ကမ္ဘာကျော်ဇိမ်ခံကားကုမ္ပဏီ Bentley ဟာ အဆင့်အမြင့်ဆုံး ဂန္ထဝင်ဇိမ်ခံကားတွေကို ထုတ်လုပ်နေသလို တစ်ဖက်မှာလည်း သူ့ဖောက်သည် ပြိုင်ကားချစ်သူတွေ အတွက် ဇိမ်ခံပြိုင်ကားတွေကို ထုတ်လုပ်ဈေးကွက်တင် နေပါတယ်။ နောက်ဆုံးပေါ် ၂၀၁၇ မိုဒယ်အဖြစ် အသစ်ဖန်တီးလိုက်တဲ့ Continental Supersports ကတော့ အဆင့်မြင့်ဇိမ်ကျသက်သာမှုကိုရော ပြိုင်ကား ဆန်မှုကိုပါ တစ်ပြိုင်နက်တည်း ခံစားရရှိစေမှာပါ။ လက်ရှိ Bentley Continental မိုဒယ်ရဲ့ အောက်ခံ ထည်ပေါ်မှာပဲ အခြေခံတည်ဆောက်ထားတဲ့ Supersports ဟာ ကိုယ်ထည်ခမ်းနားလှပမှုနဲ့ အရှိန်အဟုန် ကို လိုက်ဖက်ညီအောင် ဖန်တီးထားပြီး ဇိမ်အကျဆုံး လိုက်ပါစီးနင်းအောင်လည်း စီမံပေးထားပါတယ်။ 2017 Continental Supersports ကားသစ်ကို Coupe ကိုယ်ထည်ပုံစံရော အမိုးဖွင့်ကိုယ်ထည်ပုံစံနဲ့ ပါ ရရှိနိုင်ပါတယ်။ ၁၃ နှစ်သက်တမ်းမှာ အဆင့်ဆင့် ထပ်တိုးမွမ်းမံလာခဲ့တ Continental မိုဒယ်ရဲ့ ဗားရှင်း သစ်တစ်ခုလို့ဆိုရမယ့် Continental Supersports ကားသစ်ဟာ ကမ္ဘာ့အလျင်မြန်ဆုံး လေးယောက်စီး ပြိုင်ကားဖြစ်ပြီး ကုမ္ပဏီရဲ့ သမိုင်းကြောင်းမှာလည်း အလျင်မြန်ဆုံး လမ်းပေါ်မောင်း Bentley ကားမိုဒယ် လို့ ဆိုနိုင်ပါတယ်။ တံခါးနှစ်ပေါက်နဲ့ လေးယောက်စီး ဇိမ်ခံပြိုင်ကားသစ် 2017 Bentley Continental Supersports ကို စုစုပေါင်းအစီးရေ ၇၁၀ ထုတ်လုပ် သွားမှာဖြစ်ပြီး အစီးရေ ၂၅၀ ကိုတော့ Bentley ရဲ့ အကြီးဆုံးဈေးကွက်ဖြစ်တဲ့ အမေရိကန်ဈေးကွက်ဆီ တင်ပို့ရောင်းချသွားမှာဖြစ်သလို ကားရဲ့ဈေးနှုန်းက တော့ ကိုယ်ထည်ပုံစံအပေါ်မူတည်လို့ ကွဲပြားသွားမှာ ပါ။ Coupe ကိုယ်ထည်နဲ့ Supersports ဆိုရင် အမေရိကန်ဒေါ်လာ ၂၉၇,၂၀ဝ နဲ့အထက်ဖြစ်ပြီး Coupe မိုဒယ်နောက်မှ ၂၀၁၈ မိုဒယ်အဖြစ် ရောက်ရှိ လာမယ့် Supersports အမိုးဖွင့်ဗားရှင်းရဲ့ ဈေးက တော့ ဒေါ်လာ ၃၂၆,၉၀ဝ နဲ့အထက် ဖြစ်ပါတယ်။
