2020 GMC Acadia

152

အမေရိကန်ပြည်ထောင်စုရဲ့ အကြီးဆုံးကားကုမ္ပဏီ တစ်ခုဖြစ်တဲ့ General Motors ဟာ လေးဘီးယက် စွမ်းအားမြင့် ယာဉ်အမျိုးအစားဖြစ်တဲ့ GMC Acadia မိုဒယ်ကို ၂ဝဝ၆ ခုနှစ်မှာ 2017 Model Year အနေနဲ့ စတင်ထုတ်လုပ်ရောင်းချခဲ့တာ ဖြစ်ပါတယ်။ စတင် ရောင်းချစဉ် မြောက်အမေရိကစျေးကွက်တွေဖြစ်တဲ့ ပြည်တွင်း၊ ကနေဒါနဲ့ မက္ကဆီကိုစျေးကွက်တွေမှာ ရောင်းချခဲ့တာဖြစ်ပါတယ်။ GMC Acadia ဟာ လက် ရှိမှာ ဒုတိယမျိုးဆက်ကိုရောက်ရှိနေပြီး 2017 Model Year အနေနဲ့ ရောင်းချလျက်ရှိပါတယ်။ ၂ဝ၁၆ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်ကပြုလုပ်တဲ့ North American International Auto Show မှာ ဒုတိယမျိုးဆက် GMC Acadia ကို မိတ်ဆက်ခဲ့ပြီး ပထမမျိုးဆက်နဲ့ သွင်ပြင်ရော၊ စွမ်းဆောင်ရည်ပါကွဲပြားတဲ့ စွမ်းဆောင် ရည်မြင့် SUV တစ်စီးဖြစ်တယ်ဆိုတာကို ပြသနိုင် ခဲ့ပါတယ်။

