2018 LINCOLN CONTINENTAL တွင် ပါဝင်သည့် နည်းပညာများ

594

၂ဝ၁၈ မိုဒယ် Lincoln Continental သည် ကမ္ဘာကျော် Lincoln ၏ Full Size Luxury Sedan ကားအမျိုးအစားဖြစ်ပြီး ပြန်လည်မွေးဖွားလာသည့် Reborn မိုဒယ်လည်းဖြစ်သည်။ Continental သည် ရှေးယခင်က ထင်ရှားခဲ့သည့် ဇိမ်ခံကားကြီးဖြစ်ပြီး ၁၉၃၉ ခုနှစ်တွင် စတင်မွေးဖွားခဲ့ကာ ၎င်း၏ နဝမမျိုးဆက်ဖြစ်သည့် ၂ဝဝ၂ ခုနှစ်၌ ထုတ်လုပ်မှုရပ်ခဲ့ပါသည်။ ထို့နောက် ကာလကြာရှည်စွာ ရပ်နားခဲ့သည့် Continental ကို ၂ဝ၁၇ ခုနှစ်တွင် အသွင်သစ်တစ်မျိုးဖြင့် ပြန်လည်မွေးဖွားခဲ့ပါသည်။

ယခု 2018 Lincoln Continental သည် ဒသမမြောက်မျိုးဆက်ကားဖြစ်ပြီး အထူးလှပဆန်းသစ်သည့် ဒီဇိုင်းနည်းပညာများ ကြွယ်ဝစွာပါဝင်မှု၊ ဇိမ်ခံပစ္စည်းများ စုံလင်စွာပါရှိမှု၊ ကြံ့ခိုင်ပြီးလုံခြုံမှုမြင့်မားသည့် ကိုယ်ထည်၊ စျေးနှုန်းသင့်တင့်ခြင်း စသည့် အချက်များစွာဖြင့် ကျော်ကြားသည့်ကားလည်းဖြစ်သည်။ ထိုကြောင့် ယခု 2018 Lincoln Continental တွင် ပါဝင်သည့် နောက်ဆုံးနည်းပညာများကို ရေးသားတင်ဆက်လိုက်ပါသည်။

 

SYNC 3

SYNC 3 သည် Ford ၏ ထင်ရှားသော နည်းပညာဖြစ်ပြီး လွယ်ကူစွာအသုံးပြုနိုင်ကာ Voice Activated ဖြင့် တုံ့ပြန်နိုင်သည့် နည်းပညာလည်းဖြစ် သည်။ အထူးအားဖြင့် အချက်အလက်များ၊ ဆောင်ရွက်မှုများကို လျင်မြန်စွာတုံ့ပြန်နိုင်သည့် Touch Screen ပါရှိမည်ဖြစ်သည်။ SYNC 3 တွင် အဓိကပါဝင်သည့် လုပ်ဆောင်မှုများမှာ သီချင်းများရှာဖွေခြင်းနှင့် ထိန်းချုပ်ခြင်း၊ ယာဉ်မောင်းအသံကို အသုံးပြု၍ Aircon စနစ်ထိန်းချုပ်ခြင်း၊ Lincoln Connet – ယင်းစနစ်တွင် ရပ်နားထားသည့် ကားတည်နေရာ ရှာဖွေခြင်းနှင့် အဝေးမှနေ၍ယာဉ်အတွင်းရှိ Function အချို့ကို ထိန်းချုပ်နိုင်ခြင်း(ဥပမာ-တံခါး Lock/Unlock ပြုလုပ်ခြင်း၊ ဆီအခြေအနေကြည့်ရှုခြင်း) စသည်ဖြင့် လုပ်ဆောင်မှုများကို တိကျ၊ မှန်ကန်၊ မြန်ဆန်စွာဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်သည်။

 

The Lincoln Way App

ယင်း App သည် Lincoln ယာဉ်ပေါ်မှနေ၍ Lincoln Showroom/Dealer များနှင့်ချိတ်ဆက်ထားသည့် App ဖြစ်သည်။ စကားချပ်- အဆိုပါ App ကို ကမ္ဘာအနှံ့၌ တွင်ကျယ်စွာအသုံးပြုနိုင်မည်မဟုတ်ဘဲ Lincoln ၏ ခွင့်ပြုချက်ရထားသည့်ဒေသစျေးကွက်/ နိုင်ငံများတွင်သာ အသုံးပြုနိုင်ပါမည်။ အဆိုပါ App တွင် ကားပါကင်အတွက် ကျသင့်ငွေများ ပေးဆောင်ခြင်း၊ ကားပျက်ခဲ့ပါက Lincoln Service သို့ ဆက်သွယ်၍ Mobile Service ဖြင့် ကားကိုလာယူ၍ပြုပြင်စေခြင်း၊ Update ဖြစ်သည့် မြေပုံများကို Download ပြုလုပ်ခြင်း စသည့် လုပ်ဆောင်မှုများ ဆောင်ရွက်နိုင်ပါသည်။

 