တံခါးနှစ်ပေါက်နဲ့ ဇိမ်ခံပြိုင်ကားသစ် Continental Supersports ကို ထင်ရှားပေါ်လွင်တဲ့ ကိုယ် ထည်အပြင်အဆင်တွေနဲ့ ကာဗွန်ဖိုင်ဘာသားတွေ အဓိကအသားပေးဖန်တီးထားတာကြောင့် ဘယ်နေရာ ကနေ ကြည့်ကြည့် စူပါပြိုင်ကားတစ်စီးရဲ့ ရုပ်ထွက်မျိုး ပေါက်နေစေပါတယ်။ ကာဗွန်ဖိုင်ဘာသား Splitter တွေ ပါဝင်တဲ့ ကားရှေ့မျက်နှာစာက ဘမ်ပါ၊ ကာဗွန် ဖိုင်ဘာသား Diffuser တွေနဲ့ ကားအနောက်ဘမ်ပါ Design သစ်၊ ကားစက်ဖုံးပေါ်က ကာဗွန်ဖိုင်ဘာသားတွေ နဲ့ပဲ ဖန်တီးထားတဲ့ လေစုပ်ပေါက်တွေ၊ အနက်ရောင် ပြောင်လက်နေတဲ့ အရှေ့ဘက်တောင်ပံလေစုပ်ပေါက် တွေ၊ အနက်ရောင်ဆန်ခါကွက် ရှဲလ်(Grille)၊ အရွယ် အစားကြီးမားတဲ့ ရိုင်ဖယ်ပြောင်းဝပုံစံ အိပ်ဇောပိုက်၊ အသစ်ဖန်တီးထားတဲ့ Side Sill နဲ့ ၂၁ လက်မအရွယ် အနက်ရောင် အလွိုင်းဘီးတွေကို သစ်လွင်လှပစွာ တွေ့မြင်နိုင်ပါတယ်။ ဒါ့ပြင် လေခွင်းအားကို ညီညွှတ် မျှတအောင် ဖန်တီးပေးမယ့် အနောက်ဘက် လေပင့် အားထိန်း တောင်ပံကိုလည်း ထပ်တိုးတပ်ဆင်နိုင်ပြီး တိုက်တေနီယမ်အိပ်ဇောစနစ်ကိုလည်း ရွေးချယ်နိုင်ပါ တယ်။ ထင်ရှားပေါ်လွင်တဲ့ ကားအရှေ့နဲ့ အနောက်ဘမ် ပါက ကာဗွန်ဖိုင်ဘာသား ဒီဇိုင်းအပြင်အဆင်တွေတင် မကဘဲ ကားအရှေ့နဲ့ အနောက်မီးတွေ၊ ကားတံခါး ပေါင်နဲ့ ကားတံခါးလက်ကိုင်တွေဟာလည်း ကားကိုယ် ထည်ရဲ့ တိပသေသပ်လှပမှုကို ပိုပြီး ပေါ်လွင်စေပါ တယ်။ နက်မှောင်တဲ့ အိပ်ဇောပိုက်တွေနဲ့ အတောင်ပံ လေစုပ်ပေါက်တွေကတော့ ကားကိုယ်ထည်ကို ပြိုင် ကားဆန်ဆန် ခံ့ညားလှပစေပါတယ်။ ကားကိုယ်ထည် အလှကို ပိုပြီးပြည့်စုံစေတဲ့ အရောင်မှိုင်းမှိုင်း အရှေ့နဲ့ အနောက် ကားမီးအုံတွေ၊ ပေါ့ပါးတဲ့ ၂၁ လက်မအရွယ် Bright Lightweight Forged Sports ဘီးတွေနဲ့ အရှေ့မျက်နှာစာက နက်မှောင်တဲ့ Radiator Matrix ရှဲလ်တို့ဟာ W12 အင်ဂျင်တပ် Continental မိုဒယ် အတွက်တော့ ပထမဆုံးရရှိနိုင်တဲ့ ဒီဇိုင်းအပြင်အဆင် တွေပဲ ဖြစ်ပါတယ်။ ကားကိုယ်ထည်မှာ Supersports ဆိုတဲ့ တံဆိပ်ပြား ခတ်နှိပ်တပ်ဆင်ထားတာကလည်း တခြား Continental မိုဒယ်တွေနဲ့မတူတဲ့ Continental Supersports ကားသစ်ရဲ့ ထူးခြားချက်တစ်ခု ဖြစ်ပါတယ်။ အထူးခြားဆုံးကတော့ အရောင်အမျိုးမျိုး ရွေးချယ်နိုင်တာပဲဖြစ်ပြီး အရောင်တွေ ရောစပ်ဆေး ခြယ်နိုင်သလို Supersports ရဲ့ ကိုယ်ထည်ကို ဝယ် သူစိတ်ကြိုက် ဒီဇိုင်းမွမ်းမံနိုင်ပါတယ်။ Supersports မှာ X