2018 Nissan Armada OFF-ROAD မိတ်ဆက်

1223

ဂျပန်နိုင်ငံ၊ ယိုကိုဟားမားမြို့မှာ ရုံးချုပ်ဖွင့်လှစ်ထားတဲ့ Nissan ဟာ ၁၉၃၃ ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး သက်တမ်း ၈၄ နှစ်အတွင်း Nissan ၊ Infiniti ၊ Datsun အမှတ်တံဆိပ်ပါကားမျိုးစုံကို ထုတ်လုပ် ရောင်းချပေးနေပါတယ်။ ဂျပန်ပြည်တွင်းအတွက်ပဲ ကားတွေကို အစပိုင်း တုန်းက ထုတ်ပေးခဲ့တဲ့ Nissan ဟာ ၁၉၅ဝ ပြည့်လွန်နှစ်တွေမှာတော့ ကမ္ဘာတစ်ဝန်းကို သူတို့ထုတ်ကုန်တွေ စတင်တင်ပို့ရောင်းချခဲ့ပြီး ၁၉၆၉ ခုနှစ်မှာ ပြိုင်ကားအမျိုးအစားတွေ စတင်တည်ဆောက်ခဲ့ပါတယ်။ ကမ္ဘာ့ အကြီးဆုံးလျှပ်စစ်ကားထုတ်လုပ်သူအဖြစ် ရပ်တည်နေတဲ့ Nissan ရဲ့ လက်ရှိထုတ်လုပ်ဖြန့်ချိနေတဲ့ ကားတွေထဲမှာ သက်တမ်းအရင့်ဆုံးက ၁၉၅ဝ ပြည့်နှစ်မှာ ထွက်ပေါ်ခဲ့တဲ့ အရွယ်ကြီး SUV မိုဒယ် Nissan Patrol ဖြစ်ပြီး နောက်ထပ် SUV ကားမိုဒယ် အများအပြားကိုလည်း ဆက်တိုက်ထုတ်လုပ်ပေးနေပါတယ်။ Nissan ရဲ့ နောက်ထပ်အရွယ်ြကီး SUV မိုဒယ်ကတော့ Nissan Armada ပါ။ ၂ဝဝ၃ ခုနှစ်မှာ စတင်မိတ်ဆက် ပေးခဲ့တဲ့ Nissan Armada ဟာ Nissan Patrol အောက်ခံပလက်ဖောင်းကို အခြေခံတည်ဆောက်ထားပြီး ပထမမျိုးဆက်တုန်းက အမေရိကန်မှာ ထုတ်လုပ်ခဲ့ပေမဲ့ လက်ရှိဒုတိယမျိုးဆက်ကိုတော့ ဂျပန်နိုင်ငံက Nissan Shatai Kyushu စက်ရုံမှာ ထုတ်လုပ်နေတာ ဖြစ်ပါတယ်။ Nissan Armada ဟာ စထွက်ချိန်ကနေ ၂ဝ၁၆ ခုနှစ်အထိ ၁၂ နှစ် အတွင်း ပြောင်းလဲမှုအနည်းငယ်သာ ရှိခဲ့ပေမဲ့ မနှစ်ကစပြီး တစ်စီးလုံးနီးပါး ပြုပြင် ပြောင်းလဲမှုအသစ်တွေပြုလုပ်ထားပါတယ်။ ၂ဝ၁၈ မိုဒယ်မှာ နောက်ဘက် မြင်ကွင်းတွေကို အဆက်မပြတ်ထုတ်လွင့်ပေးတဲ့ နောက်ကြည့်မှန်အသစ် ပါဝင်လာပြီး Nissan Connect Telematics Services ၊ ရှစ်လက်မ အရွယ် Touch Screen ၊ HD ရေဒီယို၊ Hands-free Text Messaging နဲ့ USB အားသွင်းပေါက်တို့ကို ထည့်သွင်းပေးထားပါတယ်။
