2018 HONDA HR-V

1038

 

ကမ္ဘာ့အကြီးဆုံး မော်တော်ဆိုင်ကယ်ထုတ်လုပ်သူအဖြစ် ကာလရှည်ရပ် တည်ခဲ့တဲ့ Honda Motor Co., Ltd ဟာ ၁၉၆၀ ပြည့်လွန်နှစ်တွေ အတွင်း မော်တော်ကားဈေးကွက်ထဲ စတင်ဝင်ရောက်ခဲ့ပြီး ကားမိုဒယ် အမျိုးအစားများစွာ ထုတ်လုပ်နေတာ လက်ရှိအချိန်အထိပါပဲ။ Honda ကထုတ်တဲ့ ကားအများစုဟာ အရွယ်အစားသေးပြီး ဆီစားနှုန်းသက်သာ တာကြောင့် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်လို့ အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံအများစုကို အစီးရေများစွာ တင်ပို့ရောင်းချနေရပါတယ်။ လတ် တလော ကားမိုဒယ် ၄၈ မျိုး ထုတ်လုပ်ဖြန့်ချိနေတဲ့ Honda ရဲ့ ထုတ် ကုန်တွေထဲမှာ Subcompact Crossover SUV အမျိုးအစားဖြစ်တဲ့ Honda HR- V က တစ်ခုအပါအဝင်ဖြစ်ပြီး ၁၉၉၈ ခုနှစ်ကတည်းက ရောင်းချပေးနေတာပါ။ Hi-rider Revolutionary Vehicle ကို အတို ကောက် မှည့်ခေါ်ထားတဲ့ Honda HR-V ဟာ စတင်ထုတ်ချိန်ကနေ ၂၀ဝ၆ ခုနှစ်အထိ Wagon ပုံစံဖြစ်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ဒုတိယမျိုး ဆက်ပြန်ထုတ်တဲ့အခါကျမှ Crossover SUV အမျိုးအစားကို ပြောင်း လဲခဲ့တာပါ။ Honda ရဲ့ SUV မိုဒယ်သုံးမျိုးထဲမှာ CR-V ၊ Pilot တို့ ထက်အရွယ်သေးတဲ့ HR-V ဟာ Honda Fit  အောက်ခံပလက်ဖောင်း ကိုအခြေခံပြီး ကိုယ်ထည်မှာ အလွန်မာကျောခိုင်ခံ့တဲ့ သံမဏိ ၂၇ ရာခိုင် နှုန်း ထည့်သွင်းတည်ဆောက်ထားပါတယ်။ လာမယ့် ၂၀၁၈ ခုနှစ်အတွက် နောက်ဆုံးထုတ် Honda HR-V မှာ လှပတဲ့ပုံစံ ဒီဇိုင်း၊ အဆင့်မြင့် နည်းပညာတွေနဲ့ စိတ်ဝင်စားဖွယ်အပိုပစ္စည်းတွေပါအောင် ပုံဖော်ဖန်တီး ပေးထားပါတယ်။

2018 Honda  HR-V အပြင်ပိုင်းကိုယ်ထည်ကို အရောင်ရှစ်မျိုးနဲ့ ထုတ်လုပ်ပေးသွားမှာဖြစ်ပြီး ကြီးမားကျယ်ပြန့်တဲ့အနက်ရောင်ရှေ့ဘမ်ပါ ရှဲလ်(Grille)မှာ Honda အမှတ်တံဆိပ်ပါတဲ့ ခရိုမီယမ်တန်းထည့်သွင်း ထားတာက စတွေ့တွေ့ချင်းမှာတင် အမြင်အာရုံကို ဖမ်းစားနိုင်စွမ်းရှိနေပါ တယ်။ ကိုယ်ထည်တစ်ခုလုံးကို ပြတ်သားတဲ့ မျဉ်းတွေနဲ့ ပုံဖော်ထားလို့ ရုပ်လုံးနေပြီး ပြိုင်ကားတစ်စီးလို အသွေးအမွေးမျိုး ထွက်နေပါတယ်။ ဟေလိုဂျင်ရှေ့မီးအုံက သေးသွယ်ရှည်လျားတဲ့ ပုံစံဖြစ်ပြီး နေ့လင်းမီး (Daytime Running Lights ) ပါဝင်ပါတယ်။ နောက်မီးအုံမှာLED ဘရိတ်မီးပါလို့ စွမ်းအင်ချွေတာရာရောက်သလို နောက်ကပါလာတဲ့ ကား တွေအနေနဲ့ ပိုပြီးသဲသဲကွဲကွဲ မြင်နိုင်မှာဖြစ်ပါတယ်။ ကားဘီးခွေကို ၁၇ လက်မအရွယ် အလွိုင်းခွေသုံးထားပြီး ကားဘီးယက်မှုကြောင့် ကျောက်ခဲ အစအနတွေ ကားဘေးခြမ်းဆီစဉ်ပြီး ဆေးမပွန်းအောင်လို့ ကားဘီးသဲကာ (Splash Guard ) တပ်လို့ရအောင် စီစဉ်ပေးထားပါတယ်။ 2018 Honda HR-V ကို ပိုပြီးထူးခြားအောင် အမိုးပေါ်မှာ ပစ္စည်းတွေတင်နိုင်တဲ့ Roof-rail Crossbars ၊ နှင်းခွဲမီးစတာတွေ ထပ်ဆောင်းတပ်ဆင်ခွင့်လည်း ပေးထားပါတယ်။ ပြီးတော့ ကားအပြင်ပိုင်းကို ပိုရုပ်လုံးစေတဲ့ Sport Grille ရှေ့ဘမ်ပါရှဲလ်ကို ရွေးချယ်ခွင့်လည်း ရှိပါတယ်။