Specification Package ကို ထပ်တိုးရွေးချယ် မယ်ဆိုရင် နှစ်ရောင်စပ် ကိုယ်ထည်အရောင်ရှစ်မျိုးကို ရွေးချယ်နိုင်မှာဖြစ်သလို တိုက်တေနီယမ် အိပ်ဇော ပိုက်နဲ့ ကာဗွန်ဖိုင်ဘာသား အပြင်အဆင်သစ်တွေလည်း ထပ်မံပါဝင်လာမှာပါ။ အမိုးဖွင့်ကားကို ရာသီမရွေးစီးလို့ အဆင်ပြေအောင် ဖန်တီးပေးထားပြီး အလွှာ လေး ထပ်ပါတဲ့ အမိုးပါဝင်တာကြောင့် ဆောင်းတွင်းမှာ နွေး ထွေးမှုပေးနိုင်သလို ပူနွေးတဲ့ ရာသီဥတုမှာ အမိုးပိတ်စီး ရင်လည်း ရှေ့ထိုင်ခုံမှာ ပါဝင်တဲ့ အသံတိတ်ပန်ကာလေး တွေက ကျောမှီနဲ့ ကူရှင်က အပူတွေကို စွန့်ထုတ်ပေးတဲ့ အတွက် အေးမြမှုရစေပါတယ်။
ပုံသေ လေးဘီးယက်စနစ်သုံး Bentley Continental Supersports မှာ Bentley ရဲ့ စွမ်းအား အပြည့်ဝဆုံး 6.0 Liter W12 Turbocharged အင်ဂျင် တပ်ဆင်ထားပြီး မြင်းကောင်ရေ ခုနစ်ရာအားအထိ ထုတ်လုပ်ပေးနိုင်တာကြောင့် အရင်ထက် မြင်းကောင် ရေ ၇၉ ကောင်အား ပိုတိုးလာပါတယ်။ အင်ဂျင်က ထုတ်လုပ်ပေးလိုက်တဲ့ စွမ်းအင်တွေကိုတော့ Quickshift ပါဝင်တဲ့ ZF Auto ဂီယာရှစ်ချက်ကနေတစ် ဆင့် ကားဘီးလေးဘီးဆီ ပို့လွှတ်မောင်းနှင်စေမှာဖြစ် ပြီး စွမ်းအင်ရဲ့ ၆၀ ရာခိုင်နှုန်းက ကားနောက်ဘီးတွေဆီ ရောက်ရှိသွားမှာပါ။ စွမ်းဆောင်ရည်ကို အသားပေးပြီး အချိုးအကွေ့တွေမှာ တုံ့ပြန်မှုလျင်မြန်အောင်လည်း ဖန်တီးထားတဲ့ Superspots ရဲ့ အမြင့်ဆုံးအမြန်နှုန်း က တစ်နာရီကို ၂၀၅ မိုင်ဖြစ်ပြီး ၃ ဒသမ ၇ စက္ကန့် အတွင်းမှာ သုညမိုင်ကနေ တစ်နာရီ မိုင်ခြောက်ဆယ် နှုန်းရောက်အောင် အရှိန်မြှင့်တင်နိုင်ပါတယ်။ အရည် အသွေးမြင့်မားတဲ့ Turbocharger တွေနဲ့ Aircon Cooling System တို့က အင်ဂျင်ရဲ့ စွမ်းရည်ကို ပိုတိုးစေ သလို တိုက်တေနီယမ် အိပ်ဇောစနစ်ကလည်း အင်ဂျင် သံကို ပိုအားကောင်းစေတာကြောင့် စူပါပြိုင်ကားတစ်စီး အဖြစ် သိသာပေါ်လွင်စေပါတယ်။ ဒါ့ပြင် ကားထိုင်ခုံ နောက်မှီတွေနဲ့ ကားဒက်ရှ်ဘုတ်မှာ Supersports အမှတ်တံဆိပ်စာတန်းတွေ ခတ်နှိပ်တပ်ဆင်ထားတဲ့ Alcantara ထိုင်ခုံတွေနဲ့ သုံးရောင်စပ် အတွင်းခန်းဒီဇိုင်း ကလည်း Continental ကားမိုဒယ်သစ်အတွက်တော့ ပထမဆုံးအပြင်အဆင်ပဲ ဖြစ်ပါတယ်။