Motorbike Accessories

1100

ဆိုင်ကယ်ချစ်သူတွေအတွက် Motorbike Accessories က@ကနေ ဆိုင်ကယ်နဲ့ ပတ်သက်တဲ့ Accessories တွေကို စျေးနှုန်းနဲ့တကွ ဖော်ပြလိုက်ပါတယ်။

(စျေးနှုန်းများမှာ တစ်ပတ်အတွင်း စျေးနှုန်းများဖြစ်ပြီး အချိန်နှင့်အမျှ ပြောင်းလဲနိုင်ပါသည်)

၁။နေပူလက်ကာ

 

ဆိုင်ကယ်မောင်းနှင်စီးနင်းသူရဲ့လက်မှာစွပ်ပြီး အသုံးပြုရတဲ့ ဆိုင်ကယ်လက်ကာဟာ နိုင်လွန်ချည် သားနဲ့ပြုလုပ်ထားတာဖြစ်တဲ့အတွက် နွေရာသီအပူဒဏ်ကိုကာကွယ်ပေးမှာဖြစ်ပါတယ်။ အဝါ၊ အစိမ်း၊ အနီ ရောင်စုံရှိပြီး အမျိုးသမီးသုံး အမျိုးသားသုံးဆိုပြီး ပုံစံဒီဇိုင်းနှစ်မျိုးထွက်ရှိတယ်လို့ သိရပါတယ်။ စျေးနှုန်းကတော့ တစ်စုံကို ၁၂ဝဝ ကျပ်ပါ။

 

၂။  ဘက်မှန်

 

တရုတ်နိုင်ငံထုတ် ဖန်စီပစ္စည်းတစ်ခုဖြစ်တဲ့ ဘက်မှန်ဟာ မှန်ဖုံးကို ခိုင်ခံ့တဲ့ ပလတ်စတစ်သားနဲ့ပြုလုပ်ထားတာအပြင် ပြဒါးမှန်ရဲ့ကြည်လင်ပြတ်သားမှုကြောင့် နောက်မှယာဉ်တွေကို ရှင်းလင်းစွာမြင်ရမှာပါ။ ဒါ့အပြင် သံလျက်ပုံစံဒီဇိုင်းထွင်းပြုလုပ်ထားတာကြောင့်  စီးနင်းသူကိုပါစိတ်ချမ်းသာစေမှာဖြစ်ပြီး ဘက်မှန်ဟာ ဝါ၊ စိမ်း၊ နီ၊ ပြာ ရောင်စုံရှိတယ်လို့ သိရပါတယ်။ စျေးနှုန်းကတော့ ကျပ် ၃၈ဝဝ ပါ။

၃။ ဆီတိုင်ကီဖုံး

 

ဆီတိုင်ကီထဲက ဆီကို ဖိတ်စင်မှုမရှိအောင် ကာကွယ်ပေးထားတဲ့ ဆီတိုင်ကီဖုံးဟာ စတီးနဲ့ပြုလုပ်ထားတာကြောင့် ကြာရှည်အသုံးခံမယ်လို့ သိရပါတယ်။ ဆီတိုင်ကီအဖုံးဝင်ရိုးတိုင်မှာလည်း ဝါရှာကွင်းပါရှိတာကြောင့်အောက်တိန်းဆီဓာတ်ငွေ့ပျံ့လွှင့်မှုမရှိအောင် ထိန်းသိမ်းပေးမယ့်အပြင် ၁၁ဝ,၁၂၅ ဆိုင်ကယ်တိုင်းအသုံးပြုလို့ရပါတယ်။ စျေးနှုန်းကတော့ (၇ဝဝ) ကျပ်ပါ။

၄။ အချက်ပြမီး

ဆိုင်ကယ်တစ်စီး လမ်းကွေ့တဲ့အချိန်တွေမှာ အထောက်အကူပေးတဲ့ အချက်ပြမီးဟာ မီးသီးနောက်ဖုံးကို ပလတ်စတစ်အထူသားနဲ့ပြုလုပ်ထားတာအပြင် မီးသီးအထိုင်ကိုလည်းသားရေပျော့နဲ့ပြုလုပ်ထားတာကြောင့် ကြာရှည်အသုံးခံမယ်လို့ သိရပါတယ်။ အချက်ပြမီးရဲ့ မီးလင်းအားဟာလည်းညပိုင်းမှာ ဆိုင်ကယ်နဲ့ ကိုက် ၂ဝ အကွာအဝေးခန့်ထိမီးလင်းအား ပေးစွမ်းမှာကြောင့် ဆိုင်ကယ်နောက်က ယာဉ်တိုင်းကိုမြင်ကွင်းရှင်းလင်းစေမှာဖြစ်ပြီး ၁၁ဝ , ၁၂၅ ဆိုင်ကယ်တိုင်းအသုံးပြုလို့ရပါတယ်။ စျေးနှုန်းကတော့ တစ်လုံးကို (၂၂ဝဝ) ကျပ်ပါ။

အမှတ်(၂ဝ)၊ ၆၉ လမ်း၊ ၄ဝ×၄၁ လမ်းကြား၊ မဟာမြိုင် (၁) ရပ်ကွက်၊ အပိုင်း(၉)၊

မန္တလေးမြို့။ ဝ၂-၆၂၈၂၅ ၊ ဝ၉-၂ဝ၅၂၂၆၈

LEAVE A REPLY

Please enter your comment!
Please enter your name here