2018 Nissan Armada ဟာ ညီနောင်ကားအမျိုးအစားဖြစ်တဲ့ Infiniti QX80 နဲ့အပြင်ပိုင်း ဆင်တူပေမဲ့ ခရိုမီယမ်အစိတ်အပိုင်းတွေ နည်းပါးသလို ကားဘီးခုံးဧရိယာအပိုင်း (Fender Flares) က ကွာခြားမှု ရှိပါတယ်။ SUV ကားစတိုင်လ်အတိုင်း သေတ္တာပုံစံ(Boxy) ရှိပေမဲ့ ဖောင်းကြွလိုင်းအကွေးတွေ အများအပြားထည့်သွင်းပေးထားပါတယ်။ ရှေ့ဘီးဝင်ရိုးနဲ့ နောက်ဘီးဝင်ရိုးကြား အကွာအေဝး (Wheelbase) ကို အရင်ထက်တိုထားတာကြောင့် အတွင်းပိုင်းနေရာ အနည်းငယ်ကျဉ်းသွားပေမဲ့ ဇိမ်ခံကားအသွေးအမွေး ပိုထွက်လာပါတယ်။ LEDရှေ့မီးအုံ၊ ခရိုမီယမ် ရှေ့ဘမ်ပါရှဲလ်တို့ရှိတဲ့ ခေါင်းပိုင်းက ကြည့်လိုက်တာနဲ့ Nissan ကားမှန်းသိစေမှာပါ။ ခေါင်းပိုင်းဘေးတစ် ဖက်တစ်ချက်စီမှာ တပ်ထားတဲ့ ခရိုမီယမ်ကွပ် လေစုပ်ပေါက်(Air Vent) တွေကြောင့် ပြိုင်ကားလို စွမ်းဆောင်ရည်ကောင်းတဲ့ပုံထွက်စေပြီး နောက်တံခါးမှာ Power Liftgate စနစ်၊ အမိုးမှာ Sunroof တို့ ပါသလို ကားဘီးခွေကို ၁၈ လက်မကနေ လက်မ နှစ်ဆယ်အကြား ရွေးခွင့်ပေး ထားပါတယ်။ ကားအနီးကို ပိုင်ရှင်ကပ်လာရင် အပူပေးစနစ်ပါတဲ့အပြင် ဘက်နောက်ကြည့်မှန်တွေကတစ်ဆင့် မြေပြင်ပေါ်ကြိုဆိုတဲ့အလင်းတန်း ထုတ်ပေးသလို ကားအတွင်းဝင်လိုက်ရင်လည်း အတွင်းမီးတွေ အလိုလို လင်းလာမှာ ဖြစ်ပါတယ်။ အမိုးပေါ်မှာ ပစ္စည်းတွေတင်ဖို့တပ်ဆင် ထားတဲ့ Roof Rails ကို ကန့်လန့်ဖြတ် (Crossbars) အမျိုးအစား ရွေးနိုင်တာကြောင့်လည်း ကယက်လှေ၊ စကီး (Ski) စတာတွေတင်တဲ့အခါ မခက်ပါဘူး။
လူရှစ်ဦးအထိစီးနိုင်တဲ့ 2018 Nissan Armada အတွင်းပိုင်းမှာ ထိုင်ခုံသုံးတန်းပါပြီး မောင်းသူထိုင်ခုံက စိတ်ကြိုက်အနေအထား ၁ဝ မျိုး ချိန်ညှိနိုင်သလို မောင်းသူဘေးက ထိုင်ခုံကိုတော့ အနေအထားရှစ်မျိုး ချိန်ညှိလို့ရပါတယ်။ Nissan Intelligent Key ကို အိတ်ကပ်ထဲထည့် ထားရင် တံခါးလက်ကိုင်ပေါ်က ခလုတ်နှိပ်ရုံနဲ့ လော့ခ်ဖွင့်နိုင်သလို ကြိုတင်ပြီး စက်နှိုးထားနိုင်ပါတယ်။ မောင်းသူထိုင်ခုံနဲ့ အပြင်ဘက် နောက်ကြည့်မှန်တွေကို အလိုအလျောက်ချိန်ပေးတဲ့ မှတ်ဉာဏ်စနစ်ပါလို့ ကားမောင်းသူပြောင်းသွားရင် အခက်အခဲမရှိပါဘူး။ Dual Zone Tem-perature က ထိုင်ခုံတန်းတိုင်းမှာ စိတ်ကြိုက်အပူချိန်ရဖို့ စွမ်းဆောင်ပေး ပါလိမ့်မယ်။ သားရေနဲ့ပြုလုပ်ထားတဲ့ထိုင်ခုံတွေက ဇိမ်ကျကျစီးနင်းနိုင် သလို အရောင်လေးမျိုးထဲက ကြိုက်တဲ့အရောင်ရွေးလို့ရမှာပါ။ ရှေ့ လေကာမှန်နဲ့ ရှေ့ဘေးမှန်တွေက Acoustic ဖြစ်တာကြောင့် ပြင်ပက ဆူညံသံတွေ ကားအတွင်း မရောက်အောင် စုပ်ယူပေးမှာဖြစ်ပါတယ်။ အလယ်ခုံတန်းကို ၆ဝ/၄ဝ အချိုးနဲ့ ချိုးချပြီး နောက်ဆုံးခုံတန်းဆီ အလွယ် တကူဝင်ထွက်နိုင်ပါတယ်။ နောက်ခန်းထဲမှာ ပုံမှန်ဆိုရင် ၂၃ ဒသမ ၆ ကုဗပေအကျယ် ပစ္စည်းတွေထားနိုင်ပြီး အလယ်နဲ့ နောက်ခုံတန်းတွေ ရှေ့ချိုးချလိုက်ရင် ၁၇၁ ဒသမ ၁ ကုဗ ပေအထိ နေရာထွက်လာမှာပါ။ လူမမြင်စေချင်တဲ့ ပစ္စည်းတွေထားဖို့ နောက်ခန်းကြမ်းပြင်အောက်မှာ Underfloor Storage ကိုလည်း ဖန်တီးပေးထားပါတယ်။
နည်းပညာ ပိုင်းတွေအဖြစ် ရှစ်လက်မရှိတဲ့ Touch Screenကနေ သွား လိုရာခရီး လမ်းကြောင်း ရှာဖွေကြည့်ရှုနိုင်တဲ့ Nissan Naviga-tion System ၊ အစီအစဉ်နဲ့လုပ်ဆောင်ချက်များစွာကို ဖုန်းနဲ့ ချိတ်ဆက် လုပ်ဆောင်နိုင်သလို မတော်တဆမှုဖြစ်ရင် အကူအညီတောင်းပေးတဲ့ Nissan Connect Service တို့ကို အသုံးပြုနိုင်မှာပါ။ စတီယာရင်လက်ကိုင်က ခလုတ် တွေကတစ်ဆင့် Bluetooth စနစ်နဲ့ ဖုန်းကို လက်ကမကိုင်ဘဲ သုံးလို့ရ ပါတယ်။ လျှပ်စစ်အသုံးအဆောင်ပစ္စည်းတွေ ချိတ်ဆက်အားသွင်းဖို့ USB Port ငါးခု တပ်ထားပေးသလို ရှေ့ဘက်မှာတင်မက နောက်ဘက်က စီးသူတွေပါ ဖျော်ဖြေရေးအစီအစဉ်တွေ ခံစားကြည့်ရှုနိုင်တဲ့ Tri-Zone Entertainment System ကို တပ်ဆင်နိုင်ပါတယ်။ နောက်ခန်းထဲ ပစ္စည်းတွေနဲ့ ပြည့်နေတဲ့အခါ နောက်ကြည့်မှန်ကနေ မြင်ကွင်းတွေ မမြင်ရမှာကို စိုးရိမ်စရာမလိုအောင် Intelligent Rear View Mirror က ကူညီပေးပြီး နောက်ကြည့်မှန်ပေါ်က ခလုတ်နှိပ်လိုက်ရင် နေ့ရောညပါ မြင်ကွင်းကျယ်ကြည့်လို့ရတဲ့ ကင်မရာ Screenအဖြစ် ပြောင်းသွားမှာပါ။
