2020 Toyota 4Runner

276

ဂျပန်ထိပ်တန်း ကားကုမ္ပဏီ Toyota ဟာ Mid-size SUV အမျိုးအစား 4Runner ကို ၁၉၈၄ ခုနှစ်က စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး ၃၆ နှစ်သက်တမ်းအထိ ရောက်ရှိနေပါပြီ။Toyota Hilux Surf လို့လည်း လူသိများတဲ့ 4Runner ဟာ မြို့တွင်းလမ်းမတွေမှာ ခံ့ခံ့ညားညားမောင်းနိုင်သလို လမ်းကြမ်းတွေဆိုရင်လည်း တည်တည်ငြိမ်ငြိမ် မောင်းနှင်နိုင်ပါတယ်။ စွယ် စုံအသုံးပြုနိုင်စွမ်းရှိတဲ့ 4Runner ပဉ္စမမျိုးဆက်ကို ၂ဝဝ၉ ခုနှစ်ကတည်းက စတင်ထုတ်လုပ်လျက်ရှိပြီး ဂျပန်နိုင်ငံ၊ Aichi ခရိုင်၊ Taharaစက်ရုံကနေ ကမ္ဘာတစ်လွားတင်ပို့ရောင်းချနေတာပါ။ နောက်ဆုံးထုတ်လုပ်ထားတဲ့ 4Runner က တခြားမိုဒယ်ဟောင်းတွေ နဲ့ သိသိသာသာကွဲပြားခြားနားတာမျိုးမရှိဘဲ အတွင်း ခန်းအနည်းငယ်ဗားရှင်းမြှင့်ထားတာမျိုးလောက်ပဲ ရှိ ပါတယ်။2020 Toyota 4Runner မှာ SR5 ၊ SR5 Premium ၊ TRD Off-Road ၊ TRD Off-Road Premium ၊ Venture Special Edition ၊ Limited ၊ Nightshade Edition ၊ TRD Pro စတဲ့ Trim Level ရှစ်မျိုးအထိရှိပါတယ်။
2020 Toyota 4Runner မိုဒယ်မှာ မြင်းကောင်ရေ ၂၇ဝ အား 4.0 liter V6 VVT-i အင်ဂျင်တပ်ဆင်ထားပြီး စွမ်းအင်ထုတ်လုပ်မှု ပိုမိုမြင့်မားပါတယ်။ အင်ဂျင်ပါဝါမြင့်မားတာကြောင့် ဆီစားနှုန်းများပြားပြီး မြို့တွင်းလမ်းမ ပျမ်းမျှတစ်ဂါလန် ၁၆ မိုင်နှုန်း၊ အဝေးပြေးလမ်းမ တစ်ဂါလန် ၁၉ မိုင်နှုန်းနဲ့ ပျမ်းမျှ ၁၇ မိုင်နှုန်းပါ။ ရှေ့ပိုင်းရုပ်ထွက်က Off-Road တစ်စီးပီပီ အား မာန်အပြည့်လို့ဆိုနိုင်ပြီး မျက်နှာစာအပြည့်နီးပါးရှိတဲ့ ဆ႒႒ဂံရှဲလ်ကြီးက ခံ့ညားသပ်ရပ်သလို နေ့လင်းမီးတန်း စနစ်ပါဝင်တဲ့ Projector-beam headlights ရှေ့မီး အုံရဲ့ဒီဇိုင်းကလည်း သားနားပါတယ်။ ကြောင်မျက်လုံးပုံ ရှေ့မီးအုံအောက်ဘက်မှာ အတွင်းလှိုက်ပုံစံထည့်သွင်းပေးထားတဲ့ နှင်းခွဲမီးလုံးကြောင့်လည်း 4Runner ရဲ့ရှေ့ပိုင်းရုပ်ထွက်က အမိုက်စားပါပဲ။
ရှေ့မီးကြီးက မျက်နှာချင်းဆိုင် မောင်းလာတဲ့ ကားတွေရဲ့ မီးရောင်ကိုထောက်လှမ်းပြီး ကိုယ့်ကား မီးကို အလိုအလျောက် ချိန်ညှိပေးနိုင်တာကြောင့် ယာဉ်မောင်းသူအတွက် အဆင်ပြေစေနိုင်မှာပါ။ ကား အတွင်းခန်းက ထိုင်ခုံတွေကို အဆင့်မီ SofTex Leather တွေနဲ့ ချုပ်လုပ်ထားပြီး အနီရောင်ချုပ်ရိုးကြောင်း လေးတွေနဲ့ အနားကွပ်ထားတာက မျက်စိပသာဒ ရှိစေပါတယ်။ ဒရိုင်ဘာထိုင်ခုံနဲ့ စတီယာရင်ကို အနွေး ဓာတ်ပေးနိုင်သလို အနေအထားရှစ်မျိုးအထိ ချိန်ညှိ နိုင်တာကြောင့် ကားမောင်းချိန်ကြာမြင့်နေချိန်မှာ အ ညောင်းအညာပြေစေနိုင်မှာ ဖြစ်ပါတယ်။ ဒရိုင်ဘာ ဘေးခုံကိုလည်း ပုံစံလေးမျိုးအထိ ပြောင်းလဲနိုင်ပါ သေးတယ်။ အထူးခြားဆုံးက နောက်မှန်ဖြစ်ပြီး အ သေတပ်ဆင်ထားတာမဟုတ်ဘဲ ခလုတ်နဲ့ အဖွင့်/ အပိတ်လုပ်နိုင်သလို ဒါဟာ Toyota 4Runner တစ်မျိုးတည်းမှာသာတွေ့နိုင်တဲ့ နည်းပညာဆန်းသစ်မှုပဲ ဖြစ်ပါတယ်။