လူငါးဦးစီးနင်းနိုင်တဲ့ 2018 Honda HR-V အတွင်းပိုင်းမှာ ထိုင်ခုံ ဧရိယာ ၉၆ ကုဗပေကျော်ရှိလို့ ကျယ်ကျယ်ဝန်းဝန်းနဲ့ သက်သောင့် သက် သာရှိပြီး ရှေ့ထိုင်ခုံတန်းမှာ အပူပေးစနစ်ပါလို့ အေးမြတဲ့ရာသီဥတုမျိုးမှာ မောင်းနှင်ရတာ အခက်အခဲ မရှိနိုင်ပါဘူး။ လတ်ဆတ်တဲ့ ပြင်ပလေကို ရရှိနိုင်မယ့် ခေါင်မိုးပေါ်က Moonroof ကလည်း ခလုတ်တစ်ချက်နှိပ်ရုံနဲ့ ပွင့်သွားမှာဖြစ်ပါတယ်။ ကားအတွင်းစီးနင်းသူ အားလုံးအတွက် စိတ် ကြိုက်အပူချိန်ရအောင် Touch Scren ကတစ်ဆင့် ချိန်ညှိနိုင်တဲ့ Automatic Climate Control  စနစ်ပါသလို ရှေ့ထိုင်ခုံတန်းအလယ်က Centre Console  မှာ ဖုန်း၊ ပိုက်ဆံအိတ်၊ ဖျော်ရည်ဘူးတွေထည့်ဖို့ လုံ လောက်တဲ့နေရာ ဖန်တီးပေးထားပါတယ်။ ကားအချက်ပြဒိုင်ခွက်မှာ Electric Blue အလင်းစနစ် ထည့်သွင်းထားတာကြောင့် ကြည့်ရှုရတာ လွယ်ကူသလို အီလက်ထရွန်းနစ်ပစ္စည်းတွေ အားသွင်းဖို့အတွက် ၁၂ ဗို့အားရှိတဲ့ HDMI အားသွင်းပေါက် တစ်ပေါက်နဲ့ USB Audio Interface အားသွင်းပေါက်နှစ်ပေါက် ပါရှိပါတယ်။ ဒက်ရှ်ဘုတ်အလယ်မှာရှိတဲ့ ခုနစ် လက်မအရွယ် Display Audio Touch Screen ကနေ သီချင်း နားထောင်ခြင်း၊ ဖုန်းကို လက်နဲ့မကိုင်ဘဲ အသုံးပြုခြင်း၊ Honda Satellite- Linked Navigation စနစ်သုံးပြီး လမ်းညွှန်မြေပုံကြည့်ခြင်း စတာ တွေကို လွယ်ကူစွာလုပ်ဆောင်နိုင်မှာပါ။ ညာဘက် နောက်ကြည့်မှန် အောက်မှာတပ်ထားတဲ့ ကင်မရာအသေးကနေ Honda Lane Watch နည်းပညာသုံးပြီး နောက်ကြည့်မှန်ထက် လေးဆပိုကောင်းတဲ့ ညာဘက် ပိုင်းမြင်ကွင်းတွေကို Touch Screen ကတစ်ဆင့် ကြည့်နိုင်မှာလည်း ဖြစ်ပါတယ်။ ကားအတွင်းခန်းနောက်ကြည့်မှန်မှာလည်း နောက်ကားတွေ ကထိုးတဲ့ မီးအလင်းရောင်တွေကို မျက်စိမစူးအောင် အလိုအလျောက်မှိန် ဖျော့ပေးမယ့်စနစ် ပါဝင်ပါတယ်။ Honda Link နည်းပညာကြောင့် မိမိ ဖုန်းကတစ်ဆင့် သီချင်းနားထောင်ခြင်း၊ လူမှုကွန်ရက်မီဒီယာတွေသုံးခြင်း၊ လိုအပ်တဲ့ ဝန်ဆောင်မှုတွေအတွက် ကြိုတင်မှာကြားခြင်းတို့ကိုလည်း ပြု လုပ်နိုင်မှာပါ။ ကားအတွင်းပစ္စည်းမျိုးစုံ တင်လို့ရအောင်အတွက်လည်း စီစဉ်ပေးထားပြီး ပစ္စည်းများများတင်တဲ့အခါ နောက်ခုံတန်းကို ၆၀/၄၀ အချိုးနဲ့ ရှေ့ကိုချိုးချလိုက်ရင် ၅၈ ဒသမ ၈ ကုဗပေနေရာအကျယ် ထွက်လာမှာပါ။ မောင်းသူဘေးက ထိုင်ခုံကိုပါ ရှေ့ဘက်ချိုးချလိုက်ရင် အရှည်ရှစ်ပေအထိရှိတဲ့ ပစ္စည်းမျိုးကို သယ်ဆောင်နိုင်သလို နောက်ခုံ တန်းမှာပါတဲ့ Magic Seat Function ကြောင့် နောက်ထိုင်ခုံရဲ့ ဖင်ထိုင် တဲ့နေရာကို ကျောမှီဘက်ဆွဲကပ်ပြီး အမြင့်လေးပေနီးပါးရှိတဲ့ ပစ္စည်းကို ဒေါင်လိုက်ထောင် သယ်လို့ရပါတယ်။ အတွင်းပိုင်းမှာ အပိုပစ္စည်းတွေအဖြစ် ကားရှေ့ကြမ်းပြင်ကို မီးပေးတဲ့စနစ်၊ နောက်ဖုံးထဲက ပစ္စည်းတွေကို နေ ရောင်မထိစေတဲ့ Cargo Cover ၊ ညစ်ပတ်မှုသက်သာစေတဲ့ All-Season ကြမ်းခင်းပြားတွေကို ရွေးချယ်တပ်ခွင့်လည်း ပေးထားပါတယ်။

