2020 Volkswagen Tiguan

64

 

ဂျာမန်ထိပ်တန်းကားကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Volkswagen ဟာ စွမ်းဆောင်ရည်မြင့် mid-Size SUV အမျိုးအစားဖြစ်တဲ့ Volkswagen Tiguan ကို ၂ဝဝ၇ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပြီး လက်ရှိအချိန်မှာဆိုရင် ဒုတိယမျိုးဆက်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ဒုတိယ မျိုးဆက်ကို ၂ဝ၁၆ ခုနှစ်ကနေ စတင်ထုတ်လုပ်ရောင်း ချနေတာဖြစ်ပြီး ၂ဝ၁၅ ခုနှစ်က ဖရန့်ဖတ်မြို့မှာ ပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ ကားပြပွဲမှာ တရားဝင် မိတ်ဆက်ပြသခဲ့ပါတယ်။ ၂ဝ၂ဝ မိုဒယ် Volkswagen Tiguan မှာ မြင်းကောင်ရေ ၁၈၄ ကောင်အား 2.0 liter turbocharged ဒီဇယ်အင်ဂျင် တပ်ဆင်ထားပါတယ်။

8-Speed Automatic Transmission with Sport mode ဖြစ်ပြီး လေးဘီးယက်စနစ်ပါ။ အင်ဂျင် ပါဝါကြီးတာကြောင့် ဆီစားနှုန်းအနေနဲ့ မြို့တွင်းတစ် ဂါလန် ၂၂ မိုင်နှုန်း၊ အဝေးပြေးလမ်းမတွေပေါ်မှာဆိုရင် တစ်ဂါလန် ၂၉ မိုင်နှုန်းနဲ့ ပျမ်းမျှဆိုရင်တော့ တစ်ဂါ လန် ၂၆ မိုင်နှုန်း ဖြစ်ပါတယ်။ Volkswagen Group ရဲ့ MQB Platform ကို အခြေခံတည်ဆောက်ထားပြီး ခံနိုင်ရည်ပြည့်ဝတဲ့ သံမဏိနဲ့တည်ဆောက်ထားတာ ဖြစ်တာကြောင့် လုံခြုံစိတ်ချရမှု အပြည့်အဝရစေမှာပါ။ ထိုင်ခုံတွေကို အဆင့်မီ V-Tex leatherette နဲ့ ချုပ် လုပ်ထားပြီး စတိုင်ကျလှပသလို ပြုပြင်ထိန်းသိမ်းရ တာလည်း လွယ်ကူပါတယ်။ ထိုင်ခုံတန်းက နှစ်တန်း ပါဝင်သလို မိုဒယ်ငါးခုမှာ လူများများစီးနိုင်တဲ့ ထိုင်ခုံ သုံးတန်းကိုလည်း ရွေးချယ်ခွင့်ပေးထားပါတယ်။

ရှေ့မီးအုံနဲ့ တွဲစပ်ဖွဲ့စည်းထားတဲ့ အလျားလိုက် ရှဲလ်ပုံစံက ရိုးရှင်းသလို ခရိုမီယမ်ဘားတန်းနှစ်ခုရဲ့ အလယ်မှာ VW Logo ကို တပ်ဆင်ထားပါတယ်။ အောက်ဘက်မှာတော့ နှင်းခွဲမီးလုံးတွေနဲ့ တွဲစပ်ထားတဲ့ လေစုပ်ပေါက်ပါဝင်ပြီး ဒီဇိုင်းပိုင်းကရိုးရှင်းပေမဲ့ ဘော်ဒီ ကောက်ကြောင်း အရတော့ ခံ့ညားတဲ့ဟန်ပန်ကို ပိုင် ဆိုင်ထားပါတယ်။ ဒက်ရှ်ဘုတ်မှာ မျက်နှာပြင်အကျယ် ရှစ်လက်မရှိတဲ့ Touch screen ပါဝင်ပြီး Apple CarPlay ၊ Android Auto ၊ Navigation System ၊ Volkswagen Digital Cockpit စတဲ့ ခေတ်မီနည်းပညာတွေ လုပ်ဆောင်နိုင်မှာပါ။ ကားခေါင်မိုးပေါ်မှာ အလွယ် တကူဖွင့်/ပိတ်လို့ရတဲ့ Panoramic sunroof ပါဝင်တာကြောင့် အမိုးဖွင့်မောင်းနှင်မယ်ဆိုရင် ကောင်းကင် ကျယ်ကြီးရဲ့ သဘာဝအလှတရားကို ခံစားနိုင်မှာဖြစ် သလိုလတ်ဆတ်တဲ့လေကိုလည်း ရှူရှိုက်ခွင့်ရနိုင်မှာပါ။

