2021 Geneva Motor Show ကို ဖျက်သိမ်းကြောင်း ကြေညာ

208

 

အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်(COVID-19) ၏ ဂယက်ကြောင့် ကမ္ဘာ့အကြီးဆုံး ကား ပြပွဲကြီးဖြစ်သည့် 2021 Geneva Motor Show ကို ဖျက်သိမ်းလိုက် ပြီဖြစ်ကြောင်း ပြပွဲတာဝန်ရှိသူ များ၏အဆိုကို ကိုးကား၍ ဘီဘီစီ သတင်းဌာနက ဇွန် ၃ဝ ရက်တွင် ဖော်ပြသည်။

Genava Motor Show ကို ၁၉ဝ၅ ခုနှစ်ကတည်းက ဆွစ်ဇာ လန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကားကုမ္ပဏီ အများအပြား လာရောက် ပြသသ လို ပရိသတ်ငါးသိန်းခန့် ပုံမှန် ကြည့်ရှုလေ့ရှိသည့် ကားပြပွဲကြီး ဖြစ်သည်။ ဆွစ်ဇာလန် အစိုးရ သည် ကားပြပွဲမှ နှစ်စဉ် ဆွစ်ဖရန့် သန်းနှစ်ရာ(ပေါင် ၁၇၁ သန်း၊ အမေရိကန်ဒေါ်လာ ၂၁ဝ သန်း) ရရှိလျက်ရှိသည်။

2020 Geneva Motor Show ကို ယခုနှစ် မတ်လအတွင်း ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း ကို ရိုနာ ဗိုင်းရပ်စ်ထိန်းချုပ်ရေး ဥပဒေ အရ လူတစ်ထောင်ထက်ပိုမိုသည့် အခမ်းအနားများကို ဆွစ်ဇာလန် အစိုးရက တားမြစ်ထားသောကြောင့် ဖျက်သိမ်းခဲ့ရသည်။ ၂ဝ၂၁ ပြပွဲကို လာမည့် မတ်လအတွင်းပြုလုပ်ရန် စီစဉ်ထားသော်လည်း ကိုရိုနာ ကပ် ဆိုးကာလအတွင်း အခက်အခဲများ ကြုံတွေ့နေရခြင်း၊ ရောင်းအား ကျ ဆင်းခြင်း၊ အရောင်းအဝယ် မဟာ ဗျူဟာများအား ပြန်လည် သုံးသပ် ရန်ရှိနေခြင်းများကြောင့် ကုမ္ပဏီ များဘက်မှ လာရောက်ပြသရန် အဆင်မပြေ ဖြစ်လျက်ရှိသည်။

ထို့ကြောင့် အစဉ်အလာကြီး မားသော ကားပြပွဲကြီးကို လာမည့် နှစ်တွင်လည်း ခင်းကျင်းပြသရန် မဖြစ်နိုင်တော့ကြောင်း ပြပွဲကျင်း ပရေးတာဝန်ရှိသူများက ဘီဘီစီသို့ အတည်ပြု ဖြေကြားခဲ့သည်။
Ref: BBC

LEAVE A REPLY

Please enter your comment!
Please enter your name here