ဂျာမနီနိုင်ငံက နာမည်ကျော်ဇိမ်ခံကားကုမ္ပဏီတစ်ခုဖြစ်တဲ့ Audi ဟာ အရင်မိုဒယ်တွေနဲ့ သိပ်မကွဲပြားလှတဲ့ ကားမိုဒယ်သစ်တွေကို ထပ်တိုးထုတ်လုပ်ဈေးကွက်တင်နေပေမဲ့ အဲဒီလို သမားရိုးကျမဟုတ်ဘဲထူးခြားတဲ့ ကားမိုဒယ်သစ်တွေလည်း ရှိပါတယ်။ အဲဒီထဲမှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဂျီနီဗာ ကားပြပွဲမှာ ပွဲထုတ်ပြသခဲ့တဲ့ ၂၀၁၈ မိုဒယ် A5 Sportback ကားသစ်လည်း ပါဝင်ပြီး အရင်မျိုးဆက်က မိုဒယ်တွေနဲ့မတူဘဲ တစ်မူကွဲပြား ခြားနားနေပါတယ်။ A5 ရဲ့ Sportback ဗားရှင်းဖြစ်ပေမဲ့ ဆီဒန်ကားကိုယ်ထည်နဲ့ ခပ်ဆင်ဆင်တူတဲ့ A5 Sportback ဟာ နောက်ဖုံးဖွင့် (Hatchback) ကားတစ်စီးရဲ့ ပစ္စည်းများများဆံ့တဲ့ ပမာဏ၊ ဆီဒန်ကားတစ်စီးရဲ့ ကျယ်ဝန်းဇိမ်ကျမှုနဲ့ Coupe ကားတစ်စီးလို အဆင့်မြင့်လှပတဲ့ ကိုယ်ထည်ပုံစံတို့ကို တစ်ပေါင်းတစ်စည်းတည်း လက်ခံရရှိထားပါတယ်။2018 Audi A5 Sportback ကို Trim Level သုံးမျိုး ခွဲခြားထုတ်လုပ်ထားပြီး အဆင့်အမြင့်ဆုံးကတော့ Prestige Trim ပဲ ဖြစ်ပါတယ်။
စက်စွမ်းရည်
Audi ရဲ့ အထင်ကရ Quattro လေးဘီးယက်စနစ်ကိုပဲ အသုံး ပြုထားတဲ့ A5 Sportback ကားသစ်ရဲTrim Level တိုင်းမှာ မြင်းကောင်ရေ ၂၅၂ ကောင်အား 2.0 Liter ဆလင်ဒါလေးလုံးထိုး Turbocharged အင်ဂျင်ကို Dual-Clutch Auto ဂီယာ ခုနစ်ချက်နဲ့ တွဲ ဖက် တပ်ဆင်ထားပါတယ်။ နာမည်ကျော် Quattro လေးဘီးယက်စနစ် က ကားရဲ့ ထိန်းချုပ်မောင်းနှင်နိုင်စွမ်းကို တိုးတက်စေပြီး တုံ့ပြန်အား လည်း ပိုကောင်းစေတာကြောင့် အရှိန်မြန်မြန်နဲ့ ချိုးကွေ့တဲ့အခါမျိုးမှာတောင် တည်တည်ငြိမ်ငြိမ်နဲ့ ယုံယုံကြည်ကြည် မောင်းနှင်အသုံးပြုနိုင် ပါတယ်။ ဒါ့ပြင် Audi Drive Select မောင်းနှင်မှုပုံစံ(Driving Mode) သုံးမျိုးပါဝင်တာကြောင့် ကားမောင်းသူစိတ်တိုင်းကျ ရွေးချယ်မောင်း နှင်နိုင်မှာပါ။ A5 Sportback ဟာ ၅ ဒသမ ၇ စက္ကန့်အတွင်းမှာ သုည မိုင်ကနေ တစ်နာရီ မိုင်ခြောက်ဆယ်နှုန်းရောက်အောင် အရှိန်မြှင့်တင် နိုင်ပါတယ်။ ကားရဲ့ မြို့တွင်းနဲ့ အဝေးပြေးလမ်း စုစုပေါင်းဆီစားနှုန်းက တော့ တစ်ဂါလန်ကို ၂၇ မိုင်နှုန်းဖြစ်ပါတယ်။
တည်ဆောက်ပုံ