ကားအတွင်းခန်းအပြင်အဆင်က ခံ့ညားသပ်ရပ် ပြီး ကိုယ်နှစ်သက်ရာအရောင်ကို ရွေးချယ်နိုင်သလို D-shape စတီယာရင်ကိုလည်း Leather ဗားရှင်းနဲ့ရ နိုင်ပါတယ်။ ကားရှေ့မီးအုံက ဂရိတ်အပြည့် LED မီးအုံဖြစ်ပြီး နေ့လင်းမီးတန်းစနစ်ပါဝင်သလို Adaptive Front-lighting System က မျက်နှာချင်းဆိုင်က မောင်းလာတဲ့ကားရဲ့မီးရောင်ကို ထောက်လှမ်းကာ မိမိကားမီးရောင်ကို လျှော့ချတာမျိုး၊ မြှင့်တာမျိုး အ လိုက်သင့် လုပ်ဆောင်ပေးသွားမှာပါ။ အသံစနစ်အတွက် Fender Premium Audio System စနစ်ကို အသုံးပြုထားပြီး ကားအတွင်းခန်းအနှံ့တပ်ဆင်ထားတဲ့ 480-watt စပီကာကိုးလုံးကနေ ကြည်လင်ပြတ်သား တဲ့အသံထွက်စနစ်ကို ခံစားရမှာဖြစ်ပါတယ်။ ကူရှင် တွေကို အရောင်ရှစ်မျိုးအထိရနိုင်ပြီး Snow Mode ၊ On-Road Mode ၊ Off-Road Mode ၊ Off-Road Custom စတဲ့ မောင်းနှင်မှုပုံစံလေးမျိုး ရှိပါတယ်။ Pedestrian Monitoring (included in Front Assist) က ကားရှေ့ကနေ ရုတ်တရက် လူဖြတ်ကူး တာမျိုးမှာ မော်နီတာကနေ အချက်ပြမှာဖြစ်သလို အလိုအလျောက် ဘရိတ်ဖမ်းပေးမှာပါ။ Blind Spot Monitor က ကိုယ့်ကားကို ကျော်မောင်းမယ့်ကားရှိ လာရင် နောက်ကြည့်မှန်ကနေ အချက်ပြမှာဖြစ်သလို လမ်းကြောင်းပြောင်း မောင်းချင်တဲ့အခါမျိုးမှာ အ နောက်ဘက်မမြင်ကွယ်ရာက မြင်ကွင်းတွေကို မော်နီ တာကနေ ဖော်ပြပေးမှာပါ။

ဒါ့ပြင် Rear View Cameras System ၊ Safety cage ၊ Intelligent Crash Response System ၊ Automatic Post-Collision Braking System ၊ Tire Pressure Monitoring System ၊ Seven stability-enhancing systems ၊ Anti-lock brakes ၊ Stability control စတဲ့ မတော်တဆမှု တစ်ခုခုနဲ့ကြုံလာရင် အန္တရာယ် မဖြစ်စေနိုင်အောင် ကူညီ ပေးနိုင်တဲ့စနစ်တွေ ပါဝင် ပါတယ်။ ကားပေါ်လိုက်ပါ စီနင်းမယ့် လူတွေအားလုံးအတွက် အဆင့်မီ လေအိတ်တွေကို ထည့်ပေးထားတာကြောင့် ယာဉ် မတော်တဆမှုနဲ့ ရင်ဆိုင်ရ ပြီဆိုရင် အသက်အန္တရာယ် မဖြစ်အောင် ကူညီ ပေးနိုင်ပါလိမ့် မယ်။ ကား နောက်ဖုံးကို လက်နဲ့ ဖွင့် စရာမလိုဘဲ ခြေထောက် ထိုးထည့်လိုက် တာနဲ့ အလိုအ လျောက်တံခါးပွင့်တဲ့ Hand Free Liftgate စနစ်ကြောင့် အလေးအပင်တွေ မလာရင် လက်နဲ့ဖွင့်စရာ မလိုတော့ပါဘူး။