Adaptive Headiamps

Dynamic Adaptive စနစ်ပါဝင်သည့် HID ရှေ့ မီးကြီးများကို Continental Sedan တွင် တပ်ဆင်ထားပါမည်။ အဆိုပါ ရှေ့မီးကြီးများတွင် Steering ကွေ့ရာသို့ မီးအလင်းပြောင်းပေးသည့်လုပ်ဆောင်မှု၊ ပုံမှန် HID ရှေ့မီးကြီးများထက် များစွာကောင်းမွန် သည့် အလင်းဖြာမှုစနစ် စသည်တို့ ပါဝင်ပါမည်။ အလားတူ အရှိန် 1 to 35 mph အတွင်း ၎င်းစနစ်မှ အလင်းပြန်မှုစနစ်ကို ပြုလုပ်ခြင်း/ပယ်ဖျက်ခြင်းတို့အား ပုံမှန်ပြုလုပ်မည်ဖြစ်ပြီး ဧရိယာကျယ်ဝန်းစွာအလင်းဖြာထွက်မည်ဖြစ်၍ လမ်းသွား၊ လမ်းလာများအပါအဝင် အရာဝတ္ထုများစွာကို ရှင်းလင်းစွာမြင်တွေ့နိုင်ပါမည်။ ထို့ပြင် အဆိုပါ အလင်းပြန်မှုကို Steering အနေအထားအတိုင်း ချိန်ညှိနိုင်မည်ဖြစ်၍ ယာဉ်မောင်းအတွက် များစွာအထောက်အကူဖြစ်စေပါမည်။

 

Heads-up Display with DMD Technology

Continental တွင် ပါဝင်သည့် HUD-Heads up Display ၌ Digital Micromirror Device – DMD စနစ်ကို ပထမဆုံး မိတ်ဆက်ထည့်သွင်းထားပြီး ယင်းစနစ်သည် Human Machine Interface-HMI စနစ် ပါဝင်သည့် HUD ကို အဆင့်မြင့်တင်ထားသည့် အမျိုးအစားဖြစ်သည်။ HMI စနစ်သုံး HUD တွင် ယာဉ်မောင်းအတွက်လိုအပ်သည့် သတင်းအချက်အလက်များကို ရှာဖွေ၊ ကြည့်ရှုနိုင်မည်ဖြစ်ပြီး သက်သောင့်သက်သာရှိကာ လုံခြုံမှုရှိသည့် မောင်းနှင်မှုအတွက် ကူညီပေးမည်ဖြစ်သည်။ DMD စနစ်ကို ရှပ်ရှင်ရုံများ၌ အသုံးပြုသည့် Graphic Element များဖြင့် ဖန်တီးထားကာ ယင်းတို့ကို Picture Generation Unit-PGU ၌ အခြေခံထားပါသည်။ ပါရှိမည့် ရုပ်ပုံများ၏ ဒီဇိုင်းကို ပုံမှန် HUD ရုပ်ပုံများထက် ပို၍တောက်ပပြီး ကြည်လင်ပြတ်သားသည့် ဒီဇိုင်းဖြင့် ဖန်တီးထားမည် ဖြစ်သလို အစီအစဉ်တကျဖြစ်မည့်အရောင်များဖြင့် တွဲစပ်ထားပါမည်။ ထို့ပြင် HUD ၏ ကျယ်ဝန်းသည့် မျက်နှာပြင်၌ များစွာသော သတင်းအချက်အလက်များကို ပြည့်စုံစွာ မြင့်တွေ့ရနိုင်မည်လည်း ဖြစ်သည်။

DMD နည်းပညာသုံး Heads-Up Display ကို Lincoln Continental Sedan အပြင် ၂ဝ၁၈ ခုနှစ်တွင် ရောင်းချမည့် Lincoln Navigator တွင်လည်း ထပ်မံထည့်သွင်းထားမည် ဖြစ်သည်။

 

Perfect Position Front Seats

New Lincoln Continental တွင် ရှေ့ခန်းထိုင်ခုံများကို များစွာဆန်းကြယ်လှသော ပုံစံဖြစ်သည့် Perfect Position Design ဖြင့် ဖန်တီးထားမည်ဖြစ်ပြီး ယင်းတို့တွင် မတူညီသည့်အနေအထား သုံးဆယ်ခန့် ပြုလုပ်နိုင်မည်ဖြစ်ကာ ကူရှင်ငယ်နှစ်လုံးကိုလည်း အပိုဆောင်းအနေဖြင့် ထည့်သွင်းထားပါမည်။ ထို့ပြင် ထိုင်ခုံအပူ/အအေးပေးခြင်းနှင့် နှိပ်နယ်ခြင်း(Massage) စသည့် Function များကိုလည်း ဆောင်ရွက်နိုင်ပါမည်။

 

Lincoln Drive Control

စိတ်ချလုံခြုံမှုရှိပြီး အတိအကျဖြစ်စေမည့်မောင်းနှင်မှုကိုဖော်ဆောင်နိုင်ရန် Lincoln မှ Lincoln Drive Control စနစ်ကို Continental တွင် ထည့်သွင်းထားပါသည်။ အဆိုပါစနစ်ကို လုပ်ငန်းလုပ်ဆောင်စေရန် အာရုံခံကိရိယာများမှ လမ်း၏အခြေအနေအား စဉ်ဆက်မပြတ် ကြည့်ရှုထောက်လှမ်းပေးမည်ဖြစ်ပြီး မတူညီသည့် တုံ့ပြန်မှုများအတွက် လိုက်လျောညီထွေဖြစ်စေမည့် မောင်းနှင်မှုအား အလိုအလျောက်ပြုလုပ်ပေးမည့်စနစ်လည်း ဖြစ်သည်။

 

Auto Hold

Auto Hold စနစ်သည် လုံခြုံမှုထောက်ပံ့ခြင်းဆိုင်ရာ နည်းပညာဖြစ်သည်။ ယင်းစနစ်ကို On ထားပါက ယာဉ်၏ Safety စနစ်များနှင့် ချိတ်ဆက်သွားမည်ဖြစ်ပြီး Radar/Adaptive Cruise Controlတို့မှ အန္တရာယ်အချက်ပြပါက ယာဉ်မောင်းမှ ဘရိတ်နင်းရန် မလိုအပ်ဘဲ ယာဉ်ကို အလိုအလျောက်ရပ်တန့်ပေးမည့်စနစ် ဖြစ်သည်။

 

Seagull Myint

LEAVE A REPLY

Please enter your comment!
Please enter your name here