia Ferrari ပြိုင်ကားအသင်း နှစ်ကိုး ဆယ်ပြည့်အထိမ်းအမှတ်အဖြစ် ထုတ်လုပ်ထားတာကြောင့် SF90 Stradale ဟာ ဘော်ဒီကောက်ကြောင်း အရရော၊ စက်စွမ်းရည်အရပါ ပြိုင်ပွဲဝင်ပြိုင်ကား တစ်စီးအလား ဝင့်ကြွားလွန်းလှပါတယ်။ 4.0 L Twin-Turbo-charged V8 အင်ဂျင်ဟာ Ferrari မိုဒယ် တွေမှာ ပုံမှန်အသုံးပြုနေကျ အင်ဂျင်အမျိုးအစားဖြစ်ပြီး မြင်းကောင်ရေ ၇၈ဝ အားရှိပါတယ်။ ဒါပေမဲ့ အရှေ့ အိပ်ဇောတစ်ဖက်စီမှာ တပ်ဆင်ထားတဲ့ လျှပ်စစ်မိုတာ နှစ်လုံး၊ အင်ဂျင်နဲ့ ဂီယာဘောက်ကြားတပ်ဆင်ထားတဲ့ လျှပ်စစ်မိုတာတစ်လုံး စုစုပေါင်းလျှပ်စစ်မိုတာ သုံးလုံးရဲ့ စွမ်းအင်ထုတ်လုပ်နိုင်မှုက မြင်းကောင်ရေ ၂၂ဝ အားရှိတာကြောင့် V8 အင်ဂျင်နဲ့ ပေါင်းရင် စုစုပေါင်း စွမ်းအင် ထုတ်လုပ်နိုင်မှုက မြင်းကောင်ရေ တစ်ထောင်အထိ ရှိလာတာပါ။

eDrive ၊ Hybrid ၊ Performance ၊ Quality စတဲ့ Drive mode လေးမျိုးရှိပြီး ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လုပ်မှု လုံးဝမရှိတဲ့ eDrive mode နဲ့ မောင်းမယ်ဆိုရင် ၁၅ ဒသမ ၅ မိုင်အထိ မောင်းနှင်နိုင်ပါ တယ်။ ၂ ဒသမ ၅ စက္ကန့်အတွင်း သုည မိုင်ကနေ ၆၂ မိုင်နှုန်း၊ ၆ ဒသမ ၇ စက္ကန့် အတွင်း သုညမိုင်ကနေ ၁၂၄ မိုင်နှုန်းအထိ အရှိန်မြှင့်တင်နိုင်သလို အမြင်ဆုံးအနေနဲ့ တစ်နာရီ ၂၁၁ မိုင်နှုန်းအထိ မောင်းနှင်နိုင်တာကြောင့် Formula One ပြိုင်ကားတစ်စီးလိုပဲ လျင်မြန်တဲ့အဟုန်နဲ့ မောင်း နှင်နိုင်မှာပါ။ တံခါးနှစ်ပေါက်ပါ 2-Door Sport Coupes အမျိုးအစားဖြစ်ပြီး F9 Tributo နဲ့ ဆင်တူသယောင် ရှိပေမဲ့ သေချာကြည့်မယ်ဆိုရင်တော့ ရှေ့မီးသီး၊ လေစုပ် ပေါက်နဲ့ ကားအတွင်းခန်းဒက်ရှ်ဘုတ်၊ Center Console တွေ တည်ဆောက်ပုံက ကွဲပြားပါတယ်။ SF90 Stradale အရှေ့ဘမ်ပါအောက် အလျားလိုက်လေစုပ် ပေါက်တွေက ခပ်နက်နက်အတွင်းလှိုက်ပုံစံဖြစ်ပြီး ဘောနတ်ပေါ်က လေစုပ်ပေါက်ကလည်း F9 Tributo ထက် ပိုမိုကြီးမားပါတယ်။ စတီယာရင်က D Shape ပုံစံတူညီပေမဲ့ ဒက်ရှ် ဘုတ်အပြင်အဆင် မှာတော့ SF90 Stradale က ပိုမိုခံ့ညားပါတယ်။ 8-Speed F1 Dual-Clutch Transmission ဖြစ်ပြီး Diffuser Area က ပိုကြီးကာ ဝိုင်းစက်စက် Titanium အိပ် ဇောပိုက်တစ်ခုစီကို Diffuser Area အပေါ်ဘက်မှာ ထည့်သွင်းပေးထားပါတယ်။ Carbon-Fiber အနောက် ဘက် လေပင့်အားထိန်းတောင်ပံ၊ လေပင့်အားထိန်း တောင်ပံနားက တစ်ဖက်တစ်လုံးစီထည့်ထားတဲ့ လေး ထောင့်ပုံ နောက်မီးသီးတွေကြောင့် ရုပ်ထွက်က မြင် သူတိုင်းကို ဆွဲဆောင်နိုင်ပါတယ်။ လေးဘီးယက် စနစ်ဖြစ်ပြီး ကားအောက်ပိုင်းကို ပေါ့ပါးတဲ့ Carbon-Fiber နဲ့ တည်ဆောက်ထားလို့ ကားအလေးချိန်က ပေါင် ၃,၅ဝဝ လောက်သာရှိပါတယ်။

ထိုင်ခုံတွေကို အဆင့်မီ Leather တွေန့ဲ ချုပ် လုပ်ထားပြီး အတွင်းခန်းကိုလည်း Carbon-Fiber တွေနဲ့သာ တည််ဆောက်ထားပါတယ်။ စတီယာရင် အောက်ဘက်မှာ မျက်နှာပြင်အကျယ် ၁၆ လက်မရှိတဲ့ HD Touch screen ပါဝင်ပြီး စတီယာရင်ပေါ်မှာ Functions တွေ လုပ်နိုင်တဲ့ခလုတ်တွေ ထည့်သွင်းပေး ထားပါတယ်။ လက်မနှစ်ဆယ် Forged Wheels ဘီးခွေတွေ အသုံးပြုထားပြီး နာမည်ကျော် Pirelli တာယာ တွေ အသုံးပြုထားတာကြောင့် ပြိုင်ကားတစ်စီးရဲ့ ဂုဏ်ပုဒ်နဲ့ လိုက်ဖက်ညီလှပါတယ်။ 2020 Model Year အဖြစ် ထုတ်လုပ်ထားတာကြောင့် လာမယ့်နှစ် ဆန်းပိုင်းလောက်ကျရင် စတင်ရောင်းချပေးဖွယ်ရှိနေ ပါတယ်။ အနီ၊ အစိမ်း၊ ရွေရောင်၊ အနက် စတဲ့အ ေရာင်မျုိးစံုရနုိင်ြပီး ကားတစ်စီးရဲ့တန်ဖိုးက ေပါင်ေလး သိန်းနီးပါး ကျသင့်မှာပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here