GMC Acadia မှာ မြင်းကောင်ရေ ၃၁ဝ အား 3.6 Liter V6 အင်ဂျင်တပ်ဆင်ထားပြီး SL ၊ SLE-1 ၊ SLE-2 ၊ SLT-1 ၊ SLT-2 ၊ Denali ဆိုတဲ့ Trim Level ခြောက်မျိုးအထိရှိပါတယ်။ 6-Speed Auto-matic Transmission ဖြစ်ပြီး လေးဘီးယက်စနစ်တင် မက ရှေ့ဘီးယက်စနစ်နဲ့ပါ ရွေးချယ်နိုင်ပါတယ်။ အင် ဂျင်ပါဝါမြင့်တာကြောင့် စွမ်းအင်ထုတ်လုပ်ပေးနိုင်မှု မြင့်မားပြီး ဆီစားနှုန်းအနေနဲ့ မြို့တွင်းတစ်ဂါလန် ၂၁ မိုင်နှုန်း၊ အဝေးပြေးလမ်းမတစ်ဂါလန် ၂၆ မိုင်နှုန်းပါ။ လူခုနစ်ဦးအထိ လိုက်ပါစီးနင်းနိုင်ပြီး ရှဲလ် ကတော့ GM ရဲ့ ပင်တိုင် ဆဋဂံပုံစံရှဲလ်ကြီးဖြစ်ပါတယ်။ ကားရှေ့မီးအုံက ဂရိတ် အပြည့် C-Shape LED မီးလုံးဖြစ်ပြီး ရှဲလ်အောက် ဘက် လေစုပ်ပေါက် ဘေးတစ်ဖက်တစ်ချက်မှာ နှင်းခွဲမီးသီးအသေးတစ်လုံးစီ ထည့်သွင်းပေးထားပါ တယ်။
ထိုင်ခုံအားလုံးကို အဆင့်မြင့် Nappa Leather တွေနဲ့ချုပ်လုပ်ထားပြီး ဒုတိယတန်းက ထိုင်ခုံတွေကို တော့ နောက်ဆုံးတန်းမှာ စီးနင်းသူတွေ အလွယ်တကူ ဝင်ထွက်ရလွယ်ကူအောင် ပုံစံမျိုးစုံချိန်ညှိနိုင်ပါတယ်။ Cadillac XT5 ၊ XT6 ၊ Chevrolet Blazer ၊ Buick Enclave ၊ Chevrolet Traverse မိုဒယ်တွေတည် ဆောက်တဲ့ C1XX Platform ကို အခြေခံတည်ဆောက် ထားတာပါ။ ဒက်ရှ်ဘုတ်မှာ မျက်နှာပြင်အကျယ် ရှစ်လက်မရှိတဲ့ Touch screen ပါဝင်ပြီး Apple Carplay ၊ Android Auto ၊ Satellite Navigation ၊ AM/FM Radio ၊ Voice Recognition ၊ HD Radio တွေလုပ်ဆောင်နိုင်ပါတယ်။ ယာဉ်မောင်းထိုင်ခုံကို အနွေးဓာတ်ပေးနိုင်သလို စတီယာရင်ကိုလည်း အနွေး ဓာတ်ပေးနိုင်ပါတယ်။
ကားအနောက်ပိုင်း အပြင်အဆင်က အဆင့်မြင့် SUV တစ်စီးပီသစွာနဲ့ ခံ့ညားလွန်းပြီး အနောက်ဘက် Diffuser Area မှာ အဝိုင်းပုံခရို မီယမ်အိပ်ဇောပိုက် တစ်ခုစီကို ထည့်သွင်းထားပါတယ်။ အသံစနစ်အတွက် အရည်အသွေးမြင့် Bose Speaker ရှစ်လုံးကို ကားအတွင်းခန်းအနှံ့ တပ်ဆင်ပေးထားတာကြောင့် ကြည်လင်ပြတ်သားတဲ့ အသံစနစ်ကို ခံစားနိုင်ပါ တယ်။ Center Console မှာ ဘူးနှစ်ဘူးတင်ထားနိုင်တဲ့ Cup Holder ပါဝင်သလို 4G LTE Wi-Fi ၊ Wireless Charger လည်း ထည့်သွင်းပေးထားပါတယ်။ ကောက်ကြောင်းအရ GMC Acadia ဟာ အဆင့် မြင့် SUV တစ်စီးဆိုတာထင်ရှားပြီး ၁၇ လက်မ၊ ၁၈ လက်မ၊ ၂ဝ လက်မ အလူမီနီယမ်ဘီးခွေတွေ ရရှိနိုင် ပါတယ်။ တာယာတွေကတော့ ဘယ်လိုလမ်းမတွေ မှာမဆို မောင်းနှင်နိုင်တဲ့ All Season Blackwall တာယာတွေ အသုံးပြုထားတာကြောင့် ကတ္တရာလမ်း၊ ရွံ့လမ်း၊ ကျောက်ခင်းလမ်း၊ နှင်းဖုံးတဲ့လမ်း ကြိုက်တဲ့ လမ်းမှာ စိတ်ချလက်ချအသုံးပြုနိုင်ပါတယ်။
ကားဆောင့်တဲ့ဒဏ်မခံရစေဖို့ ကူညီပေးနိုင်တဲ့ ဆိုင်းထိန်းစနစ်ပါဝင်ပြီး Adaptive Cruise Control က ရှေ့ကားနဲ့ မိမိကားကြားသတ်မှတ်အကွာအဝေးမှာ ရှိစေသလို လိုအပ်လာရင် ဘရိတ်ဖမ်းပေးမှာပါ။ ကား ရှေ့ကနေ ရုတ်တရက်လူဖြတ်ကူးတာမျိုး၊ ယာဉ်မတော် တဆမှုကြုံနိုင်တာမျိုး၊ ပစ္စည်းတစ်စုံတစ်ခု ပြုတ်ကျလာ တာမျိုးတွေမှာဆိုရင် Forward Automatic Braking ၊ Forward Collision Alert ? Front Pedestrian Braking စနစ်တွေက အန္တရာယ်ကင်းစေမှာပါ။ Lane Keep Assist က အဝေးပြေးလမ်းမပေါ်မှာ မောင်း နှင်တဲ့အခါ လက်ရှိလမ်းကြောင်းအလယ်မှာပဲရှိနေ အောင် စတီယာရင်လက်ကိုင်ကို ချိန်ညှိပေးပြီး လမ်း ကြောင်းပြောင်းချင်တဲ့အခါ ဘေးလမ်းမှာ တခြားကား တွေရှိရင် အချက်ပေးတဲ့ Lane Change Alert စနစ်လည်း ပါဝင်ပါတယ်။
ARSC စနစ်က နှင်း၊ မိုးရေ၊ ကျောက်စရစ်တွေ လွမ်းမိုးထားတဲ့ လမ်းတွေမှာ မောင်းမယ်ဆိုရင် ယာဉ် တည်ငြိမ်မှုရှိစေပြီး Electric Parking Brake စနစ်က မတ်စောက်တဲ့အတက်အဆင်းလမ်းတွေမှာ ကားရပ် ထားမယ်ဆိုရင် လျှောကျမသွားအောင် လုပ်ဆောင်ပေး တဲ့ ဘရိတ်စနစ်ပါ။ ဒါ့ပြင် ခေတ်မီ SUV တစ်စီးမှာ မပါမဖြစ်လို့ဆိုနိုင်တဲ့ Rear Cross Traffic Alert ၊ Side Blind Zone Alert ၊ Rear Park Assist ၊ Rear Vision Camera System စတဲ့ အန္တရာယ် ကင်းနည်းပညာပေါင်း စုံပါဝင်ပါတယ်။ ကားအမိုးမှာ အလွယ်တကူအဖွင့်/အပိတ်လုပ်နိုင်တဲ့ Sunroof ရှိပြီး ဝန်စည်စလယ်တွေတင်နိုင်အောင် သံမဏိတန်းတွေ တပ်ဆင်ပေးထားပါတယ်။ ကားထိုင်ခုံတိုင်းမှာ ယာဉ် မတော်တဆမှုနဲ့ ကြုံလာခဲ့ရင် အထောက်အကူပေးနိုင် တဲ့ အဆင့်မြင့်လေအိတ်တွေထည့်သွင်းထားပြီး ဒီ လေအိတ်တွေကို NHTSA က ထောက်ခံချက်အပြည့် ပေးထားပါတယ်။
မြေပြင်ကနေ ကားဝမ်းဗိုက်အကြားအမြင့်က ရှစ်လက်မနီးပါးရှိတာကြောင့် တော်ရုံရွံ့လမ်းတွေမှာ ကားထိခိုက်မှာကို မစိုးရိမ်ရပါဘူး။ ဝန်စည်တင် ဆောင်နိုင်တဲ့ပမာဏက ထိုင်ခုံသုံးတန်းစလုံးချထားရင် ၁၂ ဒသမ၈ ကုဗပေရှိပြီး ရှေ့ဆုံးတန်းထိုင်ခုံတစ်ခု တည်းသာထားမယ်ဆိုရင် ၇၉ ကုဗပေအထိ ထွက် လာမှာပါ။ ကားအလေးချိန်က ၄,၁၄၄ ပေါင်ရှိပြီး ပေါင်လေးထောင်ကျော်ရှိတဲ့ ဝန်ကို ဆွဲနိုင်ပါတယ်။ GMC Acadia ရဲ့ တန်ဖိုးက Trim Level အလိုက် အမေရိကန်ဒေါ်လာ ၃၂,၆၄၇ ကနေ အေမရိကန် ေဒါ်လာ ၅၁,၃၃၇ အထိ ရှိပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here