2018 Nissan Armada မှာ မြင်းကောင်ရေ ၃၉ဝ အား 5.6 Liter Direct Injection Gasoline V8 အင်ဂျင်တပ်ဆင်ထားပါတယ်။ Auto ဂီယာ ခုနစ်ချက်စနစ်ကို ရှေ့ဘီးယက်၊ ဒါမှမဟုတ် လေးဘီးယက်စနစ်နဲ့ တွဲသုံးရမှာပါ။ လေးဘီးယက်စနစ်အသုံးပြုထားရင် လမ်းမျက်နှာပြင် အလိုက် ရှေ့နဲ့နောက်ဝင်ရိုးတွေဆီ လိုအပ်တဲ့စွမ်းအင် ချိန်ပို့ပေးလို့ ကိုင်တွယ်မောင်းနှင်ရတာ လွယ်ကူပါတယ်။ ပွတ်တိုက်အားနည်းတဲ့လမ်းမှာ ဘီးကုပ်အားကောင်းအောင် လေးဘီးယက်စနစ်အသုံးပြုပေမဲ့ ညီညာ ချောမွေ့တဲ့လမ်းပေါ်ရောက်သွားရင် ဆီစားနှုန်းသက်သာအောင် ရှေ့ ဘီးယက်စနစ်ကို အလိုလိုပြောင်းသွားမှာ ဖြစ်ပါတယ်။ ရှေ့ဘီးယက်နဲ့ လေးဘီးယက်စနစ်တွေကို လမ်းအနေအထားလိုက်ပြီး အလိုလိုပြောင်း ပေးတဲ့ Auto ၊ ကျောက်တုံးပေါ၊ နှင်းဖုံး၊ ရွံ့ထူတဲ့လမ်းတွေမှာ အကောင်းဆုံး ဘီးကုပ်အားရစေတဲ့ 4H ၊ ကျောက်တုံးပေါပြီး မတ်စောက်တဲ့လမ်းမှာ လိမ်လှည့်အား၊ ဘီးကုပ်အားတို့ အမြင့်ဆုံးရစေတဲ့ 4L စတဲ့မောင်းနှင်မှု ပုံစံတွေ ရွေးချယ်သုံးနိုင်အောင်လည်း စီစဉ်ပေးထားပါတယ်။
မောင်းသူကိုအထောက်အကူပေးတဲ့ Intelligent Cruise Control ၊ Intelligent Forward Collision Warning ၊ Lane Departure Warning ၊ Intelligent Blind Spot Intervention ၊ Intelligent Around View Mirror ၊ Intelligent Around View Monitor နည်းပညာ တွေ ပါဝင်တဲ့ 2018 Nissan Armada မှာ အဆင့်မြင့်လေအိတ်ခြောက် အိတ်၊ ကားအလေးချိန်များတဲ့အခါ နောက်ဘရိတ်တွေဆီ ဖိအားပိုလွတ် ပေးတဲ့ Advanced Braking ၊ စတီယာရင်လက်ကိုင်လှည့်အားကို စောင့်ကြည့်ပြီး လိုအပ်ရင် အင်ဂျင်ပါဝါလျှော့ချကာ ဘရိတ်ဖမ်းပေးတဲ့ Vehicle Dynamic Controlင ၊ စလစ်ဖြစ်နိုင်ခြေရှိရင် ဘီးလည်အားလျှော့ချ ပေးတဲ့ Traction Control System ၊ နောက်ခုံတန်းမှာ ကလေးထိုင်ခုံကို ထိုင်ခုံခါးပတ်ကြိုးမသုံးဘဲ စိတ်ချစွာတပ်နိုင်တဲ့ LATCH System စတာ တွေလည်း ထည့်သွင်းပေးထားလို့ လုံခြုံစိတ်ချစွာ မောင်းနိုင်မှာဖြစ်ပါ တယ်။ 2018 Nissan Armada ကို SV  ၊ SL ၊ Platinum နဲ့ Platinum Reserve မျိုးကွဲလေးမျိုး ထုတ်လုပ်သွားမှာဖြစ်ပြီး စျေးနှုန်းက အမေရိကန် ဒေါ်လာ ၄၆,ဝ၉ဝ ကနေ ၆၂,၁၉ဝ အထိ ပေးရမှာဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here