အရင်က တံခါးနှစ်ပေါက်နဲ့ A5 ကားတွေလိုမဟုတ်ဘဲ တံခါးလေး ပေါက်အဖြစ် ဖန်တီးထားတဲ့ A5 Sportback ကားသစ်ဟာ Volkswagen ထုတ် MLB ပလက်ဖောင်းပေါ်မှာ တည်ဆောက်ထားတာဖြစ် ပြီး Audi S4 ကားကို အခြေခံထားပါတယ်။ Wheelbase (ကားရှေ့ ဘီးဝင်ရိုးနဲ့ နောက်ဘီးဝင်ရိုးကြား အကွာအဝေး)ပိုရှည်တဲ့ A5 Sportback ဟာ တံခါးနှစ်ပေါက် A5 Coupe လို ခပ်ခုံးခုံး ခေါင်မိုးကောက် ကြောင်းပုံစံနဲ့ ခပ်ဝပ်ဝပ်ကိုယ်ထည်အနေအထားကို ပိုင်ဆိုင်ထားပါတယ်။ A5 ရဲ့ ထင်ရှားပေါ်လွင်တဲ့ အထင်ကရ ကိုယ်ထည်ပုံစံမှာ ပြိုင်ကား ဆန်ဆန် ပေါ့ပါးသွက်လက်တဲ့ဟန်ကို ရောစပ်ထားတဲ့ A5 Sportback ဟာ A5 Coupe ထက် တံခါးနှစ်ပေါက်ပိုပါတာကြောင့် Wheelbase နဲ့ ခေါင်မိုးကောက်ကြောင်း ပိုရှည်လျားပေမဲ့ ကိုယ်ထည်ရဲ့ ဆွဲဆောင် နိုင်စွမ်းကတော့ လုံးဝလျော့ကျမသွားပါဘူး။ ကားကိုယ်ထည် အထက် ပိုင်းက လှိုင်းတွေလို ပေါ်လွင်ထင်ရှားတဲ့ အဝေ့အဝိုက်ကောက်ကြောင်းတွေ နဲ့ ထူးခြားလှပတဲ့ ကားဘီးခုံးတွေဟာ Audi ရဲ့Quattro လေးဘီး ယက်စနစ်သုံး A5 Sportback ရဲ့ မြင့်မားတဲ့ စွမ်းဆောင်ရည်ကို ပို ထင်ရှားသိသာစေပြီး ကားအနောက်ဘက်က ရေပြင်ညီကောက်ကြောင်း လိုင်းတွေကတော့ ကားကိုယ်ထည်ကို ဗြက်ပိုကျယ်သယောင် ထင်ရစေ ပါတယ်။ သွယ်လျလှပတဲ့ ကားဘေးဘက်ပုံစံနဲ့လိုက်ဖက်ညီတဲ့ Audi Sport 5 Double -spoke-star ဒီဇိုင်း ၁၈ လက်မအရွယ် ကားဘီးတွေ ကိုလည်း ရွေးချယ်ရရှိနိုင်ပါတယ်။ ကားဒီဇိုင်နာတွေရဲ့ အဆိုအရ A5 Sportback ရဲ့ အထူးခြားဆုံးဒီဇိုင်းအပြင်အဆင်တစ်ခုက ကားခေါင်မိုး ကောက်ကြောင်းလိုင်းပါပဲ။ ပေါင်မပါတဲ့ ကားတံခါးတွေကြောင့် ပိုနိမ့် သလို ထင်ရတဲ့ ကားခေါင်မိုးဟာ ကားကိုယ်ထည်ရဲ့ ခပ်ဝပ်ဝပ်ဟန်ကို ပိုပေါ်လွင်စေသလို ကားကိုလည်း ပြိုင်ကားဆန်တဲ့ ခေတ်မီ ဇိမ်ခံဆီဒန် ကားတစ်စီးအသွင် ပေါက်စေပါတယ်။ A5 Sportback ကားသစ်ရဲ့ အရှေ့နဲ့အနောက် ဆိုင်ထိန်းစနစ်ဟာ ပြိုင်ကားဆန်တဲ့ ပေါ့ပေါ့ပါးပါး မောင်းနှင်မှုအတွေ့အကြုံကိုရော ခရီးဝေးမောင်းရင်တောင် ဇိမ်ကျသက် သာစေတဲ့ အတွေ့အကြုံကိုပါ တစ်ပြိုင်နက်တည်း ပေးစွမ်းနိုင်ပါတယ်။ ဒါ့ပြင် ပေါ့ပါးတဲ့ ကိုယ်ထည်တည်ဆောက်ပုံနဲ့ Five-link ဆိုင်းထိန်းစနစ် အနေအထားတို့ကြောင့် အကောင်းဆုံးထိန်းသိမ်းမောင်းနှင်နိုင်မှုနဲ့ ဇိမ်ကျ သက်သာမှုတို့ကိုလည်း ရရှိစေပါတယ်။ အဲဒီအချက်တွေဟာ A5 Sportback ကို သူ့လို အတန်းအစားကားတွေထဲမှာ ထိန်းသိမ်းမောင်းနှင်ဖို့ အကောင်းဆုံးနဲ့ အပေါ့ပါး အဖျတ်လတ်ဆုံးကားမိုဒယ်တွေထဲက တစ်စီး ဖြစ်စေခဲ့ပါတယ်။