ဘီးခွေတွေကို ၁၉ လက်မ၊ ၂ဝ လက်မ အ လွိုင်းဘီးခွေတွေကို စိတ်ကြိုက်ရွေးချယ်နိုင်ပြီး ရာသီ မရွေးသုံးစွဲနိုင်တဲ့ All Season တာယာတွေကြောင့် မြို့တွင်းလမ်းမတွေမှာတင်မက ရွံ့လမ်း၊ ကျောက်ခင်း လမ်း၊ နှင်းဖုံးတဲ့လမ်း၊ ရေဝပ်တဲ့လမ်း ဘယ်လိုလမ်းတွေမှာမဆို အဆင်ပြေပြေမောင်းနိုင်ပါတယ်။ ကားအလေးချိန်က ပေါင် ၃,၈၅၈ ရှိပြီး ပေါင် ၁,၅ဝဝ ရှိတဲ့ ဝန်ကို ဆွဲနိုင်ပါတယ်။ ကားနောက်ခန်းမှာ ဝန်စည် စလယ်ထားနိုင်တဲ့ပမာဏက ၃၇ ဒသမ ၆ ကုဗ ပေရှိပြီး နောက်ခန်းကခုံတွေကို ခေါက်ထားမယ် ဆိုရင်တော့ ၇၃ ဒသမ ၅ ကုဗပေအထိ ထွက်လာမှာ ဖြစ်ပါတယ်။ ကားဝမ်းဗိုက်နဲ့ မြေပြင်အကြားအမြင့်က ရှစ်လက်မနီးပါးရှိတာကြောင့် ကားအောက်ပိုင်းထိခိုက် မှာကို ပူစရာမလိုပါဘူး။ ၁၅ ဒသမ ၉ ဂါလန်ဆံ့တဲ့ ဆီတိုင်ကီပါဝင်တာကြောင့် ဆီအပြည့်ဖြည့်ထားမယ် ဆိုရင် ဆီဆိုင်တွေမှာ မကြာခဏဆီဝင်ဖြည့်ရတဲ့ ဒုက္ခကနေ ကင်းလွတ်နိုင်မှာပါ။

၂ဝ၂ဝ မိုဒယ် Volkswagen Tiguan မှာ S ၊ S with 4MOTION ၊ SE ၊ SE with 4MOTION ၊ SE R-Line Black ၊ SE R-Line Black with 4MOTION ၊ SEL ၊ SEL with 4MOTION ၊ SEL Premium R-Line with 4MOTION ဆိုပြီး Trim Level ကိုးမျိုးအထိ ရှိပါတယ်။ S က အမေရိကန် ဒေါ်လာ ၂၄,၉၄၅၊ S with 4MOTION က အမေရိ ကန်ဒေါ်လာ ၂၆,၂၄၅၊ SE က အမေရိကန်ဒေါ်လာ ၂၇,ဝ၉၅၊ SE with 4MOTION က အမေရိကန်ဒေါ်လာ ၂၈,၃၉၅၊ SE R-Line Black က အမေရိကန်ဒေါ်လာ ၃ဝ,၂၉၅၊ SE R-Line Black with 4MOTION က အမေရိကန်ဒေါ်လာ ၃၁,၅၉၅၊ SEL က အမေရိကန်ဒေါ်လာ ၃၂,၂၄၅၊ SEL with 4MOTION က အမေရိကန်ဒေါ်လာ ၃၃,၅၄၅၊ SEL Premium R-Line with 4MOTION က အေမရိကန်ေဒါ်လာ ၃၈,၇၉၅ ကျသင့်မှာပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here