2017 Peugeot 5008 SUV

846

ပြင်သစ်အခြေစိုက် ကမ္ဘာကျော် Peugeot  ၏ ၂ဝ၁၇ မိုဒယ်(Latest Model) ဖြစ်သည့် Peugeot 5008 SUV သည် SUV ကိုသာ ချစ်မြတ်နိုးသော ကားချစ်သူများအတွက် ရင်သပ်ရှုမောဖွယ်ရာ အလှတရားများ၊ ပြီးပြည့်စုံသည့် ပါဝင်မှုများ၊ ယုံကြည်စိတ်ချနိုင်သည့် လုံခြုံရေးနှင့် ထောက်ပံ့မှု နည်းပညာများ၊ Performance အထူးကောင်းမွန်သည့် အင်ဂျင်စနစ် အစရှိသည့် စိတ်ဝင်စားဖွယ်ရာများဖြင့် ဖန်တီးထားသည့်ကား ဖြစ်သည်။ ထိုသို့ တန်းမြင့် SUV တစ်မျိုးဖြစ်သည့် 2017 Peugeot 5008 ကို ယခုတစ်ပတ် Brand New က@တွင် စာဖတ်ပရိသတ်များအတွက် မိတ်ဆက်ရေးသားလိုက်ပါသည်။

အပြင်ပိုင်း အပြင်အဆင်

2017 Peugeot 5008 SUV ၏ အပြင်ဘက်မှာ လှပခံ့ညားမှုရှိပြီး များစွာ ခေတ်ဆန်သည့် ဒီဇိုင်းပုံစံဖြင့် ထူးခြားစွာ ဖန်တီးထားပါသည်။ ကားဘော်ဒီကို လေခွင်းအား ကောင်းစွာ တုံ့ပြန်နိုင်သည့် Aerodynamic ဒီဇိုင်း ပြုလုပ်ထား၍ လမ်းမထက်မှာ လျင်မြန်စွာ မောင်းနှင်နိုင်မည် ဖြစ်သည်။ အရှေ့ဘက်ရှဲလ်(Grille) ဒီဇိုင်းကို များစွာဝင့်ကြွားသည့်ပုံစံ တွေ့မြင်ရမည်ဖြစ်ပြီး Xenon Headlamp နှစ်လုံးစီပါဝင်သည့် ရှေ့မီးကြီးများကိုလည်း လှပစွာ ပုံဖော်ထားမည်ဖြစ်ကာ LED Daytime Running Light များလည်း တွေ့မြင်ရမည် ဖြစ်သည်။ ထို့အတူ နှင်းခွဲမီးများလည်း တပ်ဆင်ထားပါသည်။ ကားဘေးဘက်တွင် Keyless Entry ၊ Ignition များ တပ်ဆင်ထားသည့် တံခါးများ၊ လှပသည့် မှန်ပြတင်းပေါက် ဒီဇိုင်းများနှင့် Chrome ဖြင့် ဖန်တီးထားသည့် Roofrail တို့ကို တွေ့မြင်ရမည်ဖြစ်ပြီး ကားအနောက်ဘက်ပုံစံကိုလည်း အလွန်လန်းသည့်ဒီဇိုင်းဖြင့် တွေ့မြင်ရပါမည်။ 5008 Brake Lamb များ ပါဝင်ပြီး မီးဒီဇိုင်းကို Peugeot ၏ မူပိုင်ဖြစ်သည့် ခြသေင့်္လက်သည်း(Lion Claw) သကေင်္တအဖြစ် ဖန်တီးထားမည်ဖြစ်၍ ဝယ်ယူသူများ အထူးနှစ်သက်မည်ဟု ယုံကြည်ပါသည်။ ထို့အတူ ယင်း၏ နောက်ဖုံး(Tailgate) သည် Hands-Free စနစ်ဖြစ်၍ အထူးလွယ်ကူစွာ အသုံးပြုနိုင်မည် ဖြစ်သည်။

အတွင်းခန်း အပြင်အဆင်

2017 Peugeot 5008 SUV သည် ခရီးသည် ခုနစ်ဦး စီးနင်းနိုင်သည့် ကားအမျိုးအစားဖြစ်ပြီး အတွင်းခန်းကို အထူးလှပသေသပ်ကျနစွာ ဖန်တီးထားပါသည်။ ထိုင်ခုံများမှာ သားရေထိုင်ခုံများဖြစ်ပြီး Premium Leather အမျိုးအစား ရေမွှေးဖြင့် အထူးတလည် ပေါင်းခံပြုလုပ်ထား၍ အသုံးပြုသူများ အထူးနှစ်သက်မည် ဖြစ်သည်။ ထို့ပြင် အရွယ်ရောက်ပြီး ခရီးသည် ခုနစ်ဦး အဆင်ပြေစွာ စီးနင်းနိုင်မည့် အနေအထားများ ပါရှိမည်ဖြစ်ပြီး အရှေ့ဘက် ထိုင်ခုံနှစ်လုံး၌ အပူပေးစနစ်နှင့် နှိပ်နယ်ခြင်း (Massage) တို့ ပါရှိမည် ဖြစ်ရာ ခရီးဝေးသွားလာရာတွင် အသုံးပြုသူအတွက် လွန်စွာသက်သောင့်သက်သာ ရှိမည် ဖြစ်သည်။