အတွင်းခန်း
A5 Sportback ရဲ့ လေးယောက်စီး ကားအတွင်းခန်းမှာတော့ Sunroof ခေါင်မိုးနဲ့ ဇိမ်ခံ ပစ္စည်းအသုံးအဆောင် အစုံအလင်ပါဝင်ပြီး ကားမောင်းသူနဲ့ လိုက်ပါစီးနင်းမယ့် ခရီးသည် တွေအတွက် အကောင်းဆုံးအတွင်းခန်းပတ်ဝန်းကျင် ရရှိအောင် ဖန်တီး ထားပါတယ်။ ဒါ့ပြင် ကားနောက်ခန်းထိုင်ခုံတွေကို ခေါက်လိုက်မယ် ဆိုရင်လည်း ကားနောက်ဖုံးထဲက ပစ္စည်းထားစရာနေရာကို ပိုကျယ် ဝန်းစေပါတယ်။ A5 Coupe နဲ့ ခပ်ဆင်ဆင်တူတဲ့ အတွင်းခန်းမှာ ဆန်းသစ်လှပတဲ့ ခပ်သွယ်သွယ် ကားဒက်ရှ်ဘုတ်ပုံစံက အမြင်အာရုံကို ဖမ်းစားနိုင်သလို ကားနောက်ခန်းနေရာဟာလည်း အရွယ်အလတ်စား ဆီဒန်ကားတစ်စီးအတွက် သင့်လျော်တဲ့ အကျယ်အဝန်းမျိုး ရှိပါတယ်။ ကားအတွင်းမှာ အပူပေးနိုင်တဲ့ ကားရှေ့ခန်း ထိုင်ခုံတွေ၊ ခုနစ်လက်မ အရွယ် ရောင်စုံဖန်သားပြင်နဲ့ ချိတ်ဆက်ထားတဲ့ နောက်ကြည့်ကင်မရာ (Rear View Camera)၊ MMI Navigation Plus လမ်းကြောင်းပြစနစ်နဲ့ စပီကာ ၁၉ လုံးပါ ၇၅၅ ဝပ်အား Bang & Olufsen အသံစနစ်တို့လို ခေတ်မီအဆင့်မြင့်တဲ့ နည်းပညာနဲ့ ကားတွင်း အသုံးအဆောင်ပစ္စည်း တွေကို အပြည့်အစုံ ထည့်သွင်းတပ်ဆင်ပေးထားပါတယ်။ Trim Level အပေါ်မူတည်ပြီး ပါဝင်တဲ့ နည်းပညာပစ္စည်းတွေလည်း အနည်းအကျဉ်း ကွဲပြားမှုရှိပါတယ်။
ဈေးနှုန်းနှင့် ပြိုင်ဘက်
၂၀၁၈ မိုဒယ် Audi A5 Sportback ဇိမ်ခံကားသစ်ရဲ့ ဈေးကို Trim Level အလိုက် ခွဲခြားသတ်မှတ်ထားတာကြောင့် အခြေခံမိုဒယ် လို့ဆိုရမယ့် A5 Sportback Premium ရဲ့ ဈေးက အမေရိကန်ဒေါ်လာ ၄၂,၆၀ဝ နဲ့အထက် ဖြစ်ပါတယ်။ အဆင့်အမြင့်ဆုံးလို့ဆိုရမယ့် ဗ၅ ှစသမအဘခေု ဏမနျအငါန ွှမငာ ရဲ့ ဈေးကိုတော့ ဒေါ်လာ ၅၀,၂၀ဝ နဲ့ အထက် သတ်မှတ်ထားပါတယ်။ အရွယ်အလတ်စား ဇိမ်ခံကားဈေးကွက် မှာ Audi A5 Sportback နဲ့ အဓိကပြိုင်ဘက်ဖြစ်လာ မှာကတော့ BMW 3 Series GT နဲ့ Mercedes CLA Shooting Brake တို့ပါပဲ။