ဒက်ရှ်ဘုတ်မှာ မျက်နှာပြင်အကျယ် ၆ ဒသမ ၁ လက်မရှိတဲ့ ရုပ်ထွက်အားကောင်း Touchscreen ပါဝင်ပြီး Satellite Navigation ၊ HD Radio ၊ AM/FM အပါအဝင် တခြားလုပ်ဆောင်ချက်တွေကို လုပ်ဆောင်နိုင်ပါတယ်။ အသံစနစ်အတွက် JBL စပီကာတွေကို ကားအတွင်းခန်းအနှံ့တပ်ဆင်ပေးထားတာကြောင့် ကြည်လင်ပြတ်သားတဲ့ အသံစနစ်ကို ခံစား နိုင်မှာ ဖြစ်ပါတယ်။ Kinetic Dynamic Suspension System ဆိုင်းထိန်းစနစ်က အကွေ့အကောက်လမ်း တွေမှာ တည်ငြိမ်မှုဖြစ်စေသလို ချိုင့်ခွက်တွေပေါများ တဲ့ လမ်းတွေမှာဆိုရင်လည်း ကားဆောင့်တဲ့ဒဏ် မခံရစေအောင် အထောက်အပံ့ပေးနိုင်ပါတယ်။Hill Start Assist က တောင်တက်လမ်းတွေမှာ ကား နောက်ပြန်လိမ့်ဆင်းမသွားအောင် ကူညီပေးနိုင်သလို Downhill Assist Control ကလည်း ကုန်းဆင်းတွေမှာ ယာဉ်တည်ငြိမ်မှုဖြစ်အောင် အထောက်အကူပြုပေး တာကြောင့် လုံခြုံစိတ်ချမှု ပိုရစေပါတယ်။Ground Clearance က ၉ ဒသမ ၆ လက်မရှိတာကြောင့် တော်ရုံလမ်းကြမ်းတွေမှာတောင် ကားအောက်ပိုင်း ထိခိုက်မှာကို မပူရပါဘူး။
Advance Trac with Roll Stability Control က နှင်း၊ ကျောက်စရစ်၊ မိုးရေတွေလွမ်းနေတဲ့ လမ်းမတွေပေါ်မှာ ကားတည်ငြိမ်မှုဖြစ်စေပြီး ဂရိတ်အပြည့် လေအိတ်ရှစ်လုံး ထည့်သွင်းပေးထားလို့ ယာဉ်မတော်တဆမှုနဲ့ ကြုံလာရင် အသက်အန္တရာယ်မဖြစ်အောင် ကူညီပေးနိုင်မှာပါ။ Vehicle Stability Control ၊ Traction Control ၊ Anti-lock Brake System ၊ Electronic Brake-force Distribution ၊ Brake Assist ၊ Smart Stop Technology ၊ Front and rear parking assist sonar စတဲ့ အထောက်အကူပြု စနစ်များစွာပါဝင်တာကြောင့် လုံခြုံစိတ်ချမှုအပြည့်လို့ ဆိုနိုင်ပါတယ်။ ထိုင်ခုံသုံးတန်းအ ထိလုပ်နိုင်ပေမဲ့ အဲဒီလိုဆိုရင် ပစ္စည်းတင်ဆောင်နိုင်တဲ့ ပမာဏက နည်းသွားမှာပါ။ တတိယတန်းကို မသုံးရင် ပစ္စည်း တင်နိုင်တဲ့ နေရာအကျယ်အဝန်းက ၄၇ ဒသမ ၂ ကုဗပေရှိပြီး ဒုတိယတန်းကိုပါ ခေါက်သိမ်းလိုက်မယ် ဆိုရင် ၈၉ ဒသမ ၇ ကုဗပေအထိ ထွက်လာမှာပါ။ ကားအလေးချိန်က ၄,၆၇၅ ပေါင်ရှိပြီး အလေးချိန် ပေါင်ငါးထောင်ရှိတဲ့ဝန်ကို ဆွဲနိုင်ပါတယ်။
စျေးအနည်းဆုံးက အမေရိကန်ဒေါ်လာ ၃၆,၁၂ဝ ရှိတဲ့ SR5 ဖြစ်ပြီး ဈေးအကြီးဆုံးက ဒေါ်လာ ၄၉,၈၆၅ ပေးရတဲ့ TRD Pro ပါပဲ။

LEAVE A REPLY

Please enter your comment!
Please enter your name here