အတွင်းခန်းအတွက် အဓိက ဖြစ်သော ဒက်ရှ်ဘုတ် ဧရိယာတစ်ဝိုက်ကို ဆန်းသစ်သည့် ဒီဇိုင်းပုံစံဖြင့် ဖန်တီးထားပါသည်။ မီတာဒိုင်ခွက်အုံသည် Digital Cluster အမျိုးအစားဖြစ်ပြီး မတူညီသည့်ဒီဇိုင်းငါးမျိုး ပြောင်းလဲနိုင်သည့် နည်းပညာပါရှိ၍ အလွန်ထူးခြားသည့် ဖန်တီးမှုဟု ဆိုရမည် ဖြစ်သည်။ ထို့အတူ စတီယာရင်၌လည်း ထိန်းချုပ်ခလုတ်များစွာ ပါရှိပါမည်။ ဘေးဘက်ရှိ ရှစ်လက်မ Touch Screen မှ ထိန်းချုပ်မှုများကို လျင်မြန်စွာ ပြုလုပ်နိုင်ပြီး ဒက်ရှ်ဘုတ်ရှိ ခလုတ်များကို စန္ဒရားခလုတ်ဒီဇိုင်း (Piano Swift) ဖန်တီးထား၍ သုခုမဟန်ပန်ကို ခံစားတွေ့မြင်နိုင်ပါမည်။ ထို့အတူ Center Console ဒီဇိုင်းကို သေသပ်စွာဖန်တီးထားမည်ဖြစ်ပြီး Hill Descent Control နှင့် သNormal/Snow/Mud/Sand ဟူ၍ အနေအထား လေးမျိုး ပြောင်းနိုင်သည့် Advanced Grip Control ခလုတ်များလည်း တပ်ဆင်ထားမည်ဖြစ်သည်။

အတွင်းခန်းတွင် အဓိကပါဝင်သည့် လုပ်ဆောင်ချက်များမှာ Panoramic View Sunroof ၊ USB/Bluetooth/Wireless Charger ၊ Fragrance ခေါ် ရေမွှေးနံ့ပေးခြင်းစနစ်(ယင်းစနစ်တွင် (၁) Harmony Wood ၊ (၂) Cosmic Cuir ၊ (၃) Aerodrive ဟူ၍ ရနံ့သုံးမျိုးပါရှိပါမည်)၊ စပီကာကိုးလုံးပါရှိသည့် Focal Hi-Fi Sound System ၊ I-Cockpit System(ယင်းစနစ်တွင် Relax နှင့် Boost ဟူ၍ အတွင်းခန်း ခံစားမှု စတိုင်လ်နှစ်မျိုး ပြုလုပ်ပေးမည်ဖြစ် သည်) စသည်တို့ကို စုံလင်စွာ ထည့်သွင်းထားပါသည်။

အင်ဂျင်နှင့် ဂီယာစနစ်

2017 Peugeot 5008 SUV တွင် အင်ဂျင်အနေဖြင့် 1.6 L THP Turbo High Pressure I4 ဓာတ်ဆီအင်ဂျင်နှင့် 6 Speed Auto Gearbox တို့ကို တွဲဖက်တပ်ဆင်ထားပါမည်။ အဆိုပါ Gearbox သည် Auto/Manual တွဲဖက် အသုံးပြုနိုင်မည်ဖြစ်ပြီး Sport နှင့် Normal Mode တို့ လည်း ပါဝင်မည့် Electronic Gearbox အမျိုးအစားဖြစ်သည်။

လုံခြုံရေးပါဝင်မှုများ

2017 Peugeot 5008 SUV သည် တန်းမြင့် လုံခြုံရေးအဆင့်ရှိသည့်ကားဖြစ်ပြီး ခေတ်မီနည်းပညာသုံး လုံခြုံရေးပါဝင်မှုများစွာ ပါရှိပါမည်။ အဓိကပါဝင်သည့် Safety Feature များမှာ အသက်ကယ်လေအိတ် ခြောက်လုံး၊ Active Brake System ၊ Blind Spot Monitor ၊ LDWS ၊ Adaptive Crusie Control ၊ အရှေ့နှင့် အနောက်မြင်ကွင်းကြည့် ကင်မရာများ၊ Driver Attention Warning ၊ Recommend Speed Display စသည်တို့ ပါဝင်ကြပါမည်။

စျေးနှုန်းနှင့် ဝန်ဆောင်မှုများ

2017 Peugeot 5008 SUV ကို အမေရိကန်ဒေါ်လာ ၇၈,၅ဝဝ ဝန်းကျင်ဖြစ်ပြီး ဝန်ဆောင်မှုအနေဖြင့် သုံးနှစ်၊ သို့မဟုတ် ကီလိုမီတာ တစ်သိန်းကို Peugeot Myanmar မှ သတ်မှတ်ရောင်းချပေးမည်ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here