2018 Honda HR-V အတွက် မြင်းကောင်ရေ ၁၄၁ ကောင်အား 1.8L ဆလင်ဒါလေးလုံးထိုး အင်ဂျင်အသုံးပြုထားပြီး ဂီယာစနစ်က 6-Speed Manual ၊ ဒါမှမဟုတ် Continuously Variable Automatic Transmission ( CVT) ကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ ရှေ့ဘီးယက် စနစ်၊ ဒါမှမဟုတ် လေးဘီးယက်စနစ်ကိုလည်း ရွေးခွင့်ပေးထားပြီး CVT ဂီယာစနစ်တပ်ထားတဲ့ မိုဒယ်မှာပဲ လေးဘီးယက်စနစ်ကို သုံးစွဲနိုင်မှာပါ။ စမ်းသပ်မောင်းနှင်မှုရလဒ်တွေ မထွက်သေးပေမဲ့ စတီယာရင်လက်ကိုင်ကို တည်တည်ငြိမ်ငြိမ် ကိုင်တွယ်မောင်းနှင်နိုင်တဲ့ Vehicle Stability Assist  နဲ့အတူ အဝေးပြေးလမ်းမှာ ဆီစားနှုန်း တစ်ဂါလန် ၃၄ မိုင်နှုန်းရှိတယ်လို့ ဆိုထားတာကြောင့် 2018 Honda HR-V ကို စွမ်းဆောင်ရည်မြင့် Crossover ကားလို့ သတ်မှတ်နိုင်ပါတယ်။ အိတ်ကပ်ထဲမှာ ကားသော့ရှိရုံနဲ့ ကားတံခါးဖွင့်လို့ရတဲ့ Smart Entry ၊ ခလုတ်တစ်ချက်နှိပ်ပြီး စက်နှိုး/ စက်ပိတ်လုပ်နိုင်တဲ့ Push Button Start ၊ ပါကင်ထိုးတဲ့အခါ ဘရိတ် ဖမ်းဖို့ ခလုတ်တစ်ချက်နှိပ်ရုံပဲလိုတဲ့ Electric Parking Brake စတာ တွေအပြင် မတော်တဆမှုဖြစ်ရင် စီးသူတွေကို ကာကွယ်ပေးမယ့် သံမဏိ ကိုယ်ထည်၊ နောက်ဘက်မြင်ကွင်းကို Normal ၊ Top -Down ဆိုပြီး ပုံစံသုံးမျိုးနဲ့ကြည့်နိုင်တဲ့ Multi -Angle Rearview Camera တို့ ပါတာကြောင့် 2018 Honda HR-V ဟာ စီးနင်းရတာ လုံခြုံစိတ်ချမှုရှိ တယ်လို့ ဆိုရမှာပါ။ စတိုင်လ်ကျတဲ့ပုံစံနဲ့ လမ်းကောင်းတွေမှာ အကောင်း ဆုံးမောင်းနိုင်သလို လေးဘီးယက်မိုဒယ်နဲ့ဆိုရင် ခက်ခဲတဲ့လမ်းကြမ်းတွေပါ ကျော်ဖြတ်နိုင်တဲ့ 2018 Honda HR-V  ကို LX ၊ EX ၊ EX-L Navi ဆိုတဲ့ မျိုးကွဲသုံးမျိုးထုတ်သွားမှာဖြစ်ပြီး ဈေးနှုန်းအနေနဲ့ အမေရိကန်ဒေါ် လာ ၁၉,၅၇၀၊ ၂၁,၆၂၀၊ ၂၅,ဝ၄၀ စီ အသီးသီးပေးချေရမှာ ဖြစ်ပါ တယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here